ပြဿနာဖြေရှင်းခြင်း

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။ လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ လူအများနဲ့ ပြောဆို ဆက်သွယ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါတယ်။ ဒီလို ပြဿနာများကို များများထိတွေ့ရလေလေ ပြဿနာဖြေရှင်းနိုင်သူ (Problem Solver)တစ်ယောက် ဖြစ်လာပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်၊ တည်တည်ငြိမ်ငြိမ်သတိရှိရှိ လုပ်ဆောင်နိုင်သောစွမ်းရည်များကို လက်တွေ့ ချိတ်ဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းခြင်းက အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်ပြီး တွေးခေါ်မှု စွမ်းရည်တွေကို အသုံးပြု၍ ထိရောက်တဲ့ ဖြေရှင်းချက်များကို ရရှိစေရန် ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ လုပ်ငန်းခွင် အောင်မြင်မှုအတွက် ပြသနာဖြေရှင်း နိုင်ခြင်း စွမ်းရည် က အလွန်အရေးကြီးပါတယ်။

ပြဿနာဖြေရှင်းသူများ၏ အရည်အသွေးများနှင့် စိတ်နေသဘောထားများ

  • မှန်ကန်ခိုင်မာနေပြီးဖြစ်သော အချက်အလက်များနှင့် လက်တွေ့အခြေအနေများကြား ကွဲပြားခြားနားချက်ကို သိရှိထားခြင်း။
  • မှားယွင်းသွားခြင်း (သို့မဟုတ်) အမှားလုပ်မိခြင်းတို့အပေါ် ကြောက်ရွံ့မှု မရှိခြင်း။
  • ရရှိသော အချိန်အကန့်အသတ် အပိုင်းအခြားအတွင်း ပြီးစီးအောင် လုပ်ဆောင်ခြင်း။
  • အခြေအနေအလိုက် လိုက်လျောညီထွေမှုရှိခြင်းနှင့် ပြဿနာအတွက် အဖြေတစ်ခုထက်မကရှာဖွေတတ်ခြင်း။

ပြသနာ ဖြေရှင်းခြင်း နည်းလမ်းမျိုးစုံ ရှိပါတယ်။ အနည်းများ ဆိုသလို တူညီတဲ့အခြေခံ အဆင့်များ ရှိပါတယ်။

၁။ ပြသနာကို ဖော်ထုတ်သတ်မှတ်ခြင်း။

  • မည်ကဲ့သို့သော ပြသနာကို ဖြေရှင်းနေတာလဲ။
  • ပြသနာ အရင်းမြစ်က ဘာလဲ။
  • အကျိုးဆက်တွေက ဘာတွေလဲ။
  • ပြသနာကို ဖြေရှင်းဖို့ အတွက် ဘယ်လို နည်းလမ်းက သင့်တော်ပါသလဲ။
  • ပြသနာက ဘယ်သူတွေ အပေါ် သက်ရောက်နေတာလဲ။
  • ပြသနာကို ဖြေရှင်းဖို့ ဘယ်လို အချက်အလက်တွေ လိုအပ်လဲ။

၂။ စဉ်းစားတွေးတောခြင်း။

  • ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ။
  • ဘယ်လို အကြံညဏ်ကောင်းတွေ တွေးခေါ် ဖန်တီးမလဲ။

၃။ ဖြေရှင်းနည်း တစ်ခုအာား ရွေးချယ်ခြင်း။

  • ဘယ်လို ဖြေရှင်းမှုက အကောင်းဆုံးဖြစ်မလဲ။
  • ဘယ်လို ဖြေရှင်းနည်းက ရည်မှန်းချက်တွေကို အကောင်းဆုံး ဖန်တီးနိုင်မလဲ။
  • ဘယ်လို ဖြေရှင်းနည်းက လက်ခံနိုင်ဆုံး ဖြစ်မလဲ။
  • ဘယ်လို ဖြေရှင်းနည်းက ဒီပြသနာအတွက် အကောင်းဆုံးဖြစ်မလဲ။

