Facilitation Skill ဆိုတာ ဘာကိုပြောတာလဲ။

Facilitation ဆိုတာက လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေရဲ့ လေ့လာမှု နဲ့ သင်ယူမှုလုပ်ငန်းစဉ်တွေကို အလွယ်တကူ ပြီးမြောက်စေဖို့ ပံ့ပိုးကူညီပေးတာကို Facilitation Skill (ပံ့ပိုးကူညီပေးမှု စွမ်းရည်) လို့ ခေါ်ပါတယ်။

ဥပမာပေးရရင် Facilitation Skills က သင်္ဘောရဲ့ ရွက်လှေနဲ့ တူပါတယ်။ အဖွဲ့တစ်ခု ဆွေးနွေးတိုင်ပင်နေတဲ့ အချိန်ဖြစ်ဖြစ်၊ ကိစ္စတခုခုလုပ်နေတဲ့အချိန်ဖြစ်ဖြစ် ရည်မှန်းထားတဲ့ပန်းတိုင်ကို ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းအပေါ်ရောက်ရှိလာဖို့ တိကျမှန်ကန်မှုရှိစွာနဲ့ ထိန်းကျောင်းပေးတဲ့ အရာတစ်ခုပါပဲ။

ပံ့ပိုးကူညီမှု စွမ်းရည် ရှိလာအောင် ဘာတွေလုပ်ရမလဲ။

၁။ ရည်မှန်းချက် ပန်းတိုင် ချမှတ်ပါ။
၂။ တာဝန်များ ချမှတ်ပါ။
၃။ အဖွဲ့ဝင် တစ်ယောက်ချင်းအပေါ် ပြောဆို ဆက်သွယ်ပါ။
၄။ အပြုသဘောဆောင်တဲ့ အပြုအမူတွေကို အားပေးပါ။
၅။ အကြံပြုချက်များကို မေးမြန်းပါ။

၁။ ရည်မှန်းချက် ပန်းတိုင် ချမှတ်ပါ။
အဖွဲ့တစ်ခုရဲ့ ရည်မှန်းချက်ကို ချမှတ်ခြင်းက လုပ်ဆောင်နေတဲ့ လမ်းကြောင်းအပေါ် ရောက်အောင် ၉၀% ထိ မှန်ကန်စွာနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် facilitatorလို့ခေါ်တဲ့ ပံ့ပိုးကူညီသူကရည်မှန်းချက်တွေ အပေါ်ရောက်ရှိစေနိုင်တဲ့ ထိရောက်တဲ့ လမ်းညွှန်ချက်တွေ ချပေးနိုင်တာကြောင့် တိကျတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် facilitatorလို့ခေါ်တဲ့ ပံ့ပိုးကူညီသူကရည်မှန်းချက်တွေ အပေါ်ရောက်ရှိစေနိုင်တဲ့ ထိရောက်တဲ့ လမ်းညွှန်ချက်တွေ ချပေးနိုင်တာကြောင့် တိကျတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်။

၂။ တာဝန်များ ချမှတ်ပါ။
တာဝန်တွေကို ခွဲပေးခြင်းက အဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေ၊ အားသာချက်တွေကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ ( ဥပမာ အားသာချက်တစ်ခုခုရှိနေတဲ့ အဖွဲ့ဝင်အပေါ် တာဝန်ခွဲပေးခြင်းက ပိုမိုထိရောက်တဲ့ လုပ်ငန်းစဉ်ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။)

၃။ အဖွဲ့ဝင် တစ်ယောက်ချင်းအပေါ် ပြောဆို ဆက်သွယ်ပါ။
အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေနဲ့ ပြောဆို ဆက်သွယ်တဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးဖြစ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ အဖွဲ့ဝင်တစ်ယောက်ယောက်က သူ့ရဲ့ အကြံဉာဏ်တွေကို ဆွေးနွေးပြောဆိုဖို့ ခက်ခဲနေရင်လည်း နှစ်ကိုယ်ကြား ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။ ဒီလို လုပ်လိုက်တာက အဖွဲ့တိုင်းရဲ့ လူတစ်ယောက်ချင်းဆီမှာရှိတဲ့ အားနည်ချက်၊ အားသာချက် အဆင့်အနေအထားကို သိရှိလာပြီး ပိုမို တိုးတက်ခိုင်မာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၄။ အပြုသဘောဆောင်တဲ့ အပြုအမူများကို အားပေးပါ။
အဖွဲ့ဝင်တွေအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမူတွေ ရှိလာစေဖို့ အားပေးခြင်းက အချင်းချင်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တိုးတက်လာစေပါတယ်။ ဒါက အလုပ်ပိုမိုပြီးမြောက်မှုရှိစေပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ပူးပေါင်းပါဝင်မှု အားကောင်းလာမှာဖြစ်ပါတယ်။

၅။ အကြံပြုချက်များကို မေးမြန်းပါ။
အကြုံပြုချက်တွေကို တောင်းခံခြင်းက အဖွဲ့အစည်းတစ်ခုအတွက် ဒါမှမဟုတ် အသင်းအဖွဲ့အတွက် လိုအပ်ချက်တွေကို သိရှိစေနိုင်တာကြောင့် ပြောင်းလဲ ပြင်ဆင်ဖို့ လိုအပ်တာတွေကို သိရှိနိုင်ပါတယ်။

Facilitation Skillအကြောင်းကို Infographicsမှာ လေ့လာကြည့်ရအောင်…

Facilitation အကြောင်းကို ဗီဒီယိုလေးနဲ့ ကြည့်ရအောင်