အခြားသူများနှင့် ဆက်သွယ်ပြောဆိုဆောင်ရွက်ခြင်း
အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဆောင်ရွက်ပြီး အလုပ်အတူတကွလုပ်ခြင်းဆိုတာက ကိုယ်ရည် ကိုယ်သွေး (soft skills) တစ်ခုဖြစ်ပြီး အခြားသူတွေနဲ့ တာဝန်တစ်ခုကို အတူပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့် အခြားသူတွေနဲ့ အတူ ထိရောက်စွာ အလုပ်လုပ်နိုင်ခြင်းက အရေးကြီးတာလဲ အခြားသူတွေနဲ့ အတူတကွပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အရည်အချင်းက ဘွဲ့ဒီဂရီတွေလောက် အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအရည်အချင်းက အလွန်အရေးကြီးတဲ့ ကိုယ်ရည် ကိုယ်သွေးတစ်ခုပဲဖြစ်ပါတယ်။ သုတေသနတွေအရ အလုပ်ရှင်အများစုက ပူးပေါင်းဆောင်ရွက်ခြင်းနဲ့၊ အသင်းအဖွဲ့နဲ့ အတူအလုပ်လုပ်တတ်ခြင်း (Team work) က အလွန်အရေးကြီးပါတယ် လို့ တွေ့ရှိထားပါတယ်။ ယနေ့ခေတ်မှာ ပူးပေါင်းဆောင်ရွက်တတ်ခြင်းက အလွန်အရေးကြီးလာပြီး ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်း တွေအတွက် ပိုအချိန်ပေးလာကြပါတယ်။ ဥပမာ – အမှိုက်များကို အတူတကွကောက်ပြီး စွန့်ပစ်တဲ့ activity၊ ပလပ်စတစ်လျှော့ချဖို့ ဈေးတွေ၊ […]
အခြားသူများနှင့် ဆက်သွယ်ပြောဆိုဆောင်ရွက်ခြင်း Read More »