၄။ ဖြေရှင်းနည်းကို စမ်းသပ်ခြင်း။

  • ဘာလုပ်မှာလဲ။
  • ဘယ်သူလုပ်မှာလဲ။
  • ဖြေရှင်းနည်းကို ဘယ်လို ဆောင်ရွက်မှာလဲ၊
  • ဘာအရင်းအမြစ်တွေ လိုအပ်မှာလဲ။
  • ဖြေရှင်းနည်းက အလုပ်ဖြစ်မဖြစ်ကို ဘယ်လို သိနိုင်မလဲ။

၅။ ဖြေရှင်းနည်းအား အချောသပ် အတည်ပြုခြင်း။

  • ဖြေရှင်းနည်းက အလုပ်ဖြစ်ခဲ့လား။
  • အလုပ်ဖြစ်မဖြစ် ဘယ်လို သိနိုင်မလဲ။
  • ဘယ်လောက်ထိ အလုပ်ဖြစ်ခဲ့လဲ။
  • ဖြေရှင်းနည်းကို ဘယ်လို ပိုကောင်းအောင် လုက်ရဦးမလဲ။
  • ဖြေရှင်းလိုက်တဲ့ နည်းလမ်းက အခြား ပြသနာတွေပါ ထပ်ပေါ်လာသလား။

လက်တွေ့ လောကတွင်ရှိတဲ့ ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာ အကြံညဏ်တွေကို စမ်းသပ်စစ်ဆေးဖို့ အတွက်  မကြာခဏဆိုသလို အဆင့်တွေကို ရှေ့တိုးနောင်ငင်  ဆောင်ရွက်ရတဲ့ အခါတွေလည်း ရှိပါတယ်။ ဒီလို ဖြစ်စဉ်ကို အစမ်းသပ် ဆောင်ရွက်ခြင်းလို့လည်း ခေါ်ပါတယ်။

အစမ်းသပ်ဆောင်ရွက်ခြင်းကို အောက်ပါပုံတွင် လေ့လာနိုင်ပါတယ်။

အောက်ဖော်ပြပါ ပြဿနာ နမူနာများကို ဖတ်ပြီး မိမိကိုယ်တိုင် ဘယ်လို ဖြေရှင်းမလဲဆိုတာ တွေးခေါ်ပြီး ပြဿနာ‌တွေကို အထက်မှာ ဖတ်ခဲ့တဲ့ အကြောင်းအရာ အချက်အလက်တွေကို အသုံးချပြီး ကိုယ်တိုင် ဖြေရှင်းကြည့်ပါ။

ပြဿနာ ၁

မူမူသည် အွန်းကတစ်ဆင့် ပညာရေး အဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဝင်ငွေသည် သာမန်လုပ်အားခ ထက် အနည်းငယ်မျှ ပိုရသည်။ မူမူသည် အကြောင်းအရာ တစ်ခုကြောင့် လက်ရှိငှားနေတဲ့ အိမ်မှ တစ်ခြား တစ်ခုကို ပြောင်းရွေ့ရသည်။ ပြောင်းရွေ့တဲ့အခါမှာ  အိမ်အသစ်က မီးမရတဲ့အတွက် သူမအတွက် အလုပ်လုပ်ဖို့ ခက်ခဲနေခဲ့သည်။ မီးတာရုံးကို မီးသွားလျှောက်တဲ့အခါမှာ ၁လကြာမှ မီးရမယ်လို့ သိရှိရသည်။ မီးမရတဲ့ ကာလအတွင်း အွန်လိုင်းက အလုပ်လုပ်ရတဲ့ မူမူအတွက် သူမ အလုပ် အဆင်ပြေဖို့ မည်သို့သော ပြသနာဖြေရှင်း နည်းက အကောင်းဆုံးဖြစ်ပါသလဲ။

ပြဿနာ ၂ 

သင်ကြားရေး ဌာနတစ်ခုတွင် ရှိထားသော ဝန်ထမ်းများသည် ကျား/မ နဲ့ လူမျိုး အချိုးမတူညီမှုကို သတိထားမိသည်။ သို့ဖြစ်ပါ၍ သင့်အနေနဲ့ အဆိုပါ ပြသနာကို ဘယ်လို ဖြေရှင်းမလဲ။