NIGINTERN Program

Type :

Fully Funded

Description :

Scienceနယ်ပယ်မှ Undergraduate နှင့် Graduate ကျောင်းသားများ ဂျပန်နိုင်ငံတွင် fully funded အစီအစဉ်ဖြင့် အလုပ်လုပ်ကိုင်နိုင်မည့် research internship တစ်ခုဖြစ်ပါသည်။

Duration :

2 months (June 16 – July 27 2022)

Deadline :

7th January 2022

 Eligibility :

  • NIG၏ စည်းကမ်းများလိုက်နာနိုင်ရမည်။
  • NIG တွင် ရရှိသော မထုတ်ဝေရသေးသည့် အချက်အလက်များ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရမည်။
  • NIGINTERN Programတွင် အပြည့်အဝ ကြိုးပမ်းအားထုတ်ပြီး အလုပ်သင်ပရိုဂရမ်နှင့်ဆက်စပ်သော တာဝန်များ၊ အလုပ်များနှင့် ပရောဂျက်များကို ပြီးအောင်လုပ်ဆောင်ပေးနိုင်ရမည်။
  • အလုပ်သင် သက်တမ်း အပြည့် အတွက် ပရောဂျက် တွင် ( အချိန်ပြည့် ၊ သတ်မှတ်ထားသော သက်တမ်း ကုန်ဆုံး သည် အထိ တစ်ပတ်လျှင် ငါးရက် ) ပါဝင်ပြီး မိမိ၏ Supervisorများနှင့် သဘောတူသည့် နေ့ရက်နဲ့ အချိန်အတိုင်းအလုပ်လုပ်ပေးနိုင်ရမည်။
  • သုတေသနရလဒ်များကို အစီရင်ခံရန် စီစဉ်ထားသည့်နေ့တွင် နှုတ်ဖြင့်အစီရင်ခံတင်ပြပေးနိုင်ရမည်။ 
  • အလုပ်သင်သက်တမ်းကုန်ဆုံးချိန်တွင် Essayနှင့် Questionnaire ပေးပို့ပေးရမည်။
  • NIG မှ ဂျပန်နိုင်ငံသို့ အသွားအပြန် စီစဉ်ပေးသည့် boarding pass ဖြတ်ပိုင်းအားလုံးကို တင်ပြပေးရမည်။
  • Undergraduate 4 years program တက်ရောက်နေသော 2nd year သိုမဟုတ် 3rd year ကျောင်းသားများ၊ Master 2 years program တက်ရောက်နေသော 1st year ကျောင်းသားများ၊ 6 year program တက်ရောက်နေသော 5th yearကျောင်းသားများ လျှောက်ထားနိုင်ပါသည်။
  • Internship programတွင် Scientific research, Scientific communication, training session နှင့် lab visit ပါဝင်မည်ဖြစ်ပြီး principal investigator များနှင့်ဆွေးနွေးပြီး presentation များပြုလုပ်နိုင်ရမည်။ 
  • အဆုံးထိcommitmentရှိစွာ ပါဝင်လုပ်ဆောင်နိုင်သူများကိုသာ certificate ပေးအပ်မည်။
  • Activities များအပေါ်မူတည်ပြီး ဂျပန်ဘာသာစကား သင်ယူလေ့လာရန်ပံ့ပိုးမည်။

Requirements :

  • Letter of motivation (500 English words)
  • A Curriculum Vitae (CV) 
  • Scanned Academic transcripts
  • Two recommendation letters from teachers

 Benefits :

  • Transportation fee 
  • Accomodation fee
  • Travel Insurance

How To Apply :

Application Guideline >> http://bit.ly/applyguideNIG 

Application Link >> http://bit.ly/applyNIG 

For More Information :

Official Website >> http://bit.ly/niginternofficial

⚠️ထပ်မံသိရှိလို​သော အ​သေးစိတ်အ​ကြောင်းအရာများအတွက် ​ဖော်ပြထား​သော Official Website Link ကိုဝင်​ရောက်ကြည့်ရှုရန်တိုက်တွန်းပါသည်။⚠️