👹 ‌ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ ❓

စာဖတ်ရန်ကြာချိန် (၃)မိနစ်

တစ်ခါတစ်လေ ဘယ်လောက်ပဲ ကောင်းအောင်နေနေ စိတ်ရှုပ်စရာ စိတ်တိုစရာ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ အဲ့လိုအချိန်မှာ ဒေါသကို မထိန်းနိုင်တဲ့အခါ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ပြဿနာတွေ ကပိုပြီးကြီးထွားသွားတတ်ပါတယ်။ နေ့တိုင်း ကြုံတွေ့လာနိုင်တဲ့ ဒေါသကို နည်းမှန် လမ်းမှန်နဲ့ ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြသွားမှာပါ 🔮🛡

ဒီလို ဒေါသထွက်စရာတွေ ကြုံလာရပြီဆိုတဲ့အခါ အောက်ပါအချက် ၁၀ ချက်အတိုင်း ပြုလုပ်ကြည့်ပါ။ အမှားနည်းကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်


1️⃣ မပြောခင် စဉ်းစားပါ။ 🤔
စိတ်တို ဒေါသထွက်နေတုန်း မှာ ပြောလိုက်တဲ့ စကားလုံးတွေကြောင့် သွေးအေးသွားတဲ့အခါ မျက်နှာပျက်စရာတွေ တဖက်လူကို အားနာရတာမျိူးတွေ ကြုံတွေ့ရတတ်ပါတယ် ♨️ 🤯

2️⃣ စိတ်ငြိမ်သွားတဲ့ အခါမှ မင်းဒေါသထွက်နေကြောင်း ဖော်ပြပါ 🧎‍♀️
ဒီနေရာမှာ တစ်ခုသတိထားရမှာက သွေးပူပြီး ရှူးရှူးရှဲရှဲတွေ ဖြစ်နေတဲ့ အချိန် မဖော်ပြမိစေရန် အရေးကြီးပါတယ်နော် ❌
သွေးနဲနဲ အေးပြီး စိတ်ငြိမ်သွားတဲ့ အခါမှသာ ကိုယ် ဘယ်လောက်စိတ်ဆိုးကြောင်း၊ ဘယ်လို အပြုအမူ ဘယ်လို လုပ်ရပ်တွေဆို မကြိုက်ကြောင်းကို ကောင်းကောင်းမွန်မွန် ပြောပြ ဖော်ထုတ်သင့်ပါတယ်နော် 🧐


3️⃣ အားကစား တစ်ခုခုလုပ်ပေးပါ 🚴‍♀️
စိတ်တိုနေတဲ့ အခါမျိုးမှာ လမ်းလျှောက်ထွက်တာ ဖြစ်ဖြစ် ၊ ပြေးတာမျိုး ဖြစ်ဖြစ် ပြုလုပ်ခြင်းဖြင့်လဲ ဒေါသကို လျော့ချနိုင်ပါတယ် 🙆‍♀️ 🙆‍♂️

4️⃣ အချိန် အနည်းငယ်ယူလိုက်ပါ
အခုခေတ်စားနေတဲ့ စကားနဲ့ပြောရမယ်ဆိုရင် take a break ခနလုပ်လိုက်ပါပေါ့နော်။ ကိုယ့်ကို စိတ်တို ဒေါသထွက်စေတဲ့ လူတစ်ဦးတစ်ယောက် သို့မဟုတ် အကြောင်းအရာ တစ်ခုကို မစဉ်းစား မဆက်ဆံပဲခန အချိန်ယူလိုက်တာမျိူးပေါ့ ⏳


5️⃣ ဖြစ်နိုင်မယ့် အဖြေကို ရှာပါ 🎯
ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေကာ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေမယ့် ဖြေရှင်းချက် နည်းလမ်းမျိုးကို ချင့်ချိန် စဉ်းစားပါ 🗝 🤔


6️⃣ ကျွန်တော် ကျွန်မဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးပါ 🗣
သွေးပူနေတဲ့ အချိန်မို့လို့ စိတ်မထိန်းနိုင်တဲ့ အခါ ရိုင်းရိုင်းစိုင်းစိုင်း တွေ ထွက်မိနိုင်တာမို့ စကားပြောတဲ့ အခါ အရှေ့က ကျွန်တော်ကျွန်မ ဆိုတဲ့ အသုံးအနှုန်းကို သုံးခြင်းအားဖြင့် နောက်ထွက်လာမယ့် စကားလုံးတွေအတွက် အော်တို ဘရိတ်အုပ်မိပြီးသား ဖြစ်ပါလိမ့်မယ် 🕸 💨


7️⃣ မကျေနပ်ချက်ကြီးကို မဆွဲကိုင်ထားသင့်ပါ 🧘🏻‍♀️
ခွင့်လွှတ်လိုက်ခြင်းက အကောင်းဆုံးအဖြေ ဆိုသော်ငြားလည်း မခွင့်လွှတ်နိုင်ရင်တောင် တစ်ဖက်လူအပေါ် မကျေနပ်ချက်ကြီးနဲ့ မြင်နေကြည့်နေမယ့် အစား စိတ်ရှင်းရှင်းနဲ့ ကြည့်လိုက်တာက ကိုယ့်စိတ်ကို အေးချမ်းသွားပါလိမ့်မယ် 🆒


8️⃣ ဟာသတွေ ပြောလိုက် တွေးလိုက်ခြင်းဖြင့် ဒေါသကို လျော့ချ လိုက်ပါ 😅
ဟာဒယ လို့ ခေါ်တဲ့ စိတ်ကို ရယ်ရွှင်မြူးစေတဲ့ အကြောင်းအရာတွေက ဖြစ်ပေါ်နေတဲ့ ဒေါသရဲ့ အရှိန်ကို သိသိသာသာ လျော့ကြသွားစေနိုင်ပါတယ် 💠 🎈


9️⃣ စိတ်ပြေလက်ပျောက် ဖြစ်မယ့် အရာတွေကို ကျင့်သုံးပါ 🎼🎶
တရားမှတ်တာ၊ သီချင်းနားထောင်တာ၊ သို့မဟုတ် ကိန်းဂဏန်းတွေ ရေတွက်တာ စတဲ့ နည်းလမ်းတွေကို သုံးခြင်းအားဖြင့် ဒေါသကို အာရုံပြောင်းနိုင်ပါတယ် 💨 💨


🔟 ဘယ်အချိန်မှာအကူအညီရှာရမယ်ဆိုတာသိထားပါ 🧠
စိတ်တိုနေတဲ့ အချိန် ဒေါသကို ထိန်းချုပ်နိုင်ဖို့ဆိုတာ လူတိုင်းအတွက် အင်မတန်မှ ခက်ခဲလွန်းပါတယ်။ အကယ်လို့ ကိုယ်က ဒေါသကို ထိန်းချုပ်ဖို့ ယုံကြည်ချက်မရှိတဲ့ အခါ အနီးအနားက ကိုယ့်ကိုနားလည်ပေးနိုင်မယ့် တစ်ဦးတစ်ယောက်ကို အကူအညီတောင်းသင့်ပါတယ် 🤝

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ ဒေါသကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်နော် 😇

ဒေါသအကြောင်း ဘယ်လောက် သိလဲ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်လိုရင်တော့ အောက်က Link ကို နှိပ်ပါ 👇
https://m.me/myeo.hub?ref=anger

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist