UNDP Graduate Programme

Type :

Exchange

Description :

ဘွဲ့ရလူငယ်များ နိုင်ငံတကာတွင်အလုပ်လုပ်ကိုင်ရင်း ပညာသွားရောက်သင်ယူနိုင်မည့် Graduate Programme တစ်ခုဖြစ်ပါသည်။ UNDPသည်ထူးချွန်သောလူငယ်ဘွဲ့ရများအားနိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွင်စတင်ရန်နှင့် SDGs(စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ)ဆီသို့ ဦးတည်သောတိုးတက်မှုကို  အရှိန်မြှင့်တင်ရန်လိုအပ်သောစွမ်းရည်များနှင့်အတွေ့အကြုံများကိုရရှိစေရန်အတွက် ဤ (၂) နှစ်တာ Graduate Programme ကိုရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။အောင်မြင်သောလျှောက်ထားသူများသည်ကမ္ဘာတစ်ဝှမ်းရှိ Bangladesh (Dhaka); Denmark (Copenhagen), Laos (Vientiane), Maldives (Male), Mongolia (Ulaanbaatar), Papua New Guinea (Port Moresby), Samoa (Apia), Thailand (Bangkok), Timor-Leste (Dili), Turkey (Istanbul), United States (New York) အစရှိသောနိုင်ငံများတွင်သွားရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

Duration :

2 Years 

Deadline :

4th July , 2021

 Eligibility :

  • သက်ဆိုင်ရာနယ်ပယ်၌ Master’s degree ရရှိထားသူ (ဘွဲ့ရရှိပြီးနောက် 1 နှစ်ထက်မပို‌သောသက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ) ဖြစ်ရမည်။
  • သက်ဆိုင်ရာနယ်ပယ်၌ Bachelor’s degree ရရှိထားသူ(ဘွဲ့ရရှိပြီးချိန် ၃ နှစ်မပိုရ၊သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရမည်။၊)
  • ရရှိထားသောဘွဲ့သည် UNDP ၏ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များကိုမြှင့်တင်ရန်လုပ်ဆောင်နေသည့်နိုင်ငံများမှဖြစ်သင့်သည်။
  • Program နှင့် policy stream အတွက် political science, public administration, international relations, development studies, economics, statistics, data management, environmental science (သို့) သက်ဆိုင်ရာနယ်ပယ်တွင်ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • Corporate operations stream အတွက် business or public administration, finance, law, procurement or supply chain management, economics, data management,(သို့) သက်ဆိုင်ရာနယ်ပယ်တွင်ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • အင်္ဂလိပ်စာဘာသာစကားဖြင့် ထိထိရောက်ရောက်အလုပ်လုပ်နိုင်ကြောင်းသက်သေပြနိုင်ရမည်။
  • အချို့သောရာထူးများအတွက်ပြင်သစ်၊ အာရဗီ(သို့မဟုတ်)စပိန်ဘာသာကိုကောင်းစွာသိရှိခြင်းသည်အဆင်ပြေသည်။

Requirements :

  • လျှောက်လွှာကိုအင်္ဂလိပ်ဘာသာဖြင့်ဖြည့်စွက်ရမည်။

 Benefits :

  1. ၁နှစ် international professional entry-level စာချုပ် (performanceပေါ်မူတည်၍သက်တမ်းတိုးနိုင်သည်။)
  2. Competitive Salary
  3. ခရီးသွားလာရမည့်လေယာဉ်လက်မှတ်.
  4. နှစ်စဉ်ခွင့်ရက်
  5. ဖျားနာခွင့်
  6. ကျန်းမာရေးနှင့်မသန်စွမ်းမှု အာမခံ

How To Apply :

Application Form >> https://undp.apply.cappats.com/Account/Login?ReturnUrl=%2fjobs%2fapply%2f13

For More Information :

Official website link >> https://www.undp.org/careers/types-opportunities/undp-graduate-programme

Please do visit the official website link for more details.