MYEO-01

လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔

တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype) လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား​။  မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice) မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ​။ လူမှုအသိုင်းအဝိုင်းမှ […]

လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔 Read More »

လူမှုသဟဇာတ ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ🎨

အရှေ့မှာ လူမှုသဟဇာတဖြစ်မှုအကြောင်း လေ့လာပြီးသွားကြပြီဆိုတော့ ဒီတစ်ခါလေ့လာရမှာက “လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ” ပဲဖြစ်ပါတယ်​။ ဒီခေါင်းစဉ်ကိုမလေ့လာခင် “လူမှုသဟဇာတဖြစ်ခြင်းဆိုတာဘာလဲ” ကို အရင်ပြန်နွှေးလိုက်ရအောင်ပါ ​။ လူမှုသဟဇာတဖြစ်ခြင်းဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး ဒါမှမဟုတ် လူမှုအဖွဲ့အစည်းအချင်းချင်းကြား သဟဇာတဖြစ်တာ၊ အေးအတူပူအမျှရှိနေတာကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်နေရာထဲမှာ နေထိုင်ကြတဲ့လူတွေကို အတူတကွတစ်သားထဲဖြစ်အောင် ပေါင်းစည်းပေးတဲ့ ကော်လို့လည်းပြောကြပါတယ်။ အဲ့ဒီကော်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”လို့ ခေါ်ကြတာပေါ့။ ကဲ ဒါဆို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”ထဲမှာ ဘာတွေပါသလဲ ကြည့်လိုက်ရအောင်။  လူမှုသဟဇာတဖြစ်ဖို့အတွက်ဆို သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အချက်တွေကို သိထားဖို့လိုပါတယ်။ သဟဇာတဖြစ်ဖို့အတွက်ဆို အချက်(၄)ချက်ရှိပါတယ်။ လူမှုသဟဇာတဖြစ်ခြင်း၏အစိတ်အပိုင်းများ လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများထဲမှာ ပါတဲ့အစိတ်အပိုင်း လေးခုကို သေချာ လေ့လာခဲ့ပြီးသွားပြီဆိုတော့ လူမှုသဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးရာမှာ မိမိကိုယ်တိုင်ကစပြီး ဘာတွေဘယ်လိုပြင်ဆင်ဖို့လိုတယ်ဆိုတာ ‌ကောင်းကောင်းမြင်တတ်သွားပြီလို့ယုံကြည်ပါတယ်။

လူမှုသဟဇာတ ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ🎨 Read More »

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စု 🫂

လူမှုအုပ်စု (Social Group) နဲ့ လူမှုအသိုင်းအဝိုင်း (Society) ဆိုတဲ့ နှစ်ခုက ဘာတွေ ကွာခြားလဲဆိုတာ တွေးကြည့်ဖူးပါသလား? လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စုဆိုတာ ဘာလဲ။ လူမှုအုပ်စု (Social Group) ဆင်တူတဲ့ ဝိသေသလက္ခဏာ (Characteristics) တွေကို မျှဝေပြီး စည်းလုံးမှု ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက် ပိုတဲ့ လူတွေကို လူမှုအုပ်စုဆိုပြီး ခေါ်ပါတယ်။  ဒါဆိုရင် Social Group လို့ ခေါ်တဲ့ လူမှုအုပ်စုတွေက ဘယ်လို ဝိသေသလက္ခဏာတွေကို မျှဝေတတ်ကြလဲ​။ များသောအားဖြင့် –  ဒီလို လူမှုအုပ်စု (Social Group) တွေမှာလည်း အမျိုးအစား (၂) မျိုး ရှိပါတယ်။  နောက်ထပ် အမျိုးအစား

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စု 🫂 Read More »

လူမှု သဟဇာတဖြစ်မှု (Social Cohesion) 🤔

Social Cohesion ဆိုတာ ဘာလဲ? စည်းလုံးညီညွတ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်းကို သိရှိထားဖို့ မဖြစ်မနေ လိုပါတယ်​။  Social ဆိုတာ လူမှုရေး၊ Cohesion ဆိုတာ သဟဇာတဖြစ်မှု၊ Social Cohesion ဆိုတာကတော့ လူမှုအစုအဖွဲ့၊ လူမှုအသိုင်းအဝိုင်းက လူတွေအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိအောင် သွေးစည်းအောင် ပြုလုပ်တာလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။ လူမှုသဟဇာတ ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ်နေထိုင်ရာ အသိုက်အဝန်းမှာလည်း အရေးပါပါတယ်​။ မတူကွဲပြားမှုကို လေးစားလက်ခံပြီး Synergy လို့ ခေါ်တဲ့ ညီညွတ်ခြင်းရဲ့ ခွန်အားကို ရှာဖွေတတ်ဖို့၊ လူအချင်းချင်း

လူမှု သဟဇာတဖြစ်မှု (Social Cohesion) 🤔 Read More »

