Creating Content
၁။ Content creation ဆိုတာဘာလဲ? အကြောင်းအရာဖန်တီးခြင်း (content creation) ဆိုတာဟာ စာသား၊ ရုပ်ပုံ၊ ဗီဒီယို အသံ စတဲ့ format အမျိုးမျိုး မီဒီယာအမျိုးမျိုးကိုအသုံးပြုပြီးတော့ သတင်းအချက်အလက်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ အတွေ့အကြုံတွေကို ဖန်တီးမျှဝေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။၄င်း ဟာ ကနဦးစိတ်ကူးတစ်ခုကိုအခြေခံပြီး ဖန်တီးတာကနေ ထုတ်ဝေတဲ့အပိုင်းအထိ အဆင့်များစွာ ပါဝင်ပါတယ်။ အဓိကရည်ရွယ်ချက်တွေကတော့ အကြောင်းအရာကို ဖတ်ရှုနားထောင်မယ့် ပရိသတ်နဲ့ထိတွေ့ ဆက်ဆံမှု ပိုမိုရရှိဖို့၊ သူတို့ကို ပညာပေးဖို့၊ ဖျော်ဖြေမှုပေးဖို့၊ ကုန်ပစ္စည်းတွေကိုကြော်ငြာဖို့နဲ့ ရောင်းအားမြှင့်တင်ဖို့ စတာတွေ ပဲဖြစ်ပါတယ်။ဒါ့အပြင် ၄င်းဟာ ဒစ်ဂျစ်တယ်လောကမှာရှိတဲ့ စျေးကွက်ရှာဖွေတာ၊ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်မြှင့်တင့်တာအပြင် ပညာရေးနဲ့ ဖျော်ဖြေရေး တို့အတွက်ပါ အဓိကကျတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ၂။ Content creation ကဘာကြောင့်အရေးပါတာလဲ? Content Creation ရဲ့ […]






