ရှောင်လွဲဖို့ခက်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ နည်းလမ်းကောင်းများ

နေ့စဉ််ဘဝမှာ ကြုံတွေ့ရတတ်တဲ့ ရှောင်လွဲဖို့ခက်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

နေ့စဉ်အမျှ လုပ်ငန်းတာဝန်တွေ လုပ်ဆောင် ရတဲ့ အချိန်စီမံမှုများကို ကောင်းစွာ မစီမံနိုင်တဲ့အခါမှာ စိတ်ဖိစီးမှုတွေ ဖြစ်ပါလာတတ်ပါတယ်။ စိတ်ဖိစီးမှု အမျိုးအစား နှစ်ခုရှိပါတယ်။

  1. မိမိဘဝအတွက် တိုးတက် ကောင်းမွန်တဲ့အရာတွေကို ကြိုးစားရုန်းကန်ရင်း ရလာတဲ့ စိတ်ဖိစီးမှုနဲ့ ( Growth Stress ) နဲ့
  2. ပတ်ဝန်းကျင်ကြောင့် မိမိ မိသားစုမှ ဖြစ်ပေါ်လာတဲ့ ပြသနာ အကြောင်းအရာတွေကြောင့် ရတဲ့ စိတ်ဖိစီးမှု ( Inhealth Stress)
    ဆိုပြီး ၂ မျိုးရှိပါတယ်။ လူအများစု စိတ်ဖိစီးမှုကို ကျော်ဖြတ်တဲ့အခါမှာ မကျန်းမာတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလေ့ရှိပါတယ်။

စိတ်ဖိစီးမှုတွေကို  ကိုင်တွယ် ဖြေရှင်းခြင်းနည်းများ

ကောင်းမွန်တဲ့ နည်းလမ်းများနဲ့ စိတ်ဖိစိမှုကို ကိုင်တွယ်ဖြေရှင်းခြင်။

  • သီချင်းဆိုခြင်း။
  • သီချင်း နားထောင်ခြင်း
  • ခံစားချက်ကို ရေးချခြင်း
  • တရားထိုင်ခြင်း

ကောင်းမွန်သော ၊ မိမိကိုယ်ကို ကူညီနိုင်သော နည်းလမ်းများ ကျင့်သုံးသူများသည် ပြင်းထန်သော ဖိစီးမှုများနှင့် တွေ့ရသော်ငြား မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ရေရှည်ပြဿနာများကို ရှောင်ရှားနိုင်ပါတယ်၊

အန္တရယ်ဖြစ်စေတဲ့ နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို ဖြေရှင်ခြင်း

  • စိတ်ထွက်ပေါက်အဖြစ် အရက်သောက်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသောဒေါသကို အခြားသူများအပေါ်ပုံချခြင်း
  • ပေါက်ကွဲခြင်း၊ ခိုက်ရန်ဖြစ်ခြင်း

မကျန်းမာတဲ့ နည်းလမ်းကျင့်သုံးသူများ သည် ပြဿနာမှ ရုန်းမထွက်နိုင်ဖြစ်ရပြီး နေ့စဉ်ဘဝလုပ်ဆောင်မှုများတွင်ပါ ထိခိုက်လာရပါတယ်။

လူတိုင်းမှာ မတူညီတဲ့ စိတ်ထွက်ပေါက် နှင့် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများရှိပါတယ်။

မိမိကိုယ်ကိုသော်လည်းကောင်း၊ တပါးသူကိုသော်လည်းကောင်း အနှောင့်အယှက် အန္တရာယ် တစုံတရာမဖြစ်စေသ၍ အဲဒီနည်းလမ်းက မှန်ကန်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကျင့်သုံးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာနွယ်နီရဲ့ အကြံပြုချက်တွေကို အောက်က linkမှာ ကြည့်ရှုနိုင်ပါတယ်👇🏻