ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ
ပဋိပက္ခ၏ အဓိပ္ပာယ် ပဋိပက္ခဆိုသည်မှာ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား မိမိတို့၏ ရည်မှန်းချက်ကိုယ်စီကို ပြည့်ဝစေရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး၊ အပြန်အလှန်ဆက်နွယ်နေသည့် လူမှုဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သို့သော် နှစ်ဖက်စလုံးသည် မိမိတို့၏ရည်မှန်းချက်များဆီသို့ မရောက်နိုင်ဖြစ်နေကြသည်။ အကြောင်းမှာ တစ်ဖက်၏ ရည်မှန်းချက်ပြည့်မီရန် လုပ်ဆောင်မှုသည် တခြားတစ်ဖက်၏ ကြိုးပမ်းမှုလမ်းကြောင်းအတွက် အတားအဆီးသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ကြခြင်းကြောင့်ဖြစ်ပါသည်။ ရိုးရှင်း လွယ်ကူသောနည်းဖြင့် ဆိုရလျှင် နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပိုသော လူများ၊ အုပ်စုများအကြား ဆန့်ကျင်ဘက်ဝိရောဓိများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး တစ်ဖက်စီမှ မိမိတို့၏ရည်မှန်းချက်များပြည့်ဝစေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအယူအဆ (၄) ခုပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။ ပဋိပက္ခအယူအဆများ။ ဘယ်လိုအချိန်မှာ ပဋိပက္ခတွေ ဖြစ်တတ်ပါသလဲ။ အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ လူနှစ်ဦး (သို့မဟုတ်) လူအုပ်စု နှစ်စုဟာ သူတို့ဆီမှာ ကွဲပြားနေတဲ့ […]
ပဋိပက္ခ၏ အဓိပ္ပာယ် နှင့် ပဋိပက္ခ ဖြစ်စေတဲ့ အရာများ Read More »









