Goi Peace Foundation’s Essay Contest

Type – 

Competition

Description –

ဂျပန်ငွေ ယန်း ၁ သိန်းအထိရရှိနိုင်မယ့် Essay ပြိုင်ပွဲတစ်ခု ဖြစ်ပါသည်။

About –

ဒီ Essay ပြိုင်ပွဲကတော့ Goi Peace Foundation မှဦးစီးကျင်းပပြီး Peace and Sustainable Development ကိုမြှင့်တင်တဲ့နေရာမှာ လူငယ်တွေရဲ့စွမ်းအား၊ တီထွင်ဆန်းသစ်မှုနဲ့ ကိုယ်ပိုင်ဉာဏ်ကို အသုံးချနိုင်အောင် ကြိုးစားမှုတစ်ခုပဲဖြစ်ပါသည်။

ပြိုင်ပွဲဝင်တွေအနေနဲ့ “What is Life?” ဆိုတဲ့ခေါင်းစဉ်ကို ရေးသားရမှာဖြစ်ပြီး English၊ French နဲ့ Japanese ဘာသာ(၃)မျိုးမှာ ကျွမ်းကျင်ရာဘာသာနဲ့ ယှဉ်ပြိုင်နိုင်ပါသည်။

Deadline –

June 15, 2021

Eligibility and Requirements –

– အသက်အားဖြင့် (၁၄) နှစ်အထိကို Children အနေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသက် (၁၅ – ၂၅) နှစ်အထိကိုတော့ Youth အနေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါသည်။

– English နဲ့ French ကတော့ စာလုံးရေ (၇၀၀) ထက်မပိုရပါဘူး။Japanese ဆိုရင်တော့ 1600 Characters ထက်မပိုရပါဘူး။

– Essay ကို စာရိုက်ရမှာဖြစ်ပါသည်။ လက်ရေးမဟုတ်ပါဘူး။

– Font style၊ Size၊ Line Spacing စတာတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်မရှိပေမယ့် Submit လုပ်တဲ့အခါ Microsoft Word ဒါမှမဟုတ် PDF ဖြစ်ရပါမည်။

– Essay က ကိုယ်တိုင်ရေးပြီး တခြားဘယ်နေရာမှာမှ မတင်ဖူးတာဖြစ်ရပါမည်။

– တစ်ယောက်တည်းရေးထားတာဖြစ်ရပါမည်။

Benefits –

– ပထမဆု (၁) ဆု ( Certificate၊ 100,000 Yen နဲ့ လက်ဆောင်)

– ဒုတိယဆု (၃) ဆု (Certificate ၊ 50,000 Yen နဲ့ လက်ဆောင်)

– တတိယဆု (၅) ဆု (Certificate နဲ့ လက်ဆောင်)

– အထူးဂုဏ်ပြုဆု (၂၅) ဆု (Certificate နဲ့ လက်ဆောင်)

*ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုရှင်တွေအနေနဲ့ အွန်လိုင်းကနေ ကျင်းပမယ့် Winners Gathering ကိုလည်း တက်ရောက်နိုင်မှာဖြစ်ပါသည်။

How To Apply – 

Essay ရေးပြီးတဲ့အခါ အွန်လိုင်းကနေ Submit လုပ်ရမှာဖြစ်ပြီး အောက်ပါ Link ကနေ ပို့နိုင်ပါသည်။

Registration link>> Click here

For More Information –

Official Website Link>> Click here

Please do visit the official website for more details.