AI

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣

လူမှုအသိုင်းအဝိုင်းနဲ့ နေရတာနဲ့အမျှ၊ လူတွေနဲ့ဆက်ဆံရသမျှ ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ပဋိပက္ခဖြေရှင်းနည်းတွေ လိုအပ်လာ‌နေဦးမှာဖြစ်ပါ တယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကို သိထားဖို့က အရေးကြီးပါတယ်။ ပဋိပက္ခ ဖြေရှင်းဖို့နည်းလမ်းကောင်းဆိုတာ သဘောမတူညီမှုတွေများစွာထဲကမှ နှစ်ဖက်လုံးက ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မယ့် သဘောတူမှုကို ရှာဖွေနိုင်ခြင်းဟာဆိုရင်  ပဋိပက္ခဖြေရှင်းနိုင်ရန် နည်းလမ်း ကောင်းလို့ခေါ်လို့ရပါတယ်။ သဘောမတူညီမှုဆိုတာဟာ ကိုယ်ရေးကိုယ်တာကိစ္စ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ စိတ်ခံစားချက်စတဲ့ ကိစ္စများစွာ ဖြစ်နိုင်ပါတယ်။ ဒီလိုမတူညီတဲ့ သဘောမတူညီမှု၊ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းက စေ့စပ်ညှိနှိုင်းရေးပဲ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရမယ်ဆိုတာ သိရုံနဲ့ ပဋိပက္ခ‌တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မဟုတ်ပဲ ပဋိပက္ခတွေကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင်  ကျွနိုပ်တို့မှာ တစ်ချို့အရည်အချင်း တွေကိုလည်းမြှင့်တင် ထားဖို့လိုပါတယ်။  ဥပမာ- 1. လူမှုဆက်ဆံရေးကောင်းမွန်မှု (communication skill) 2. […]

ပဋိပက္ခတွေကိုကိုင်တွယ် ဖြေရှင်းနည်း🛣 Read More »

ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ

ပဋိပက္ခ၏ အဓိပ္ပာယ် ပဋိပက္ခဆိုသည်မှာ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား မိမိတို့၏ ရည်မှန်းချက်ကိုယ်စီကို ပြည့်ဝစေရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး၊ အပြန်အလှန်ဆက်နွယ်နေသည့် လူမှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သို့သော် နှစ်ဖက်စလုံးသည် မိမိတို့၏ရည်မှန်းချက်များဆီသို့ မရောက်နိုင်ဖြစ်နေကြသည်။ အကြောင်းမှာ တစ်ဖက်၏ ရည်မှန်းချက်ပြည့်မီရန် လုပ်ဆောင်မှုသည် တခြားတစ်ဖက်၏ ကြိုးပမ်းမှုလမ်းကြောင်းအတွက် အတားအဆီးသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ကြခြင်းကြောင့်ဖြစ်ပါသည်။ ရိုးရှင်း လွယ်ကူသောနည်းဖြင့် ဆိုရလျှင် နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား ဆန့်ကျင်ဘက်ဝိရောဓိများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး တစ်ဖက်စီမှ မိမိတို့၏ရည်မှန်းချက်များပြည့်ဝစေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအယူအဆ (၄) ခုပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ ပဋိပက္ခအယူအဆများ။ ဘယ်လိုအချိန်မှာ ပဋိပက္ခတွေ ဖြစ်တတ်ပါသလဲ။  အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ လူနှစ်ဦး (သို့မဟုတ်) လူအုပ်စု နှစ်စုဟာ သူတို့ဆီမှာ ကွဲပြားနေတဲ့

ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ Read More »

Parami University Undergraduate Programs

Type : Undergraduate Programs Description : ပါရမီတက္ကသိုလ် ကနေ ဒီနှစ်အတွက် နောက်ဆုံးအကြိမ် လျှောက်လွှာခေါ်ယူနေတဲ့ Undergraduate Program ဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်ဟာ District of Columbia Higher Education Licensure Commission ကနေ License ရရှိထားတဲ့ US အစိုးရအသိအမှတ်ပြုတက္ကသိုလ် တခုဖြစ်ပြီး US က Bard College နဲ့ Partner တက္ကသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Undergraduate Program မှာဆိုရင် BA from Parami University (USA) နဲ့ BA from Bard College (USA) ဆိုပြီး Double Degree ရနိုင်မယ့်

