Essential Google Tools & Media Literacy

စာရွက်စာတမ်းပြုစုဖို့ အသုံးဝင်တဲ့ Google Docs အကြောင်း။

အခုခေတ်ဟာ စာရွက်တွေပေါ်မှာ စာစီပြီးဝေမျှနေရတဲ့ခေတ်မဟုတ်တော့ပါဘူး။ onlineမှာ လူအများကြီးတပြိုင်နက်တည်း documentတစ်ခုလုံးကို Google Docs နဲ့ ဘယ်လိုပြင်ဆင်နိုင်ကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Google Docs အကြောင်းကို အသေးစိတ်ဖော်ပြထားတဲ့ ပုံနဲ့ အရင်ဆုံးပြောပြပါ့မယ်။ Google Docs အသုံးပြုပုံ ဗွီဒီယိုတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်။ Google Docs ကို အောက်‌ဖော်ပြပါ Link တွေကနေ ဒေါင်းလုဒ်ပြုလုပ်နိင်ပါတယ်။ Google Docs (Play store)- https://play.google.com/store/apps/details?id=com.google.android.apps.docs.editors.docs&hl=en&gl=US Google Docs (App Store) – https://apps.apple.com/us/app/google-docs-sync-edit-share/id842842640 Google Docs (UpToDown) – https://google-docs.en.uptodown.com/android Google Docs (APK pure) – https://m.apkpure.com/google-docs/com.google.android.apps.docs.editors.docs

စာရွက်စာတမ်းပြုစုဖို့ အသုံးဝင်တဲ့ Google Docs အကြောင်း။ Read More »

Google Form အသုံးပြုနည်း

စစ်တမ်းတွေကောက်တာ၊ ထင်မြင်ချက်တွေမေးမြန်တာ၊ သင်တန်းသားရဲ့ အချက်အလက်တွေကို စာရင်းသွင်းဖို့အတွက် စာရွက်ကို အသုံးပြုနေကြတုန်းလား။ ၂၁ ရာစု ဒစ်ဂျစ်တယ်ခေတ်မှာ ဒီလိုစာရွက်တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ Google form ကို အသုံးပြုပြီးတော့ ထင်မြင်ယူဆချက်တွေကို မေးမြန်းလို့ရနေပါပြီ။ အရင်ဆုံး အောက်ပါပုံကနေ Google Form အကြောင်း လေ့လာကြည့်ကြရအောင်… Google Form ကို ဖုန်းမှာဆိုရင် ဘယ်လိုအသုံးပြုလို့ရလဲ ဆိုတာကို အောက်က ဗွီဒီယိုလေးကနေကြည့်ရအောင်နော်.. Google Form ကို ကွန်ပျူတာ မှာ ဘယ်လို အသုံးပြုလို့ရလဲ ဆိုတာကို အောက်က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ Google Form ကို အသုံးပြုပြီး စစ်တမ်းကောက်တာတွေ ထင်မြင်ချက်ကောက်ယူတာတွေမှာ အဆင်ပြေကြပါစေနော်။

Google Form အသုံးပြုနည်း Read More »

Google Chrome Browser မှာ ရှာဖွေလေ့လာကြမယ်။

21st Century Skill လို့ ပြောလိုက်တာနဲ့ Browsing Skill ကလဲ မပါမဖြစ်ပါပဲ။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ သိချင်တာတစ်ခုခုကို စာအုပ်တွေမှာ ရှာဖွေမယ်ဆိုရင် အချိန်အများကြီးပေးရမှာ အသေအချာပါပဲ။ သိချင်တဲ့အကြောင်းအရာတစ်ခုခုကို အလျင်မြန်ဆုံး ရှာဖွေသိရှိနိုင်ဖို့ Google Chrome Browser ကို အသုံးပြုကြဖို့ အကြံပြုပါရစေ။ Google Chrome အသုံးပြုပုံကို အောက်ပါပုံကနေ လေ့လာကြည့်ကြရအောင်နော်…… Infographic ကြည့်ပြီးပြီဆိုရင် Google Chrome ကို ဖုန်းမှာအသုံးပြုပုံအကြောင်း ပြောပြပေးထားတဲ့ ဗွီဒီယိုကို ကြည့်ရအောင်နော်… ကွန်ပျူတာမှာရော Google Chrome ကို ဘယ်လို အသုံးပြုနိုင်လဲ ဆိုတာကို အောက်က ဗွီဒီယိုမှာကြည့်ရှုလိုက်ပါ။ Google Chrome ကို အောက်က linkတွေကနေ ဒေါင်းလုဒ်ပြုလုပ်နိုင်ပါတယ်။ Google

