MYEO-06

The Joint Japan/World Bank Graduate Scholarship Program

Type : Fully Funded Description : U.S, Europe, Africa, Oceania and Japanနိုင်ငံများတွင် ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့်စွမ်းရည်မြှင့်တင်ရေးအတွက်မြှင့်တင်ရန် ရည်ရွယ်သော လူငယ်Resaerchers များအားလုံးလျှောက်ထားနိုင်သော Master’s degree level fully-funded ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်သည်။၂၀၂၁ လျှောက်လွှာကို၂၀၂၁၊ မေလ ၂၁ ရက်တွင်ပိတ်သိမ်းပါမည်။ Available Fields Education, Economic development Human resources Capacity building Duration : 2 years  Eligibility : လျှောက်ထားသူများသည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သောဖွံ့ဖြိုးဆဲနိုင်ငံ၏နိုင်ငံသားဖြစ်ရမည်။ မည်သည့်ဖွံ့ဖြိုးပြီးနိုင်ငံ၏နိုင်ငံသားခံယူထားသူမဖြစ်ရ။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ အနည်းဆုံး (၃) နှစ်ခန့်ရရှိသောဘွဲ့ (သို့မဟုတ်) နှင့်ညီမျှသောဘွဲ့ကိုရယူထားသူဖြစ်ရမည်။ ဘွဲ့ (သို့မဟုတ်) ညီမျှသော ဒီဂရီရရှိပြီးနောက်ဖွံ့ဖြိုးရေးနှင့်ဆက်စပ်သောအလုပ်အတွေ့အကြုံ […]

The Joint Japan/World Bank Graduate Scholarship Program Read More »

🔍Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ🗞

စာဖတ်ရန် ကြာချိန် (၅) မိနစ် အခုလို ITခေတ်ကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာအားလုံးဟာ online ပေါ်ရောက်လာပါတယ်။ အလုပ်လုပ်တော့လည်း အိမ်မှာပဲလုပ်ရ၊ သင်တန်းတွေတတ်မယ်ဆိုတော့လည်း Online class တွေ ဖြစ်ပြီး အိမ်မှာပဲသင်ရ၊ အိမ်မှာပဲနေနေရတဲ့အခါ ကျွန်တော်တို့တစ်တွေရဲ့ တစ်နေ့မှာ အချိန်သုံးပုံပုံ နှစ်ပုံလောက်ကို Social Media ပေါ် မှာပဲ ကုန်ဆုံးနေကြရပါတော့တယ်။ ကျွန်တော်တို့တွေ သုံးနေတဲ့ Social Media ပေါ်မှာ သတင်းနှင့် သုတရသအဖြာဖြာ အစရှိတာတွေကို တစ်နေရာထဲမှာ အစုံအလင်ကြည့်ရှုနိုင်ပါတယ်။ထိုအခါ ကျွန်တော်တို့တွေဟာ Up To Date သတင်းတွေကို အရင်ကလို တီဗီရုပ်မြင်သံကြားတွေကနေ တစ်ဆင့် ၊ ရေဒီယို တွေကနေ တစ်ဆင့် ဒါမှမဟုတ် သတင်းစာတွေ ဖတ်ရှုခြင်းကနေ မဟုတ်ဘဲ

🔍Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ🗞 Read More »

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨

စာဖတ်ရန် ကြာချိန် (၁၀)မိနစ် လွန်ခဲ့တဲ့ ၁၅၀၀ ပြည့်နှစ်တွေ🗡တုန်းက “Bully” ဆိုတဲ့ စကားလုံးဟာ “ အချစ်လေး အသည်းလေး” လို့ ချစ်စနိုးနဲ့ခေါ်ဝေါ် ရာမှာ ရည်ညွှန်း အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမယ့် နောက်ပိုင်းနှစ်ကာလတွေမှာ ထိုစကားလုံးဟာ “အားနည်းသူများကို နှောင့်ယှက်သူ” အဖြစ် ပြောင်းလဲသုံးနှုန်းလာကြပါတယ်” လို့ Touro University Worldwide ရဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ 🚨Bully တစ်မျိုးပဲရှိတာလား..။အနိုင်ကျင့်ခြင်း သို့မဟုတ် “Bully” ပြုလုပ်တယ်ဆိုတဲ့နေရာမှာ “Traditional Bullying” လို့ခေါ်တဲ့ “ကိုယ်ထိလက်ရောက် သမားရိုးကျ အနိုင်ကျင့်ခြင်း” အပြင် “Cyber Bullying” လို့ခေါ်တဲ့ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုအသုံးပြုကာ ကီးဘုတ်နောက်ကွယ်ကနေ တိုက်ခိုက်ခြင်းမျိူးလည်း ရှိပါသေးတယ်။အရာရာဟာ နည်းပညာဖြစ်နေတဲ့ ခေတ်ကြီးမှာ Cyberbullying ဟာလည်း လူသားတွေရဲ့