Parami University Undergraduate Programs Read More »

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည် 💪

ဆုံးဖြတ်ချက်တွေသည် ဖွဲ့စည်းခြင်း၊ ၊ ဦးဆောင်ခြင်းနှင့် ထိန်းချုပ်ခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက် အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဆုံးဖြတ်ချက် ချက်ရတဲ့ အခါတွင် များသောအားဖြင့် အစီအစဉ်ဆွဲခြင်း ဆိုင်ရာ လုပ်ဆောင်ချက်များနှင် ဆက်စပ်နေသောကြောင့်  ၎င်းသည် အစီအစဉ်ဆွဲခြင်းဆိုင်ရာ လုပ်ငန်းများအတွက်  အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပဲဖြစ်ပါတယ်။  ဆုံးဖြတ်ချက်ချခြင်းကို တိကျခိုင်မာမှုရှိတဲ့ အရာများစွာမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုကို ရွေးချယ်သည့် လုပ်ဆောင်ချက် တစ်ခုလို့ ခေါ်ဆိုပါသည်။ ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်ဆိုတာဘာလဲ။  ဆုံးဖြတ်ချက် ချနိုင်ခြင်းစွမ်းရည်သည် အခြေခံကျတဲ့  လိုအပ်ချက်များကို နားလည်နိုင်ပြီး နှိုင်းယှဉ်နိုင်သော ရွေးချယ်မှုများကို အကဲဖြတ်ရန်နှင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုသို့ ကျဉ်းမြောင်းသည့်စွမ်းရည်ဖြစ်သည်။  ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်သည် သုတေသနပြုခြင်း၊ စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပဓာန

ဆုံးဖြတ်ချက်ချခြင်းစွမ်းရည် 💪 Read More »

လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ🖇️

အလုပ်ကျင့်ဝတ်ဆိုတာ ဘာလဲ။ အလုပ်ကျင့်ဝတ်ဆိုတာ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်တွေ၊ လုပ်ရှားမှုတွေအပေါ် လက်ခံနိုင်ခြင်းရှိမရှိ နဲ့ ယုံကြည်ချက်တွေရဲ့ စံသတ်မှတ်ချက်များကို ဆိုလိုပါတယ်။ အလုပ်ကျင့်ဝတ်က ကောင်းမွန်ခိုင်မာတဲ့ ကျင့်ဝတ်များ ရှိသလို အားနည်းတဲ့ ကျင့်ဝတ်များလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ အလုပ်ကျင့်ဝတ်တွေက ဝန်ထမ်းများရဲ့ စရိုက်လက္ခဏာများကို ထိန်းညှိ့ပေးတဲ့အပြင် ကုမ္ပဏီရဲ့ ယဥ်ကျေးမှုနဲ့အတူ ကိုယ်ပိုင်အမြင်၊ စိတ်အားထက်သန်မှုတွေကိုပါ လှုံဆော်ပေးပါတယ်။ ကောင်းမွန်ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်ဖို့အတွက် ရည်မှန်းချက်များ ရှိကြပြီး အဲ့ဒီရည်မှန်းချက်များပြီးမြောက်အောင် မိမိကိုယ်ကို အလုပ်ကျင့်ဝတ်များနဲ့အတူ ထိန်းကျောင်းပြီး ကိုင်တွယ် လုပ်ဆောင်ကြပါတယ်။  များသောအားဖြင့် ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေကို ချီးကျူးစကားများနဲ့ စံပြဝန်ထမ်းအဖြစ် ‌ဖော်ပြကြတာကြောင့် လုပ်ငန်းအပေါ် တစ်ခုပြီးတစ်ခု အောင်မြင်အောင် တွန်းအားပေးပါတယ်။ အလုပ်ကျင့်ဝတ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ စရိုက်လက္ခဏာများအပေါ် မူတည်တာကြောင့်

လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ🖇️ Read More »

လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းစွမ်းရည် 🙆‍♀️

သင့်ကို လုပ်ငန်းဆိုင်ပိုင်းရာ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရှိလာစေနိုင်တဲ့ အဓိကအချက်ကတော့ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အပေါ် လိုက်လျောညီထွေမှုရှိရှိနဲ့ အလုပ်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုရှိအောင် နေထိုင်နိုင်ခြင်းက ပွင့်လင်းပြီး သင်ယူမှုအသစ်များ နဲ့ စိန်ခေါ်မှုအသစ်တွေကို လက်ခံလာနိုင်စေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ လူအများနဲ့အတူ လိုက်လျောညီ​ထွေဖြစ်အောင်  စနစ်တကျ ကြိုးစားလုပ်ဆောင်ခြင်းက  လူအချင်းချင်းကြား ပြောဆိုဆက်သွယ်ရေး နဲ့ လူမှုရေးရာ ကျွမ်းကျင်မှုတွေ ရှိလာနိုင်သလို soft skills မှာလည်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။  ဒီသင်ခန်းစာမှာတော့ လိုက်လျောညီထွေမှုဆိုတာ ဘာလဲ၊ လိုက်လျောညီထွေမှု ရှိလာအောင် မြှင့်တင်တဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်တွေကို လေ့လာသွားရမှာ ဖြစ်ပါတယ်။ လိုက်လျောညီထွေမှုဆိုတာ ဘာလဲ။ လိုက်လျောညီထွေမှုဆိုတာ အများနည်းတူ အတူတကွ နေထိုင်နိုင်ခြင်း၊ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေ၊ အချက်အလက်တွေနဲ့အတူ လိုက်လျောညီထွေစွာနဲ့

လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းစွမ်းရည် 🙆‍♀️ Read More »

ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝

ညှိနှိုင်းရေး မစတင်မှီ လုပ်ဆောင်ထားသင့်သော အရာများ ညှိနှိုင်းရေးမစတင်မှီလုပ်ဆောင်ရမည့် အရာများမှာ – ကိုယ်လက်ရှိ ပါဝင်ဆောင်ရွက်ရမည့် အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မိမိ တဦးတည်းအတွက်သော်လည်းကောင်း၊ မိမိ၏မိသားစု (ဒါမှမဟုတ်) မိမိရပ်ကွက်အတွက် ကိုယ်စားသွားပြီး ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း ကိုသုံးရမယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်သဘောတူ မိမိထံလာရောက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလာပါက၊ အငြင်းပွားနေသူတစ်ဖက်ဖက်က တောင်းဆိုလာပါက မိမိအနေဖြင့် လူနှစ်ဦးကြား၊ မိသားစု နှစ်စုကြား (ဒါမှမဟုတ်) ရပ်ကွက် နှစ်ခုကြားကို ညှိနှိုင်းပေးရမယ်ဆိုရင်တော့ ကြားဝင်ဖျန်ဖြေရေး နည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။ အငြင်းပွားနေသူများမှ နှစ်ဖက်မှသဘောတူညီမှုယူပြီး သူတို့ရဲ့ ပြဿနာကို သင့်အနေနဲ့ ဆုံးဖြတ်ချက်ချ ပေးဖို့ တောင်းဆိုလာရင်တော့ ခုံသမာဓိ နည်းလမ်း ကို အသုံးပြုရမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့

ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်🤝 Read More »

ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်း💭

အရှေ့ကသင်ခန်းစာတွေမှာစေ့စပ်ညှိနှိုင်းခြင်းရဲ့အဓိကအင်္ဂါရပ်တွေကိုလည်းလေ့လာပြီးသွားပြီ။ စေ့စပ်ညှိနှိုင်းတဲ့အခါဘယ်လိုအရာတွေကကြိုပြင်ဆင်ထားရမယ်၊ ဘယ်လိုအချက်တွေကိုသတိထားရမယ်ဆိုတာ လေ့လာပြီးသွားပြီဆိုတော့ အခုဒီတစ်ခါတော့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတဲ့အကြောင်းကိုလေ့လာကြရအောင်ပါ​။  သူငယ်ချင်းတို့အနေနဲ့ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဘယ်လိုနားလည်ကြလဲ​။ “ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း”ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ်ကိုင်စွဲထားတဲ့ သတ်မှတ်ချက်၊ ရပ်တည်ချက်တစ်ခုကိုပဲ အလေးပေးညှိနှိုင်းတာမျိုးကိုခေါ်ဆိုပါတယ်။  ဥပမာပေးရမယ်ဆိုရင် သံပယိုသီးတစ်လုံးရှိတယ်ဆိုပါစို့။ 🍋 အဲ့ဒီသံပယိုသီးကို ညီမနှစ်ယောက်ကလိုချင်နေကြတယ်။ ဒါပေမယ့်ခက်တာက လိုချင်တဲ့သူကနှစ်ယောက်၊ သံပယိုသီးကတစ်လုံးပဲရှိတယ်။ ဆိုတော့ “လိုချင်တယ်”ဆိုတဲ့ရပ်တည်ချက်တစ်ခုကိုပဲ ဦးစားပေးညှိနှိုင်းမယ်ဆိုရင် သံပယိုသီးတစ်လုံးကို ညီအစ်မနှစ်ယောက် တစ်ခြမ်းစီခွဲ‌ကြမလား ဒါမှမဟုတ် ဒီတစ်ခါတော့အရင်တွေ့တဲ့သူဖြစ်ဖြစ်၊ အကြီးမကိုဦးစား‌ပေး ပေးလိုက်တာပဲဖြစ်ဖြစ် ဆုံးဖြတ်လိုက်ပြီး နောက်တစ်ခါမှ နောက်တစ်ယောက်ကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်တာမျိုးတွေ ရှိရတော့မှာပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက်ခြိမ်းခြောက်တာတွေရှိလာရင် ပြဿနာ‌ပဲဖြစ်လာပြီး စေ့စပ်ညှိနှိုင်းတာကအလုပ်မဖြစ်တော့ဘူးပေါ့။ အဲ့လိုဆုံးဖြတ်မှုတွေမှာတော့    အဝေတည့်သွားတာလည်းရှိသလို၊ တစ်ယောက်နဲ့တစ်ယောက်ပြဿနာဖြစ်ပြီးဆွေးနွေးညှိနှိုင်းတာအဆင်မပြေတာမျိုးလည်းရှိမှာအသေအချာပါပဲ။ အခု ကျွန်တော်ပြောသွားတဲ့ ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်းအကြောင်းကို နားလည်မယ်လို့ယုံကြည်ပါတယ်​။

ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်း💭 Read More »

ဆက်သွယ်ရေး၊ ဆက်ဆံရေး🤝

🤙 ဆက်သွယ်ရေး တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင် ဒါမှမဟုတ် ဆွေးနွေးနေတဲ့အတောအတွင်း အရေးကြီးတာကဘာများဖြစ်မယ်လို့ထင်ပါသလဲ​။❓ တစ်ယောက်ယောက်နဲ့ ညှိနှိုင်းဖို့ဆိုရင် သူနဲ့သေချာပေါက် စကားပြောဆိုဆက်သွယ်ရမယ် မဟုတ်ပါလား​။  အဲ့ဒီလိုတစ်ဖက်လူကို ဆက်သွယ်ပြောဆိုဖို့အတွက်ဆိုရင် ကိုယ်ကသူ့ယုံကြည်မှုကိုအရင်ရအောင်လုပ်ရပါမယ်။ အဲ့ဒီတော့သူ့ကို ပွင့်ပွင့်လင်းလင်းစကားပြောတာ၊ သူနဲ့စကားပြောရင် သူချင်းစာစိတ် ကိုယ်ချင်းစာစိတ်တွေနဲ့ စကားပြောပေးတာအပြင်၊ သူ့ကိုလေးစားသမှုပြပြီး အပြုသဘောဆောင်တဲ့ မေးခွန်းမေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်​။  နောက်ပြီး ကိုယ်ကသူနဲ့ ဆွေးနွေးချင်တယ်ဆိုရင် သင့်တော်တဲ့ အခြေအနေအချိန်အခါဟုတ်မဟုတ်ကိုလည်း အမြဲချင့်ချိန်စဉ်းစားတတ်ရပါမယ်။ အကောင်းဆုံးကတော့ တစ်ဖက်လူနဲ့ဆက်သွယ်စကားပြောတဲ့အခါ ကိုယ်က အပြုသဘောဆောင်တဲ့သူဖြစ်နေဖို့ပါပဲ​။  ဒီအချက်တွေကတော့ ဆွေးနွေးညှိနှိုင်းမှုမလုပ်ခင်မှာပဲဖြစ်ဖြစ် လုပ်နေစဉ်အတွင်းမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီး ရလဒ်ကောင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုရအောင် တွန်းအားပေးစေတဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။ ဒီတော့ ဆွေးနွေးညှိနှိုင်းဖို့ဆက်သွယ်ပြောဆိုတဲ့အခါ အဓိကပါဝင်ထည့်သွင်းစဉ်းစားရမယ့် အချက်က လေးချက်ရှိပါတယ်။ တစ်နည်းအားဖြင့် 4P လို့ခေါ်ပါတယ်။  ဒါဆို 4P ကဘာတွေဖြစ်မလဲ❓ 1️⃣ ရည်ရွယ်ချက်

