လူမှုကွန်ယက်တည်ဆောက်မှုစွမ်းရည် (Social Networking Skills)

၂၁ရာစုမှာ နည်းပညာနဲ့ သတင်းအချက်အလက် လူမှုအဖွဲ့အစည်း လုပ်ဆောင်ချက်တွေ များပြားလာတဲ့အခါမှာ လူမှုဆိုရှယ်မီဒီယာမှ တစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတွေအတွက် လူမှုကွန်ယက် တည်ဆောက်ခြင်း စွမ်းရည်တွေက  မရှိမဖြစ် လိုအပ်လာတဲ့အရာ တစ်ခုဖြစ်ပါတယ်။ မိမိမှာ လူမှုကွန်ယက်များစွာ ရှိခြင်း မိမိ ရဲ့ ချမ်းသာ ကြွယ် တစ်ခုပဲဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် လုပ်ငန်းဆောင်ရွက်တွေ အတွက် သက်ဆိုင်ရာ လူမှုကွန်ယက်တွေ များစွာရှိနေမယ်ဆိုပါက ကိုယ့်ရဲ့ လုပ်ငန်းအတွက် တိုးတက်အောင်မြင်မှုတွေ ရရှိမှာပဲဖြစ်ပါတယ်။

Your Network = Your Net Worth

လူမှုကွန်ရက်တည်ဆောက်ခြင်းဆိုတာဘာလဲ။

အတွေးအမြင်များ၊ စိတ်ဝင်စားမှုများနဲ့ မိမိရဲ့  လှုပ်ရှားမှုများကို မျှဝေရန်အတွက် အချို့သော ကြားခံများမှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို စုစည်းထားခြင်း ဖြစ်ပါတယ်။

အင်တာနက်ခေတ် လူမှုကွန်ယက် တည်ဆောင်ခြင်း 

Facebook, Linkedin,  Twitter နဲ့ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေမှ လူမှုကွန်ယက် တည်ဆောက်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ တည်ဆောက်တဲ့ အခါမှာလည်း မိမိရဲ့ တန်ဖိုးနဲ့ လူအများ မိမိအပေါ် ယုံကြည်မှုတွေ ရှိအောင် တည်ဆောက် နိုင်ရန် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ Social Media Account တွေမှာ လူတွေအများကြီး ရှိနေရုံနဲ့ Networking ကောင်းခြင်းလို့ ယူဆလို့မရပါဘူး။

ကွန်ယက်ချိတ်ဆက်နိုင်မယ့် ပွဲလမ်းများ

  • လူမှုကွန်ယက် ကောင်းတွေ ရနိုင်မယ့် ပွဲတွေကို ရွေးချယ်ပါ။
  • ဘယ်လိုလူတွေ တက်လေ့ရှိတဲ့ ပွဲလဲ ဆိုတာကို သိအောင်လုပ်ပါ။
  • ကိုယ်သိချင်တဲ့ အကြာင်းအရာတွေ အတွက် မေးခွန်းများ ပြင်ဆင်ပါ။
  • လူတွေ သိအောင် ရဲဝံ့ဝံ့ မိတ်ဆက်ပါ။

လူမှုကွန်ယက်တည်ဆောက်ခြင်းစွမ်းရည်ကောင်းမွန်အောင် ဘယ်လိုစတင်လုပ်ဆောင်မလဲ။

  • “မင်္ဂလာပါ” လို့ အရင်ဆုံးနှုတ်ဆက်ကြည့်ပါ။
  • လူမှုကွန်ယက် နဲ့ မိမိဘဝကို တသီးတခြားစီမဖြစ်ပါစေနဲ့
  • တတ်နိုင်သလောက် လူတွေနဲ့ စကားပြောပါ
  • တစ်ပါးသူစကားကို နားထောင်တတ်ပါစေ
  • စူးစမ်းလိုစိတ်ရှိပါစေ