Cyber Security

Social Media Account များ နဲ့ Mail Account များ၏ လုံခြုံမှု🔏

ဒီ ၂၁ ရာစုအချိန်မှာ လူတိုင်းအားလုံးနီးပါး အလုပ်အတွက်ဘဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအတွက်‌ ကြောင့်ဘဲဖြစ်ဖြစ် Social Media Accounts (Facebook, Twitter, Instagram) တွေ နဲ့ Gmail၊ Email တွေကို အသုံးပြုကြလေ့ရှိပါတယ်။ဒီအရာတွေကို အသုံးပြုကြတဲ့အခါမှာ ကောင်းမွန်စွာ ထိထိရောက်ရောက် အသုံးပြုတတ်ဖို့လိုသလို လုံခြုံစွာနဲ့ အခိုးခံရတာတွေမရှိအောင်လည်း သုံးတတ်ကြဖို့ အရေးကြီးပါတယ်။အခြေခံအလေ့အကျင့်အနေနဲ့ အရေးကြီးတဲ့ Cyber security တွေအချိုးဖောက်မခံရဖို့ဆို ကျွန်တော်တို့ အသုံးပြုတဲ့ Digital App တိုင်းကို Two Factor Authenticator (2FA)လို့ခေါ်တဲ့ ထပ်ဆင့် password ခံခြင်းမျိုးလုပ်ဖို့လိုအပ်ပါတယ်။2FA ခံကြတဲ့နေရာမှာလည်း ဖုန်းနံပါတ်တွေနဲ့ အသုံးပြုတာထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ third party app တွေကို အသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဖုန်းနံပါတ်ကို အသုံးပြုပြီး 2FA

Social Media Account များ နဲ့ Mail Account များ၏ လုံခြုံမှု🔏 Read More »

ဖုန်းက SMS Message ပို့တဲ့အခါ လုံလုံခြုံခြုံ ပို့နိုင်ဖို့ Silence 📲

ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက် အင်တာနက်ကနေတစ်ဆင့် ပြောဆိုဆက်သွယ်တဲ့အခါ ကျွန်တော်တို့ရဲ့ Privacy နဲ့ Security တွေ အချိုးဖောက်မခံရဘဲ ပြောဆိုဆက်သွယ်တတ်ဖို့ဟာ အလွန်ပဲအရေးကြီးလာပါတယ်။အရင်နေ့ကတော့ အင်တာနက်ပေါ်ကနေ Communication Apps တွေမှာပါတဲ့ Features တွေအကြောင်း ပြောပြရင်း cyber လုံခြုံရေးကို သတိထားပြီး ထိရောက်စွာ အသုံးချကြဖို့ ဝေမျှခဲ့ပါတယ်။ (Communication APP features များ post : )အခုတစ်ခေါက်မှာတော့ အင်တာနက်မရှိတဲ့အချိန် message ပို့ပြီး ပြောဆိုဆက်သွယ်ရတဲ့အခါ ကိုယ်ပို့တဲ့စာတွေရဲ့အကြောင်းအရာကို Telecom Operators တွေ၊ Vendors တွေ နဲ့ အခြားသူတွေ အလွယ်တကူကြည့်ရှုလို့မရအောင်၊ ကိုယ့်ဖုန်းပျောက်ခဲ့ရင်တောင် ပို့ထားခဲ့ဖူးတဲ့ စာတွေမမြင်ရအောင် လုပ်ထားလို့ရတဲ့အကြောင်းလေးကို မျှဝေပေးသွားပါမယ်။👇👇အဲလို လုပ်ထားဖို့ကတော့ Application တစ်ခုသုံးဖို့လိုအပ်ပါတယ်။

ဖုန်းက SMS Message ပို့တဲ့အခါ လုံလုံခြုံခြုံ ပို့နိုင်ဖို့ Silence 📲 Read More »

လုံခြုံသည့် Appများကို သိနိုင်သည့် အချက်များ⚙

အခုဆိုရင် ကျွန်တော်တို့ အားလုံး အင်တာနက်ကို application အမျိုးမျိုးနဲ့ အလျင်အမြန် အသုံးပြုလာကြရပြီး ဖြစ်ပါတယ်။အွန်လိုင်းကိုပဲ အဓိကအသုံးပြုပြီး ဆက်သွယ်နေရတဲ့ အချိန်မှာ ကိုယ့်ရဲ့ Cyber Security ဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကို်အသုံးပြုနေတဲ့ Communication Apps တွေက ဘယ်လို Features တွေပါတယ်။ အဲ့ဒီပါတဲ့ Features တွေက ဘာကိုဆိုလိုတယ် ဆိုတာကို သိထားသမျှ ဝေမျှပါရစေ။ 🎯End-to-end encryption End-to-end encryption (E2EE) ဆိုတာကတော့ ဆက်သွယ်သူနှစ်ဦးနှစ်ဖက်ပဲ မြင်နိုင်မယ့် ဆက်သွယ်ရေးစနစ်ပါ။ Telecom providers တွေ၊ Internet providers တွေ၊ ဆက်သွယ်ရေးစနစ်ကိုထောက်ပံ့ပေးသူတွေတောင် ဝင်ကြည့်လို့မရတဲ့စနစ်ဖြစ်ပါတယ်။ဒါကြောင့် Messaging Apps တွေမှာ End-to-end encryption ပါဝင်တာကို

လုံခြုံသည့် Appများကို သိနိုင်သည့် အချက်များ⚙ Read More »

လမ်းပျောက်နေတဲ့အခါ သုံးဖို့ အင်တာနက်မလိုတဲ့ မြေပုံ🗺

ဘယ်သွားရမှန်းမသိ ဖြစ်တတ်လား? လမ်းပျောက်တဲ့အခါ လမ်းကြောင်းရှာဖို့အတွက်ဖြစ်ဖြစ်၊ လမ်းအနေအထားတွေကို ကြိုလေ့လာဖို့အတွက်ဖြစ်ဖြစ် Map App တွေကို အသုံးပြုသင့်ပါတယ်။ဒါကြောင့် Map App တွေထဲက သုံးရလွယ်ကူပြီး။ အဆင်ပြေတဲ့ App နှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ပထမတစ်ခုကတော့ Google Maps ပါ။ Online ဖွင့်ပြီး သုံးဖို့လိုပါတယ်။နောက်တစ်ခုကတော့ Maps.Me ပါ။ သူကတော့ Offline Map ဖြစ်ပါတယ်။ အင်တာနက်မရတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။တကယ်လို့ Offline Map ကို ထပ်ပြီး ဖုန်းထဲမထည့်ထားချင်ဘူးဆိုရင် Google Maps ကိုလည်း အောက်က ပုံမှာပြထားတဲ့အတိုင်း Offline အသုံးပြုလို့ရပါတယ်။သင့်အနေနဲ့ Digital Tools များ Cyber Safety အကြောင်းများနဲ့ ပတ်သက်ပြီး သိရှိလိုပါက MYEO သို့

လမ်းပျောက်နေတဲ့အခါ သုံးဖို့ အင်တာနက်မလိုတဲ့ မြေပုံ🗺 Read More »