Type:
Fully funded
Description:
ASEAN ဒေသတွင်းနှင့် ASEAN မဟုတ်သော ဒေသများမှ ဘွဲ့ရကျောင်းသားများအတွက် ထိုင်းနိုင်ငံ၏ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Chulalongkorn တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများနှင့်အတူ ပညာဆက်လက်သင်ယူခွင့်ရမည့် “Graduate Scholarship Programme”တစ်ခုဖြစ်ပါသည်။
Duration:
2 years to 3 years
(Master ကျောင်းသားများအတွက် ၂နှစ် နှင့် Doctoral ကျောင်းသားများအတွက် ၃နှစ်အထိ ကြာမြင့်နိုင်ပါသည်)
Deadline:
May 30,2023
Eligibility:
- ASEANဒေသတွင်းနှင့် ASEAN မဟုတ်သော ဒေသများမှ နိုင်ငံတကာဘွဲ့ရကျောင်းသားဖြစ်ရမည်။ Chulalongkorn တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် မိမိတို့၏ ဌာနေတက္ကသိုလ်တွင်ပြန်၍ Faculty members, researchers နှင့် Academic Staff အနေဖြင့် အလုပ်ပြန်ဝင်မည့်သူများကို ပို၍ ဦးစားပေးပါမည်။ Chulalongkorn တက္ကသိုလ်တွင် semester တစ်ခုထက်ပို၍ တက်ရောက်နေပါက လျှောက်ထားခွင့်မပြုပါ။
- လျှောက်ထားသူသည် တက္ကသိုလ်ပထမဘွဲ့(Bachelor’s Degree)သို့မဟုတ် မဟာဘွဲ့(Master’s Degree)လက်မှတ်ရရှိထားရမည်ဖြစ်ပြီး ဘွဲ့လက်မှတ်နှင့်တကွ ပညာရေးမှတ်တမ်းများကိုလည်း လျှောက်လွှာနှင့်အတူ ပေးပို့နိုင်ရမည်။
- ပျှမ်းမျှအားဖြင့် ဘွဲ့ကြိုပညာသင်နှစ်အတွက် 2.75မှတ်ထက်မနည်းရ။ဘွဲ့လွန်ပညာသင်နှစ်အတွက် 3.25 မှတ်ထက် မနည်းရ။
- အသက် ၄၀ နှစ်ထက်မကျော်ရ။
- အနည်းဆုံး အင်္ဂလိပ်စာ TOEFL မှတ် 500 နှင့် IELTS Band 5 ရရှိဖို့ လိုအပ်ပါသည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။
Requirements:
- တစ်လက်မဓာတ်ပုံ ပူးတွဲပါ လျှောက်လွှာတစ်စောင်
- ကိုယ်ရေးအကျဉ်း(CV)
- လျှောက်ထားသူ၏ နောက်ဆုံးတက်ရောက်ခဲ့သည့် တက္ကသိုလ်အောင်လက်မှတ်
- ဘွဲ့လက်မှတ်
- ပတ်စပို့(Passport)အတွက် မိတ္တူဓာတ်ပုံတစ်ပုံ
- အကြီးအကဲ၊ဌာနမှူး၊ပါမောက္ခများထံမှ ထောက်ခံစာ(recommendation letter) နှစ်စောင်
- နေထိုင်ရာဒေသ၏ ဆေးရုံမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာတစ်စောင်
Benefits
- Economic classအတွက် ခရီးစရိတ်အနေဖြင့်
ASEAN ကျောင်းသားများအတွက် လေယာဉ်စရိတ် 8500ဘတ်
Asian ကျောင်းသားများအတွက် လေယာဉ်စရိတ် 1200ဘတ်
Europe, Australia,New Zealand, Africa ကျောင်းသားများအတွက် လေယာဉ်စရိတ် 20000ဘတ်
တောင်အမေရိကနှင့် မြောက်အမေရိက ကျောင်းသားများအတွက် လေယာဉ်စရိတ် 30000ဘတ်
- Tuition Fee
- လစဉ်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် 16000 ဘတ်
How to apply:
လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။
For more information:
Official website link>>
https://www.chula.ac.th/en/academics/programs/international-programs/