Google Chrome Browser မှာ ရှာဖွေလေ့လာကြမယ်။ Read More »

Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive အကြောင်း။

အခုချိန်အထိ Memory Stick တွေမှာ ဖိုင်တွေထည့်ပြီး သိမ်းဆည်းတာတွေလုပ်နေတုန်းလား။ Digital ခေတ် မှာ ဖိုင်တွေကို Stick နဲ့ သိမ်းဆည်းနေသေးတယ်ဆိုရင်တော့ သင်ဟာခေတ်နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဖိုင်တွေကို သိမ်းဆည်းဖို့ Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive ကို စမ်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။ Google Drive အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ အခု ထပ်မံပြောပြချင်တာကတော့ Google Drive ကို ဖုန်းမှာ အသုံးပြုပုံ ဗွီဒီယိုပဲဖြစ်ပါတယ်။ အောက်မှာပြပေးမယ့် ဗွီဒီယို ကတော့ Google Drive ကို ကွန်ပျူတာမှာ အသုံးပြုပုံကို ရှင်းပြပေးထားတာဖြစ်ပါတယ်။ ကဲ.. အခုဆိုရင်တော့ Google Drive အသုံးပြုပုံတွေသိသွားပြီဆိုတော့

Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive အကြောင်း။ Read More »

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ

သတင်းစီးဆင်းနှုန်းတွေ မြန်ဆန်လာတာနဲ့အမျှ သတင်းအမှားတွေကို ဆန်းစစ်နိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် သေချာစွာစစ်ဆေးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ၀ေမျှလိုက်ပါတယ်။ 🔍သတင်းရရှိရာ အရင်းအမြစ်ကိုဆန်းစစ်ပါ။ ကိုယ်ကြည့်နေတဲ့ သတင်းက ယုံကြည်စိတ်ချရလားဆိုတာကို စစ်ပါ။ ပြီးရင် သတင်းစတင်ဖြန့်ဝေတဲ့ အချိန်၊ ရက်ဆွဲ အစရှိသည့် အသေးစိတ်အချက်အလက်တွေကိုပါ သေချာစွာ စစ်ဆေးပါ။ 🔍သတင်းဖြန့်သူ၏ credibility ကို ဆန်းစစ်ပါ။ သတင်းရေးသားသူ (သို့) သတင်းဖြန့်ဝေသူ၏ သတင်းအချက်အလက်ခိုင်ခံ့မှုကို စစ်ဆေးပါ။ သတင်းဖြန့်ဝေသူ၏ ယခင်ရေးသားထားသော သတင်းများ၏မှန်ကန်မှု၊ ခိုင်ခံ့မှု များကိုစစ်ဆေးပါ။ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ဖြစ်ပါက Follower အရေအတွက် Blue Mark ပါမပါ အစရှိသဖြင့် စစ်ဆေးနိုင်ပါသည်။ 🔍သတင်းရှာဖွေမှုကို ချဲ့ထွင်ပါ။ သတင်းအရင်းအမြစ်တစ်ခုတည်းကိုပဲ မမှီခိုပါနဲ့။ သတင်းရရှိရာ သတင်း မီဒီယာ (သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆီကနေပဲ မလက်ခံပါနဲ့။

နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ Read More »

Gmail အသုံးပြုနည်းအဆင့်ဆင့်

Gmail ဆိုတာ ဘာလဲ? လူသုံးအများဆုံးဖြစ်တဲ့ Gmail ဆိုတာ Google Mail ဖြစ်ပါတယ်။ Google ကနေ မိတ်ဆက်ထားတဲ့ Mail System တစ်ခုဖြစ်ပါတယ်။ Gmail ကို အသုံးပြုပြီး စာများ အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်နိုင်ရုံသာ မကဘဲ Website နဲ့ Application တော်တော်များများမှာ Log in with Google ဆိုတာ နှိပ်လိုက်ရုံနဲ့ account သက်သက်ဖွင့်စရာမလိုဘဲ Log in ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Gmail ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် ရုံးသုံး၊ ကျောင်းသုံးအပြင် အခြားသော ပရော်ဖက်ရှင်နယ် ဆက်သွယ်မှုများအတွက် စွယ်စုံသုံး Mail system တစ်ခုအနေနဲ့ အသုံး၀င်တာကြောင့် လူတစ်ယောက်ရဲ့ အခြေခံ Digital

Gmail အသုံးပြုနည်းအဆင့်ဆင့် Read More »

