လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း

လုပ်ငန်းခွင်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့တစ်ခု သို့မဟုတ် ကုမ္ပဏီကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊ ဗဟုသုတမျှဝေခြင်း တို့လိုအပ်ပြီး ရုံးတွင်းသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ သင်မည်သည့်လုပ်လုပ်ငန်း တွင် လုပ်ကိုင်သည်ဖြစ်စေ အထက်လူကြီးများ ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်း များ နှင့် ထိရောက်စွာ ဆက်သွယ်နိုင်မှု  အရည်အချင်း က မရှိမဖြစ် လိုအပ်ပါတယ်။

လူအများစုက မတူညီတဲ့ နောက်ခံပေါင်းစုံ ကနေ ဆင်းသက်လာတာဖြစ်ပြီး မတူညီတဲ့ အမြင်တွေ ယုံကြည်ချက်တွေ ရှိတဲ့အခါမှာ ပဋိပက္ခ များ ရံဖန်ရံခါ ကြုံတွေ့ ရင်ဆိုင် တတ်ရပါတယ်။ ကွဲပြားမှုတွေကတစ်ဆင့် ပဋိပက္ခ ဆီကို ဦးတည်လာပြီး ပူပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်လာတတ်ပြီး လုပ်ငန်း တိုးတက်မှုသာမက မိမိရဲ့ အရည်အသွေးတွေလည်း ကျဆင်းလာပြီး အောင်မြင်မှု ရရှိဖို့ ခက်ခဲလာပါတယ်။ 

ပဋိပက္ခ က အဆိုးအမြင်အတွေးများ စိတ်ခံစားမှုများ နဲ့ မကြာခဏ ဆက်စပ်နေပေမယ့် အပြုသဘောဆောင်တဲ့ အနေနဲ့လည်း လုပ်ဆောင်လို့ ရပါတယ်။ ပဋိပက္ခကို ရှောင်ရှားရမယ့် အကောင်းဆုံးအရာကတော့ စီမံခန့်ခွဲခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခကို ရှောင်လွဲ ဖို့အတွက် စီမံ ခန့်ခွဲတတ်ဖို့ အရမ်း အရေးကြီးပါတယ်။ 

ပဋိပက္ခ တစ်ခုမှာ ဒေါသနဲ့စိတ်ပျက်စရာ တွေ ဖြစ်ပေါ်လာတဲ့အခါ ကိုင်တွယ် ကျင့်သုံးရမယ့် အချက်တွေကတော့ 

  • နင့်ကြောင့် ဒီပြသနာ ဖြစ်ရတယ်လို့ စတင် အပြစ်ပြောတာထက် ကျွန်တော်တို့ ဒီလိုလေး အမှားလေး တစ်ခု လွဲခဲ့မိတယ်လို့ အသုံးနှုန်းတွေ နဲ့ ပြောဆိုခြင်းတွေကို ရှောင်ရှားပါ။
  • နင်ဘယ်တော့မှ သို့မဟုတ် နင်အမြဲတမ်း ဆိုတဲ့ စတဲ့ စကားအသုံးနှုန်းတွေ ရှောင်ရှားပါ။
  • တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာထက် သူ့ရဲ့ အပြုမှုဆိုင်ရာ အရည်အသွေးတွေကို ပဲ အာရုံစိုက်ပါ။
  • မိမိဆိုလိုချင်တဲ့ အရာပေါ်မှာပဲ ဦးတည်ပြီး ပြောဆိုပါ။ တစ်ခြားတစ်ဖက်ကို အာရုံမလွဲမိပါစေနဲ။
  • တစ်ဖက်လူရဲ့  ဆက်သွယ်မှုပုံစံ၊ တုံ့ပြန်ချက်တွေ ကို တွေးခေါ်မျှော်မှန်းပါ။
  • မိမိ လိုချင်တဲ့ ရလဒ်က ဘာတွေလဲဆိုတာကို ရှင်းလင်း ဖော်ပြပါ။
  • Win to Win ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း တစ်ဖက်လူလည်း အကျိုုးရ ထိခိုက်မှု မရှိပဲ  မိမိအတွက် အကျိုးရလဒ် ရှိမှုတွေ ရအောင် ဦးတည်ပြီး ဖြေရှင်းပါ။

ပဋိပက္ခ တွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ချက်ချင်း တုံ့ပြန်မှု တွေ မလုပ်ပဲ အသက်ရှုလေ့ကျင့်ခန်း ၃ မိနစ် သို့မဟုတ် ၅ မိနစ်လောက်လေး လုပ်ဆောင်နိုင်ပါတယ်။ 

Tense and Release သတိရှိမှု လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့အတူ မိမိရဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း။

  • ဒေါသအရမ်းထွက်လာတဲ့ အခါမှာ တစ်ယောက်တည်း သီခြားနေပြီး မိနစ်အနည်းငယ်ကြာကြာ စိတ်လေးလျော့ပြီး အသက်ရှုလေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
  • သုံးကြိမ် သို့ ၄ ကြိမ် ဆက်တိုက်  ရှုသွင်း ရှုထုတ် လုပ်ဆောင်ပါ။
  • ရှုသွင်း ရှုထုတ် လုပ်နေရင်း ၄ အထိ ဖြေးဖြေးချင်း ရေတွက်ပေးပါ။
  • နောက်တစ်ကြိမ် ရှုသွင်း ရှုထုတ် လုပ်နေရင်း ၈အထိ ဖြေးဖြေးချင်း ရေတွက်ပေးပါ။
  • အကယ်၍မူးမော်လာရင် ပုံမှန် အသက်ရှုသွင်း လုပ်နေကြ အတိုင်း လုပ်ဆောင်ပါ။
  • အသက်ရှုလေ့ကျင့်ခန်းကို နှစ်ကြိမ် သုံးကြိမ် ဆက်တိုက် လုပ်ဆောင်ပါ။

ခုဆိုရင် လုပ်ငန်းခွင် အတွင်း ပူးပေါင်းလုပ်ဆောင်ချက်တွေနဲ့ ပဋိပက္ခ တွေ ကြုံတွေရတဲ့ အခါ ဘယ်လို ရင်ဆိုင် ဖြေရှင်းရမလဲဆိုတာကို သိသွား ပြီလို့ ထင်ပါတယ်။