Google Drive

1) Introduction to Google Drive

ဒီဗီဒီယိုမှာဆိုရင် Google Drive ဆိုတာက ဘာလဲ၊ Google Drive ကို ဘယ်လိုစတင်အသုံးပြုရမလဲ၊ Drive ထဲမှာရှိတဲ့ အခြေခံ Functions တွေနဲ့ အသုံးပြုပုံတွေကို မိတ်ဆက်ပေးထားပါတယ်။ ဒါကြောင့် Google Drive ကို အခုမှစတင်လေ့လာမယ့်သူတွေအနေနဲ့ အခြေခံအကျဆုံးအဆင့်တွေကနေ စနစ်တကျ စတင်လေ့လာနိုင်မှာဖြစ်ပါတယ်။

2) Getting Started with Drive

Google Drive ထဲမှာ ဖိုင်တွေနဲ့ Folder တွေကို ဘယ်လိုအသုံးပြုရမလဲ၊ Drive ရဲ့ အခြေခံ Interface နဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ ဒီဗီဒီယိုကို လေ့လာပြီးသွားတဲ့အခါ Google Drive ထဲမှာ ဖိုင်တွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ပြီး နေ့စဉ်လုပ်ငန်းတွေမှာ စနစ်တကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

3) Uploading and Creating Files

Google Drive ထဲကို မိမိကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေကို ဘယ်လို Upload တင်ရမလဲ၊ Drive ထဲမှာ ဖိုင်အသစ်တွေနဲ့ Google Docs၊ Sheets၊ Slides စတဲ့ ဖိုင်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဖိုင်တွေကို Drive ထဲမှာ စနစ်တကျ သိမ်းဆည်းပြီး အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

4) Organizing Files and Folders

Google Drive ထဲမှာရှိတဲ့ ဖိုင်တွေနဲ့ Folder တွေကို ဘယ်လိုစနစ်တကျ စီစဉ်သိမ်းဆည်းရမလဲ၊ Folder အသစ်တွေ ဖန်တီးခြင်း၊ ဖိုင်တွေကို ရွှေ့ပြောင်းခြင်းနဲ့ လိုအပ်သလို စီမံခန့်ခွဲခြင်းတွေကို ရှင်းပြထားပါတယ်။ ဒီနည်းလမ်းတွေကို လေ့လာခြင်းအားဖြင့် ဖိုင်အများကြီးရှိနေတဲ့အချိန်မှာတောင် လိုအပ်တဲ့ဖိုင်တွေကို စနစ်တကျ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

5) Searching in Google Drive

Google Drive ထဲမှာ ဖိုင်အရေအတွက်များပြားလာတဲ့အခါ လိုအပ်တဲ့ဖိုင်တွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ Search Function ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ရှင်းပြထားပါတယ်။ ဖိုင်အမည်၊ ဖိုင်အမျိုးအစားနဲ့ အခြားသတ်မှတ်ချက်တွေကို အသုံးပြုပြီး လိုအပ်တဲ့ဖိုင်ကို အချိန်တိုအတွင်း ရှာဖွေနိုင်အောင် လေ့လာရမှာဖြစ်ပါတယ်။

6) Sharing and Permissions

Google Drive ထဲမှာရှိတဲ့ ဖိုင်တွေနဲ့ Folder တွေကို အခြားသူတွေဆီ ဘယ်လိုမျှဝေရမလဲ၊ Share လုပ်တဲ့အခါ အသုံးပြုသူတစ်ဦးချင်းစီအတွက် Permission တွေကို ဘယ်လိုသတ်မှတ်ရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ ဒါကြောင့် မိမိရဲ့ဖိုင်တွေကို လိုအပ်တဲ့သူတွေနဲ့ စနစ်တကျမျှဝေနိုင်ပြီး ဖိုင်အသုံးပြုခွင့်တွေကိုလည်း သင့်တော်သလို စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။

7) Offline Access & Gemini in Google Drive

ဒီဗီဒီယိုမှာဆိုရင် Internet Connection မရှိတဲ့အချိန်မှာ Google Drive ထဲက ဖိုင်တွေကို အသုံးပြုနိုင်ဖို့ Offline Access ပြုလုပ်နည်းနဲ့ Google Drive ထဲမှာ Gemini ကို အသုံးပြုပြီး ဖိုင်တွေနဲ့ အချက်အလက်တွေကို ပိုမိုလွယ်ကူစွာ ရှာဖွေ၊ နားလည်ပြီး အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှင်းပြထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို လေ့လာခြင်းအားဖြင့် Google Drive ကို ပိုမိုထိရောက်စွာ အသုံးချနိုင်မှာဖြစ်ပါတယ်။

8) Google Drive Phone Version