အေးချမ်းစွာယှဉ်တွဲနေထိုင်ရန် ပါဝင်ရမည့် အခန်းကဏ္ဍများ🕊️

အေးချမ်းစွာယှဉ်တွဲ နေထိုင်ရေးရဲ့ အခန်းကဏ္ဍများမှာ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အချက်များကို အခြေခံထားတာကြောင့် မိမိကိုယ်ကို သိရှိခြင်း၊ တန်းတူညီမျှမှု၊ သဟဇာတဖြစ်မှုနှင့် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည် စတဲ့ အရည်အသွေးသုံးခုကို ရှင်းလင်းပြောပြပါ့မယ်။  မိမိကိုယ်ကို သိမြင်ခြင်း အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းရဲ့ အရေးကြီးတဲ့ အခြေခံ လုပ်ငန်းစဉ်တစ်တခုက မိမိကိုယ်မိမိ ဦးစွာပထမ သိမြင်ခြင်းဖြစ်ပါတယ်။ မိမိရဲ့ မိသားစု မျိုးရိုး၊ လူမျိုး၊ အသိုင်းအဝိုင်း၊ အသားအရောင်၊ လိင်၊ မိသားစု အခြေအနေ ၊ မိမိရဲ့ အားနည်းချက်၊ အားသာချက် စသည်များကို လက်ခံ ယုံကြည်မှု အပြည့်အဝရှိမှသာ အခြေခံကြပြီး အေးချမ်းတဲ့လူမှုပတ်ဝန်းကျင်ကို စောဦးစွာရရှိမှာ ဖြစ်ပါတယ်။ ပဋိပက္ခစတင်ဖြစ်ပွါးမှုများမှာ ဝိသေသလက္ခဏာအပေါ် တိုက်ခိုက်ခြင်းက အစပြုတာကြောင့် အထက်ပါ အချင်းအရာများကိုပဲ အရှိကို အရှိအတိုင်း

အေးချမ်းစွာယှဉ်တွဲနေထိုင်ရန် ပါဝင်ရမည့် အခန်းကဏ္ဍများ🕊️ Read More »

အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကိုအတားအဆီးဖြစ်စေသော အကြမ်းဖက်မှုများ😈

အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လေ့လာရာမှာ သုတေသနပညာရှင် ဂျွန်ဂါလ်တန်ရဲ့ ပြုစုချက် များအပေါ်မှာ အခြေခံထားတဲ့ အကြမ်းဖက်မှုပုံစံများကို လေ့လာသိရှိသင့်ပါတယ်။ ၎င်းရဲ့ ပြုစုချက်များကတော့ တိုက်ရိုက်အကြမ်းဖက်မှု၊ လူ့ဘောင် အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများအကြောင်းကို အောက်မှာ ဖော်ပြထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှု(Direct Violence) တိုက်ရိုက်အကြမ်းဖက်မှုဆိုတာကတော့ တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စုံတစ်ခုအပေါ်တွင် ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်ခြင်းကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် လူများကိုရိုက်နှက် ပစ်ခတ်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းများ ဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်မှုပုံစံက မြင်သာပြီး တွေ့မြင်ရလွယ်တဲ့ ပုံစံဖြစ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုများ ဖြစ်ပွါးရင် လူတို့အနေနဲ့ ဘယ်သူက ဘယ်သူ့ကို ရန်ပြုနေတယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အကြမ်းဖက်မှုများကတော့ တခြားအကြမ်းဖက်မှုပုံစံ နှစ်မျိုးနဲ့ မတူဘဲ

အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကိုအတားအဆီးဖြစ်စေသော အကြမ်းဖက်မှုများ😈 Read More »

အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း🫂

“အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း” ဆိုတာကတော့ လူမှုတန်းတူညီမျှမှုကိုတန်ဖိုးထားခြင်း၊ သဟဇာတ မျှတစွာနေထိုင်ခြင်း နဲ့ ပဋိပက္ခ ဖြစ်လာရင် အတူတကွပူးပေါင်းဖြေရှင်းနိုင်တဲ့ ပတ်ဝန်ကျင်းကောင်းတစ်ခု ပိုင်ဆိုင်ထားတာကို ဆိုလိုပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုရင် ကျား-မ၊ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား၊ လူကြီး-လူငယ်များ ခွဲခြားမှုမရှိဘဲ ရပ်ရွာဒေသအသီးသီးကလူများ၊ တာဝန်ရှိသူများ အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းဟာ တစ်ရက်၊ တစ်လ၊ တစ်နှစ် ပြုလုပ် ရုံမျှဖြင့် ပြီးမြောက်အောင်မြင်သွာတာမျိုးမဟုတ်ဘဲ ကာလရှည်၊ စွဲမြဲစွာပြုလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ပဋိပက္ခကနေ အတူတကွယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေအနေ အနေအထားကို ကူးပြောင်းနိုင်ဖို့  အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းနဲ့ သက်ဆိုင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်းအပြင် စံတန်ဖိုးထားမှုများ အားကောင်းလာအောင် အားပေးပျိုးထောင်ပေး ဖို့လိုအပ်ပါတယ်။  အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို လေ့လာတဲ့အခါ ပဋိပက္ခကို ထိတွေ့ကိုင်တွယ်ရခြင်း၊ ဆန့်ကျင်ဘက်အမြင် ရှူ့ထောင့်များနှင့် ပြင်းထန်တဲ့

အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း🫂 Read More »

LinkedIn

What is Linkedin? LinkedIn is an American business and employment-oriented online service that operates via websites and mobile apps. Launched on May 5, 2003, the platform is primarily used for professional networking and career development, and allows job seekers to post their CVs and employers to post jobs. What is LinkedIn mainly used for? LinkedIn

LinkedIn Read More »