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨 Read More »

Click တစ်ချက် လူတစ်သက်.. 🖥🖱

စာဖတ်ရန် ကြာချိန် (၇) မိနစ် အခုလို၂၁ရာစုမှာ လူတွေဟာ အွန်လိုင်းပေါ်မှာ ပိုပြီးအချိန်ကုန်လာကြပါတယ်။ အဲ့ဒါကြောင့်လည်း Cyberbullying တွေက ပိုပြီးအဖြစ်များလာတာကို တွေ့ရပါတယ်။ လူတစ်ယောက်တည်းကို ဝိုင်းပြီး ဟားတိုက်လှောင်ပြောင်တာတွေ၊ တစ်ယောက်ရဲ့အမှားကိုကြည့်ပြီး ဘာမှပြန်မပြောနိုင်အောင် အားလုံးကဝိုင်းပြီး ဝေဖန်ကဲ့ရဲ့ကြတာတွေစသဖြင့် အွန်လိုင်းပေါ်မှာ အနိုင်ကျင့်လာကြပါတယ်။ အဲ့လို Cyberbullying ပြုလုပ်တာဟာ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေကို ထိခိုက်နစ်နာစေနိုင်ပြီး နောက်ဆုံး Suicide လုပ်သွားတဲ့အခြေအနေအထိ တွန်းပို့ပေးနိုင်ပါတယ်။ Cyberbullying ဆိုတာ သိသာထင်ရှားတဲ့ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုမျိုး မဟုတ်တဲ့အတွက် တစ်ခါတလေ ကိုယ့်ဘာသာ ပို့စ်တွေ share ရင်း၊ သူငယ်ချင်းတွေနဲ့ စနောက်ပြောဆိုရင်း အဲ့လို Cyberbullying ပြုလုပ်သူတွေထဲမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း မသိလိုက်ဘဲ ပါဝင်ပတ်သက်နေမိတတ်ပါတယ်။အဲ့ဒီလို ကျွန်တော်တို့ရဲ့ ဘဝတွေကို ခြိမ်းခြောက်လာတဲ့ Cyberbullying ဆိုတာ

Click တစ်ချက် လူတစ်သက်.. 🖥🖱 Read More »

ကျန်းမာပြီးပျော်ရွှင်တဲ့ လုပ်ငန်းခွင် တစ်ခုတည်ဆောက်ဖို့ ❤️️🤝

စာဖတ်ရန်ကြာချိန် (၅) မိနစ် အလုပ်ရယ်လို့ စလုပ်ပြီဆိုထဲက Intern ပဲလုပ်လုပ်၊ Part-time ပဲ လုပ်လုပ်၊ Full-time ပဲလုပ်လုပ် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ စိတ်ဖိစီးမှုရယ်လို့ အနည်းနဲ့အများ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အလုပ်စလျှောက်ခါစမှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ Can Work Under Pressure လို့ရေးခဲ့ပေမယ့် ပြဿနာပေါင်းစုံကို နည်းမျိုးစုံနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ လူငယ်တွေဖြစ်တဲ့အလျောက် ခံနိုင်ရည်တွေ လျော့နည်းလာပါတော့တယ်။ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း သူ့ဘက်ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြေနဲ့ ပိုပြီး Effective ဖြစ်အောင် တစ်ဦးနှင့်တစ်ဦး စာနာ နားလည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်မည်သို့ နားထောင်သည်ကို ပြန်လည်စဉ်းစားပါ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောသမျှ၊ အထက်လူကြီး ပြောသမျှတွေကို သင့်အနေနဲ့

ကျန်းမာပြီးပျော်ရွှင်တဲ့ လုပ်ငန်းခွင် တစ်ခုတည်ဆောက်ဖို့ ❤️️🤝 Read More »

