Digital Literacy

အလုပ်အကိုင် ရှာဖွေခြင်းအတွက် ရှိထားသင့်တဲ့ LinkedIn App အကြောင်း။

သင့် အလုပ်ကောင်းကောင်းတစ်ခုရဖို profile ကောင်းတစ်ခုဖန်တီးပြီး အလုပ်ရှင်တွေရဲ့ အာရုံစိုက်မှုကို ရယူချင်ပါသလား။ အလုပ်ခေါ်တဲ့ သူတွေ ရဲ့ စိတ်ဝင်စားမှု ရချင်ရင်တော့ LinkedIn Appကို အသုံးပြုဖို့အကြံပြုလိုပါတယ်။ LinkedIn အသုံးပြုနည်း အသေးစိတ်ကို အောက််််််ပါပုံံံံ မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ LinkedIn ကို ဖုန်းမှာ အသုံးပြုမယ်ဆိုရင် အောက်က ဗွီဒီယိုနှစ်ခုကို ကြည့်ရှုလိုက်ပါ။ LinkedIn ကို ကွန်ပျူတာမှာ အသုံးပြုပြီး အလုပ်အကိုင်ရှာဖွေချင်တယ်ဆိုရင် ဒီဗွီဒီယိုကို ကြည့်ရှုလိုက်ပါ။ LinkedIn ကို အသုံးပြုပြီး အလုပ်အကိုင်တွေ ရရှိနိုင်ပါစေနော်… LinkedIn App ကို အောက်ဖော်ပြပါ Linksတွေကနေ Download ရယူနိုင်ပါတယ်။ Google Playstore – https://play.google.com/store/apps/details?id=com.linkedin.android&hl=en&gl=US App Store – […]

အလုပ်အကိုင် ရှာဖွေခြင်းအတွက် ရှိထားသင့်တဲ့ LinkedIn App အကြောင်း။ Read More »

Facebook Group တစ်ခုမှာ ဘယ်လို Featureတွေ ပါသလဲ။

Facebook Group မှာ စာတွေသင်ကြတယ်၊ informationတွေကို မျှဝေကြတယ် စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ Facebook Groupကို အသုံးပြုကြပါတယ်။ Facebook Group တစ်ခု ဘယ်လို စနစ်တကျ ဖန်တီးရမလဲဆိုတာကို အသေးစိတ် အောက်ပါ ပုံနဲ့အတူ လေ့လာကြည့်ကြရအောင်.. Facebook Groupမှာ ဘယ်လို Featureတွေပါလဲဆိုတာကို အောက်က ဗွီဒီယိုမှာ ကြည့်ရအောင်နော်..

Facebook Group တစ်ခုမှာ ဘယ်လို Featureတွေ ပါသလဲ။ Read More »

Facebook Page တစ်ခုက ဘယ်လောက်အထိအသုံးဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။

Facebook ဆိုတာ လူတိုင်းနီးပါးအသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ Facebook Page အကြောင်းကိုလဲ သိထားသင့်ပါတယ်။ Facebook Page အကြောင်း အသေးစိတ်ကို အောက်ပါ ပုံမှာ လေ့လာကြည့်ကြရအောင်.. Facebook Page အကြောင်းကို အောက်ကဗွီဒီယိုမှာ ကြည့်ရှုလိုက်ပါအုံးနော်..

Facebook Page တစ်ခုက ဘယ်လောက်အထိအသုံးဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။ Read More »

Facebook Messenger ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ

Facebook Messenger ဟာ ကျွန်တော်တို့အားလုံး နေ့စဥ်ဘ၀မှာ အွန်လိုင်းသုံးတိုင်း အမြဲတမ်းလိုလို ၀င်ရောက် သုံးစွဲလေ့အများဆုံးရှိတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ယခုဒီဆောင်းပါးမှာတော့ အားလုံးရင်းနှီးပြီးသား ဖြစ်တဲ့ Facebook Messenger ကို စနစ်တကျ လုံခြုံအောင် ဘယ်လို အသုံးပြုမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ (၁) Message တွေကို ဖျက်နည်း (၂) Conversation တစ်ခုလုံးကို ဖျက်နည်း (၃) Chat Room ဖန်တီးနည်း (၄) Secret Conversation အသုံးပြုနည်း (၅) Timer ထားနည်း

Facebook Messenger ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ Read More »

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ

သတင်းစီးဆင်းနှုန်းတွေ မြန်ဆန်လာတာနဲ့အမျှ သတင်းအမှားတွေကို ဆန်းစစ်နိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် သေချာစွာစစ်ဆေးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ၀ေမျှလိုက်ပါတယ်။ 🔍သတင်းရရှိရာ အရင်းအမြစ်ကိုဆန်းစစ်ပါ။ ကိုယ်ကြည့်နေတဲ့ သတင်းက ယုံကြည်စိတ်ချရလားဆိုတာကို စစ်ပါ။ ပြီးရင် သတင်းစတင်ဖြန့်ဝေတဲ့ အချိန်၊ ရက်ဆွဲ အစရှိသည့် အသေးစိတ်အချက်အလက်တွေကိုပါ သေချာစွာ စစ်ဆေးပါ။ 🔍သတင်းဖြန့်သူ၏ credibility ကို ဆန်းစစ်ပါ။ သတင်းရေးသားသူ (သို့) သတင်းဖြန့်ဝေသူ၏ သတင်းအချက်အလက်ခိုင်ခံ့မှုကို စစ်ဆေးပါ။ သတင်းဖြန့်ဝေသူ၏ ယခင်ရေးသားထားသော သတင်းများ၏မှန်ကန်မှု၊ ခိုင်ခံ့မှု များကိုစစ်ဆေးပါ။ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ဖြစ်ပါက Follower အရေအတွက် Blue Mark ပါမပါ အစရှိသဖြင့် စစ်ဆေးနိုင်ပါသည်။ 🔍သတင်းရှာဖွေမှုကို ချဲ့ထွင်ပါ။ သတင်းအရင်းအမြစ်တစ်ခုတည်းကိုပဲ မမှီခိုပါနဲ့။ သတင်းရရှိရာ သတင်း မီဒီယာ (သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆီကနေပဲ မလက်ခံပါနဲ့။

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ Read More »

Gmail အသုံးပြုနည်းအဆင့်ဆင့်

Gmail ဆိုတာ ဘာလဲ? လူသုံးအများဆုံးဖြစ်တဲ့ Gmail ဆိုတာ Google Mail ဖြစ်ပါတယ်။ Google ကနေ မိတ်ဆက်ထားတဲ့ Mail System တစ်ခုဖြစ်ပါတယ်။ Gmail ကို အသုံးပြုပြီး စာများ အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်နိုင်ရုံသာ မကဘဲ Website နဲ့ Application တော်တော်များများမှာ Log in with Google ဆိုတာ နှိပ်လိုက်ရုံနဲ့ account သက်သက်ဖွင့်စရာမလိုဘဲ Log in ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Gmail ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် ရုံးသုံး၊ ကျောင်းသုံးအပြင် အခြားသော ပရော်ဖက်ရှင်နယ် ဆက်သွယ်မှုများအတွက် စွယ်စုံသုံး Mail system တစ်ခုအနေနဲ့ အသုံး၀င်တာကြောင့် လူတစ်ယောက်ရဲ့ အခြေခံ Digital

Gmail အသုံးပြုနည်းအဆင့်ဆင့် Read More »

Facebook နှင့် Twitter အား Two-Factor Authentication (2 FA) နှစ်ဆင့် သော့ခတ်နည်း

အပိုင်း (၁) Two-Factor Authentication ဆိုတာ ဘာလဲ? 🛡️ Two Factor Authentication (2 FA) ဆိုတာဟာ မိမိဖွင့်ထားတဲ့ အကောင့်ဟာ မိမိရဲ့ အမှန်တကယ် အကောင့် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။(၁) Mobile Phone သို့ပေးပို့သော SMS Code နှင့်(၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code 🛡️ ဥပမာ – မိမိ အသုံးပြုသော Google Account တစ်ခုအတွက် Mobile Phone နံပါတ်ဖြင့် 2FA ထားရှိပါကအကောင့်ထဲသို့

Facebook နှင့် Twitter အား Two-Factor Authentication (2 FA) နှစ်ဆင့် သော့ခတ်နည်း Read More »

