စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်း😇
“အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရ” ဆိုတဲ့စကားပုံအတိုင်း ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဖြစ်စေ လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ စတဲ့ ပြဿနာငယ်တွေအပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများအထိပါ ပါဝင်လာသော ပဋိပက္ခများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဘယ်လိုပဲ ကျွန်တော်တို့လိုချင်တဲ့အရာတွေ ကွဲပြားနေပါစေ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိရင် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကို အသုံးပြုပြီး ဒီပြဿနာတွေကိုဖြေရှင်းနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းခြင်းဆိုတာဘာလဲ❓ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပြဿနာကိုဖြေရှင်းဖို့တစ်ဦးနဲ့တစ်ဦး အတူတကွအဖြေရှာပြီးအချင်းချင်းညှိနှိုင်း လုပ်ဆောင်တာ၊ အပြန်အလှန်ဆွေးနွေးပြီး နှစ်ဖက်လုံးက ကိုယ်လိုချင်တဲ့အရာတွေရရှိအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းတယ်လို့ဆိုရာမှာ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတာနဲ့ စိတ်ဝင်စားမှု အခြေပြုစေ့စပ်ညှိနှိုင်းတာဆိုပြီးလည်း ရှိပါသေးတယ်။ 📝 ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်းမှာ မိမိတို့ရဲ့တောင်းဆိုချက်တွေကို ဦးစားပေးဖော်ပြပြီး ညှိနှိုင်းတာပဲဖြစ်ပါတယ်။ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲကြည့်ပြီးညှိနှိုင်းတာဖြစ်တဲ့အတွက် တစ်ခါတလေမှာ အဆင်မပြေတာတွေ၊ ပြဿနာတွေကို ပိုကြီးသွားစေနိုင်တာမျိုးတွေလည်း […]
စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်း😇 Read More »