နားလည်မှုရှိသော မိသားစုကို ပိုင်ဆိုင်ဖို့ 👩‍👩‍👧‍👦

စာဖတ်ရန် ကြာချိန် (၅) မိနစ် “ နင့်ကြည့်လိုက်ရင် 📱အဲ့ဖုန်းပဲ သုံးနေတာပဲ။ ဘာမှခိုင်းလို့လဲ မရဘူး ” ဒီလို စကားသံလေးတွေကို အားလုံးပဲ ကြားဖူးနေကြမယ်ထင်ပါတယ် 👀 ဒါပေမယ့် ဒီလို ကြားရဖန်များလာတဲ့ အခါမှာ မိဘနဲ့ သားသမီးကြားမှာ ကတောက်ကဆလေးတွေ ဖြစ်လာတတ်ပါတယ်။ သားသမီးဘက်က ကြည့်တော့လည်း ဖုန်းသုံးတယ်ဆိုတာ အလုပ်လုပ်နေတာ သို့မဟုတ် စာလုပ်နေတာဖြစ်သော်ငြားလည်း ဖေဖေတွေမေမေတွေ ဘက်ကကြည့်လိုက်တဲ့အချိန်နဲ့ ကိုယ်ကနားတဲ့အချိန် ခဏဂိမ်းဆော့တာကိုတွေ့ပြီး တစ်ချိန်လုံး ဂိမ်းဆော့ နေတယ်လို့ ထင်ပြီး ဆူတော့တာပဲ 😖 အဲ့လိုနဲ့ပဲ တစ်ဦးနဲ့ တစ်ဦး အထင်မြင်တွေ လွဲကာ တစ်ဖက်ကပြောတာကို နားလည် လက်ခံမပေးတော့ပဲ ပြဿနာလေးတွေ တတ်လာပါတော့တယ် 😞ဒါဆို ဒီလို မိဘနဲ့ သားသမီးကြားက ကတောက်ကဆလေးတွေ

နားလည်မှုရှိသော မိသားစုကို ပိုင်ဆိုင်ဖို့ 👩‍👩‍👧‍👦 Read More »

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ❓

ဗီဒီယို ကြာချိန် (1:47)မိနစ် ကျွန်တော်တို့ရဲ့ဘဝမှာ ဘာပဲလုပ်လုပ် အချိန်ဘယ်လောက်အတွင်းမှာ ပြီးအောင်လုပ်ရမယ်ဆိုပြီး ကန့်သတ်ထားတဲ့ အချိန်အတိုင်းအတာတွေ ရှိပါတယ်။ကိုယ့်ကို ပေးထားတဲ့တာဝန်တွေကို ပေးထားတဲ့အချိန်အတွင်းပြီးစီးအောင် ကြိုးစားကြရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အချိန်ကို သေချာမစီမံနိုင်တဲ့အခါ သတ်မှတ်ချိန်အတွင်း အလုပ်တွေမပြီးဘဲ စိတ်ဖိစီးမှုတွေသာ တိုးလာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေဖို့ အချိန်ကို သေသေချာချာ စီမံခန့်ခွဲနိုင်စေမယ့် အချက်လေးတွေကို အောက်က Video ထဲမှာ ဖော်ပြထားပါတယ်။ 👇 ⏰ သင့်ရဲ့အချိန်ကို ဘယ်လိုတွေ စီမံခန့်ခွဲနေလဲ ဆိုတာ အောက်ကလင့်ခ်ကို နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်လိုက်ပါ ❤️️https://m.me/myeo.hub?ref=tmmq

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ❓ Read More »

စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ❓

စာဖတ်ရန် ကြာချိန် (၃)မိနစ် ဘ၀မှာ စိတ်ပျက်စရာတွေ၊ ခက်ခဲတာတွေ ကြုံတွေ့လာရတဲ့အခါ စိုးရိမ်ပူပန်မှုတွေကလည်း မြင့်တက်လာကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့တွေဟာ စိတ်မရှည်ကြတော့ဘူး။စိတ်တိုင်းမကျတာတွေ များလာတယ်။ထစ်ခနဲဆို ဒေါသနဲ့ ဖြေရှင်းလာတတ်ကြတယ်။အဲ့လို စိတ်ခံစားချက်တွေကို သေသေချာချာ မကိုင်တွယ်နိုင်တဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ခံစားချက်တွေကို ဦးစားပေးလွန်းရင်လည်း အမှားတွေ ကျူးလွန်နိုင်သလို ကိုယ့်ရဲ့စိတ်ခံစားမှုကို အလေးမထား၊လျစ်လျူရှုခဲ့ရင်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ ပိုပြီးအရေးကြီးလာပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သေသေချာချာ စနစ်တကျ ကိုင်တွယ်ထိန်း‌ကျောင်းနိုင်ဖို့အတွက် အောက်မှာ ပြောပြထားတဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်နော်👇👇 1) အသက်ကို ပြင်းပြင်းနဲ့ ဝအောင်ရှုလိုက်ပါ။ များသောအားဖြင့် စိတ်ခံစားချက်တွေဟာ ယာယီပဲဖြစ်ပါတယ်။တချို့ပြင်းထန်လွန်းတဲ့ စိတ်ခံစားမှုတွေကသာ အချိန်ကြာတဲ့အထိ တည်ရှ်ိနေကြတာပါ။ဒီလို ခဏတာခံစားမှုတွေ ဖြစ်ပေါ်လာတဲ့အခါ အလောတကြီး မတုံ့ပြန်လိုက်ပါနဲ့။အရင်ဆုံး အသက်ကို ပြင်းပြင်းရှုပြီး

စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ❓ Read More »

ကိုယ့်ကိုယ်ကို‌ယ် ဂရုစိုက်တတ်ဖို့❗

စာဖတ်ရန် ကြာချိန် (၃) မိနစ် သူငယ်ချင်းတို့ရေ…အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာ ပိတ်မိနေတဲ့အတောအတွင်း တစ်နေ့တစ်နေ့ Screen ရှေ့မှာပဲအမြဲထိုင်နေမိပြီလား⁉️အိပ်ချိန်စားချိန်‌ရော မှန်သေးရဲ့လား⁉️ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဂရုစိုက်ပေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးဖို့တောင်မေ့နေပြီလား⁉️ဒီလိုမျိုး နေ့စဉ်တာဝန်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို မေ့လျော့နေပြီဆိုရင်တော့ မိမိကိုယ်ကို ဂရုစိုက်မှု (Self-care) ဆိုတဲ့စကားလုံးလေးဟာ အားလုံးအတွက်အရေးပါလာပါပြီ🤗🤗 Self-care ဆိုတာဘာလဲ❓❓ Self-care ဆိုတာက ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုပတ်၀န်းကျင်ဆိုင်ရာ နဲ့ စိတ်ခံစားမှုဆိုင်ရာကျန်းမာရေး စသည်တို့ကို မိမိကိုယ်တိုင် ဂရုတစိုက်လုပ်ဆောင်ပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ Self-care ဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကို တွန်းလှန်ကျော်လွှားနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ညတိုင်းအိပ်ရေးဝဝအိပ်တာ၊ လတ်ဆတ်တဲ့လေကောင်းလေသန့်လေးရဖို့ အပြင်လေးခဏထွက်လိုက်တာလေးတွေက လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-care) ပါပဲ။ မိမိကိုယ်ကို ဂရုစိုက်ခြင်း

ကိုယ့်ကိုယ်ကို‌ယ် ဂရုစိုက်တတ်ဖို့❗ Read More »

စိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကဘာတွေလဲ❓

ဗီဒီယို ကြည့်ရန် ကြာချိန် (2:30) မိနစ် တစ်ခါတလေ ကျွန်တော်တို့‌တွေဟာ ဘဝမှာ အခက်အခဲတွေ၊ အချိန်မှီ ပြီးစီးရမယ့် တာဝန်တွေ၊ အလျင်အမြန်ဖြေရှင်းရမယ့် အခက်အခဲတွေနဲ့ ဖိစီးလေးလံနေတတ်ပါတယ်။မသေချာမရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်တွေ့ကြုံနေရချိန်မှာလည်း စိတ်ဖိစီးမှုတွေက ပိုပြီး များပြားလာပါတယ်။ဒီတော့ စိတ်ဖိစီးမှုတွေကို စနစ်တကျနဲ့ထိထိရောက်ရောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?စိတ်ကို လေးလံဖိစီးစေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုလျှော့ချကြမလဲ ဆိုတာ 👇👇အောက်က Video လေးမှာ အားလုံးအတူတူ ကြည့်လိုက်ရအောင်နော်😍 သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာ (Stress Level) ကို လေ့လာဆန်းစစ်နိုင်ဖို့ မေးခွန်းလေးတွေကိုလည်း ဖြေကြည့်ရအောင် 👇https://m.me/myeo.hub?ref=slm Reviewed by Dr. Nweni Myo Wynn, MHPSS Specialist

စိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကဘာတွေလဲ❓ Read More »