ဆက်သွယ်ရေး၊ ဆက်ဆံရေး🤝 Read More »

စေ့စပ်ညှိနှိုင်းခြင်း၏ အင်္ဂါရပ် (၇) ချက်နှင့် တန်ဖိုးပုံဖော်မှုစက်ဝန်း💡

ကျွန်တော်တို့ ဘယ်သူမှ Perfect ဖြစ်တယ်ရယ်လို့ မရှိပေမယ့် လေ့လာသင်ယူလိုက်တဲ့အခါ တိုးတက်လာတာမျိုးကိုတော့ အားလုံးကြုံဖူးကြမယ်လို့ ယုံကြည်ပါတယ်။ စေ့စပ်ညှိနှိုင်းခြင်းမှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ၊ လေ့လာမှုတွေကနေ ကျွန်တော်တို့ရဲ့စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကိုတိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။ ဒီနေ့တော့ ကျွန်တော်က စေ့စပ်ညှိနှိုင်းမှုစွမ်းရည် တိုးတက်လာဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စေ့စပ်ညှိနှိုင်းခြင်း အင်္ဂါရပ်(၇)ချက်အကြောင်းကို‌ မျှဝေပေးချင်ပါတယ်။ စေ့စပ်ညှိနှိုင်းခြင်းရဲ့ အင်္ဂါရပ်(၇)ချက်ကဘာတွေလဲ❓ (၁) စိတ်ဝင်စားမှု (၂) အရံရွေးချယ်စရာ (၃) ရွေးချယ်စရာ (၄) တရားမျှတသောစံနှုန်း (၅) ကတိပေးလုပ်ဆောင်မှု (၆) ဆက်ဆံရေး နှင့် (၇) ဆက်သွယ်ရေးတို့ပဲဖြစ်ပါတယ်။ ဒီစေ့စပ်ညှိနှိုင်းခြင်းအင်္ဂါရပ်(၇)ချက်ကို တန်ဖိုးပုံဖော်မှုစက်ဝန်းမှာ အပိုင်း(၃)ပိုင်းအနေနဲ့ လက်တွေ့အသုံးချနိုင်ပါတယ်။ 1️⃣ အလုပ်အတူလုပ်ရန်ဖြစ်စဉ်ဖန်တီးခြင်း စေ့စပ်ညှိနှိုင်းခြင်းမှာ မိမိကိုယ်တိုင်နှင့်တစ်ဖက် ညှိနှိုင်းဖက်တို့ ပါဝင်လာပြီဖြစ်လို့‌ ‌ရှေ့ဆက်အလုပ်အတူလုပ်ရန်မှာ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးကောင်းမွန်နေဖို့လိုအပ်ပါတယ်။

စေ့စပ်ညှိနှိုင်းခြင်း၏ အင်္ဂါရပ် (၇) ချက်နှင့် တန်ဖိုးပုံဖော်မှုစက်ဝန်း💡 Read More »