Google Lens

Google Lens ဆိုတာ ဘာလဲ Google Lens ဆိုတာ Google ကနေထုတ်လုပ်လိုက်တဲ့ ဓာတ်ပုံ မှတ်မိတဲ့ Application Software တစ်ခုဖြစ်ပါတယ်။ Google Lens ဟာ ကိုယ် Scan လိုက်တဲ့ အရာ၀တ္ထုတစ်ခုကို အသွင်အပြင်အရ ဆန်းစစ်ပြီး ထိုအရာ၀တ္ထုနှင့်သင်ဆိုင်တဲ့ အချက်အလက်များကို ယူဆောင်လာပေးပါတယ်။  ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲ။ Google Lens ကို အဓိကအားဖြင့် ရှာဖွေမှုကိရိယာအဖြစ် အသုံးပြုနိုင်ပါတယ်။ Artificial Intelligence ကို အသုံးပြုထားသာ‌ကြောင့် မိမိဖုန်းကင်မရာမှ Scan လိုက်သော ဓာတ်ပုံများ၊ စာများကို ခွဲခြားသိမြင်နိုင်ကာ အောက်ပါအချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။ ထိုအချက်တွေကြောင့် Google Lens ဟာ သတင်းမှား သတင်းတုတွေမှ ရှောင်ရှားနိုင်ဖို့အတွက် ပုံရိပ်တွေ စာတွေကို

Google Lens Read More »

Twitter အသုံးပြုရာတွင် ‌ ဆောင်ရန် ရှောင်ရန် Do and Don’t များ

ယခုခေတ်နောက်ပိုင်းမှာ ကျွန်တော်တို့လူငယ်အများစုကြားမှာ Twitter အသုံးပြုမှု ရေပန်းစားလာတာကို နေရာတိုင်းမှာ မြင်လာကြားလာရပါတယ်။ Twitter ကို လူပြောမများခင်ကာလတည်းက စတင်အသုံးပြုနေတဲ့ သူတွေအဖို့ ကောင်းမွန်စွာ စနစ်တကျ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့်  ယခုမှ အတွင်းကျကျ စတင်အသုံးပြုဖို့ လေ့လာမယ့်သူတွေအဖို့တော့ Twitter ရဲ့ feature တွေက ကျွမ်းကျင်စွာ သုံးစွဲနိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ယခု ဆောင်းပါးမှာတော့ Twitter အကောင့်ဖွင့်နည်း အပြင် အသုံးပြုရာမှာ သတိထားလိုက်နာသင့်တဲ့  ဆောင်ရန် (Dos) နှင့် ရှောင်ရန် (Don’ts) များကို အသေးစိတ် ပြောပြသွားမှာ ဖြစ်ပါတယ်။  Twitter အကောင့်ဖွင့်နည်း လက်ရှိမှာ သင် Twitter အကောင့် မရှိသေးဘူးဆိုရင်တော့ အောက်ပါ video လေးတွေကို ကြည့်မယ်ဆိုရင်

Twitter အသုံးပြုရာတွင် ‌ ဆောင်ရန် ရှောင်ရန် Do and Don’t များ Read More »

F‌acebook အကောင့် Recovery ပြုလုပ်နည်း အဆင့်ဆင့်

လူတိုင်းလိုလို အသုံးပြုကြတဲ့ Facebook ကို နေ့စဉ် သတင်းတွေဖတ်ရှုဖို့၊ အချင်းချင်းဆက်သွယ်ပြောဆိုဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ အသုံးပြုကြတဲ့အခါ ၄င်းရဲ့ သာမန် Function တွေကိုတော့ လူတိုင်း အသုံးပြုတတ်ကြတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ထပ်ပီး ငြင်းလို့မရတဲ့ တစ်ချက်ကလဲ လူတိုင်း တစ်ကြိမ်တစ်ခါတော့ အကောင့် password မေ့တာမျိုး (သို့) အကောင့် lock ကျတာမျိုး ကြုံဖူးကြတယ်ဆိုတဲ့ အချက်ပါပဲ။  ကျွန်တော်တို့တွေ ယခု ဆောင်းပါးမှာ ပါ၀င်တဲ့ Facebook အကောင့် Recovery ပြုလုပ်နည်းကို ဘယ်အချိန်တွေမှာ လိုအပ်လေ့ရှိလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပါရစေ။  (၁) ကိုယ့်ရဲ့ Facebook အကောင့်ကို အကြာကြီး password မပြောင်းပဲထားမိတဲ့အခါ (၂) ထို့နောက်

F‌acebook အကောင့် Recovery ပြုလုပ်နည်း အဆင့်ဆင့် Read More »