Rise Challenge Program

Rise Challenge Program ဟာဆိုရင် ကမ္ဘာအနှံ့အပြားက အသက်(၁၅)နှစ်မှ အသက်(၁၇)နှစ် လူငယ်တွေအနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကိုယ်ပိုင်ပရောဂျက်တွေပြုလုပ်ရမယ့် Program တစ်ခုဖြစ်ပြီး Online ကနေပဲ ပါဝင်ရမှာဖြစ်ပါတယ်။

ဒီ Program ကနေ Global Winner အနေနဲ့ အယောက်(၁၀၀)ကို ပြန်လည်ရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ Global Winner တွေအနေနဲ့ 

✅Scholarships, 

✅Mentorship, 

✅Career development opportunities, 

✅Funding တွေကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီ Program ကိုပါဝင်ချင်တယ်ဆိုရင်တော့ တခြားဘာမှမလိုအပ်ဘဲ အသက်(၁၅)နှစ်ကနေ (၁၇)နှစ်ဖြစ်ဖို့ပဲလိုပါတယ်။

နောက်ဆုံးလျှောက်ထားရမယ့်ရက်ကတော့ (25 Jan, 2023) ဖြစ်ပါတယ်။

ဒါကြောင့် ပါဝင်လိုသူတွေအနေနဲ့ အောက်ပါ Link မှာ Program အကြောင်း အသေးစိတ်ကြည့်ရှုပြီး လျှောက်ထားနိုင်ပါတယ်။။👇

Program နဲ့ပတ်သက်ပြီးထပ်မံသိချင်သည်များ ကြည့်ရှုရန်👇

https://www.risefortheworld.org/apply-to-rise#faq

ပြီးတော့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ (စင်ကာပူစံတော်ချိန် ညနေ ၆း၀၀ နာရီ) မှာလည်း Program အကြောင်း သိချင်တာတွေ မေးနိုင်မယ့် Information Session ရှိပါတယ်။ လျှောက်ထားလိုသူတွေ၊ စိတ်ပါဝင်စားသူတွေအနေနဲ့ အောက်ပါ Link မှာ စာရင်းပေးတက်ရောက်နိုင်ပါတယ်။👇

https://docs.google.com/forms/d/e/1FAIpQLSfd3tq_jqviAsmd2Kvi44b16DXsapCAxRWpmYh7sKG8ckJ0VA/viewform

ဒါကြောင့် သင်က 

🔶အသက်(၁၅)နှစ်ကနေ (၁၇)နှစ်အတွင်း လူငယ်လည်းဖြစ်တယ်။

🔶နိုင်ငံတကာက လူငယ်တွေနဲ့လည်း Network တစ်ခုရချင်တယ်။

🔶အခွင့်အလမ်းတွေနဲ့ လေ့လာသင်ယူစရာတွေကိုလည်း ရယူချင်တယ်

ဆိုရင်တော့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ ပါဝင်လိုက်ပါ။