Google Lens

Google Lens ဆိုတာ ဘာလဲ Google Lens ဆိုတာ Google ကနေထုတ်လုပ်လိုက်တဲ့ ဓာတ်ပုံ မှတ်မိတဲ့ Application Software တစ်ခုဖြစ်ပါတယ်။ Google Lens ဟာ ကိုယ် Scan လိုက်တဲ့ အရာ၀တ္ထုတစ်ခုကို အသွင်အပြင်အရ ဆန်းစစ်ပြီး ထိုအရာ၀တ္ထုနှင့်သင်ဆိုင်တဲ့ အချက်အလက်များကို ယူဆောင်လာပေးပါတယ်။  ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲ။ Google Lens ကို အဓိကအားဖြင့် ရှာဖွေမှုကိရိယာအဖြစ် အသုံးပြုနိုင်ပါတယ်။ Artificial Intelligence ကို အသုံးပြုထားသာ‌ကြောင့် မိမိဖုန်းကင်မရာမှ Scan လိုက်သော ဓာတ်ပုံများ၊ စာများကို ခွဲခြားသိမြင်နိုင်ကာ အောက်ပါအချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။ ထိုအချက်တွေကြောင့် Google Lens ဟာ သတင်းမှား သတင်းတုတွေမှ ရှောင်ရှားနိုင်ဖို့အတွက် ပုံရိပ်တွေ စာတွေကို

Google Lens Read More »

ProtonMail အကြောင်း သိကောင်းစရာ

ProtonMail ဟာ ဘာလဲ? ProtonMail ဟာ လူအများစု အသုံးပြုလေ့ရှိသော G-mail ကဲ့သို့ပင် ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသည့် အသုံးပြုသူ နှစ်ဦးကြားသာ ဖတ်နိုင်သော End-to-end encryption ပါ၀င်တဲ့ အခမဲ့ email service တစ်ခု ဖြစ်ပါတယ်။ ProtonMail Account တစ်ခုကို မဖွင့်တတ်သေးဘူးဆိုရင်တော့ ဘယ်လိုဖွင့်ရလဲ သိရအောင် အောက်က ပုံထဲက အဆင့်တွေအတိုင်း လုပ်ဆောင်ပြီး ProtonMail Account တစ်ခုကိုဖန်တီးလိုက်ပါ။ 👇👇👇 ProtonMail နဲ့ Gmail နဲ့ ဘာတွေ ကွာခြားကြသလဲ?  ကျွန်တော်တို့အများစုရဲ့ နေ့စဥ်လုပ်ငန်းခွင်နဲ့ ပရော်ဖက်ရှင်နယ် ကိစ္စရပ်တွေမှာ Gmail ကို အသုံးပြုမှု အများဆုံးဖြစ်တာကြောင့် ProtonMail ကို ပြောင်းလဲအသုံးပြုဖို့ ကိစ္စဟာ ကျွန်တော်တို့နဲ့ အနည်းငယ်

ProtonMail အကြောင်း သိကောင်းစရာ Read More »

လမ်းပျောက်နေတဲ့အခါ သုံးဖို့ အင်တာနက်မလိုတဲ့ မြေပုံ🗺

ဘယ်သွားရမှန်းမသိ ဖြစ်တတ်လား? လမ်းပျောက်တဲ့အခါ လမ်းကြောင်းရှာဖို့အတွက်ဖြစ်ဖြစ်၊ လမ်းအနေအထားတွေကို ကြိုလေ့လာဖို့အတွက်ဖြစ်ဖြစ် Map App တွေကို အသုံးပြုသင့်ပါတယ်။ဒါကြောင့် Map App တွေထဲက သုံးရလွယ်ကူပြီး။ အဆင်ပြေတဲ့ App နှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ပထမတစ်ခုကတော့ Google Maps ပါ။ Online ဖွင့်ပြီး သုံးဖို့လိုပါတယ်။နောက်တစ်ခုကတော့ Maps.Me ပါ။ သူကတော့ Offline Map ဖြစ်ပါတယ်။ အင်တာနက်မရတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။တကယ်လို့ Offline Map ကို ထပ်ပြီး ဖုန်းထဲမထည့်ထားချင်ဘူးဆိုရင် Google Maps ကိုလည်း အောက်က ပုံမှာပြထားတဲ့အတိုင်း Offline အသုံးပြုလို့ရပါတယ်။သင့်အနေနဲ့ Digital Tools များ Cyber Safety အကြောင်းများနဲ့ ပတ်သက်ပြီး သိရှိလိုပါက MYEO သို့

လမ်းပျောက်နေတဲ့အခါ သုံးဖို့ အင်တာနက်မလိုတဲ့ မြေပုံ🗺 Read More »