မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။ 🫶

Self-care ( မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။)

နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေမှုတွေက အနည်းနဲ့အများ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ ဒီလို စိတ်ပင်ပန်းစရာ အသေးမွှားလေးတွေကို လျစ်လျုရှု့ခြင်းမှ စိတ်မွန်းကျပ်မှုတွေကို စုထားတဲ့ အဆောက်အုံတစ်ခုလို ဖြစ်လာပြီး မိမိကိုယ်ကိုကိုယ် ဂရုစိုက်ခြင်းတွေ လျော့နည်းလာပြီး စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်း၊ လူမှုဆက်ဆံရေးတွေ အဆင်မပြေခြင်းမှ ၊ မိမိကိုယ်ကိုကိုယ် အလိုမကျခြင်းတွေ ဖြစ်လာတယ်။ ဒါကြောင့် မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်းက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုကိုယ် ဂရုစိုက် ဂရုစိုက်စောင့်ရှောက်ခြင်းက စိတ်ဖိစီးချိန်မှ စိတ်ထွက်ပေါက်ရှာတာမျိုးအရာ မဟုတ်တဲ့အတွက်နေ့စဉ် မိမိကိုယ်ကိုဂရုစိုက်ခြင်းဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာပြီး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Self-care ပြုလုပ်ပုံ အမျိုးအစားများ။

ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း။

ခန္ဓာနဲ့စိတ်က ချိတ်ဆက်နေတာဖြစ်တဲ့အတွက် စိတ်ထိခိုက်ရင် ခန္ဓာကိုယ် ကိုလည်း ထိခိုက်စေပါတယ်။ လူအများစုက ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်တဲ့အခါမှာ ဆေးခန်းသွားရမယ်ဆိုတဲ့ အတွေးကို ဦးစားပေးတတ်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးမှ တစ်ဆင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို သတိထားဖို့ မေ့နေတတ်ပါတယ်၊  ဒါကြောင့် ခန္ဓာကိုယ်က ပေးတဲ့  လုပ်ဆောင်ချက်တွေ၊ Message တွေကို  မိမိ နှလုံးသားမှ တစ်ဆင့် မြင်အောင်ကြည့်ပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ 

စိတ်ခံစားချက်များ ကောင်းမွန်အောင် ဂရုစိုက်ခြင်း။

စိတ်ခံစားချက်များ ကောင်းမွန်အောင် ဂရုစိုက်ခြင်းဟု ဆိုရာတွင် စိတ်ကို တည်ငြိမ်စေတဲ့ အနံ့၊သဘာဝလို့ခေါ်တဲ့ အပင်လေးတွေကို ကြည့်ခြင်း၊ မိမိ နှစ်သက်တဲ့ အရာတွေကို လုပ်ဆောင်ခြင်း၊ ကိုယ့်စိတ်ကို အနှောက်ယှက် ဖြစ်စေတဲ့အရာ ပတ်ဝန်းကျင်ကို ရှောင်ဖယ်ခြင်းတွေကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ 

လူမှုဆက်ဆံရေးဆိုင်ရာ ဂရုစိုက်ခြင်း။

လူမှုဆက်ဆံရေးဟု ဆိုတိုင်း လူတွေကို ဂရုစိုက်ရမယ်၊ အရေးပေးရမယ်၊ လူတွေ အကြိုက်နေရမယ် ဆိုတဲ့ စံနှုန်းတွေကိုပဲ အာရုံစိုက်တတ်ပါတယ်။ လူမှုဆက်ဆံရေးဆိုင်ရာ ဂရုစိုက်ခြင်းဆိုတာကတော့ မိမိကိုယ်တိုင်က ကိုယ့်အတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ခြင်းကို ဆိုလိုပါတယ်။ ကိုယ်ကိုကိုယ်တိုင်ကလည်း တစ်ပါးသူကို စိတ်အနှောင့်ပေးမိခြင်းကိုလည်း ရှောင်ရှားဖို့လည်း သတိထားရမှာဖြစ်ပါတယ်။ မကောင်းမြင်စိတ်ကို ထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုကိုယ်လည်း Negative Self Talk တွေ ပြောနေခြင်းကို လည်း ရပ်တန့်ဖို့ သတိထား သင့်ပါတယ်။ ဥပမာ- ကိုယ်မလုပ်နိုင်ဘူး၊ ကိုယ့်မှာ ဒီအရာနဲ့ပတ်သတ်လို့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မရှိဘူးဆိုရင် No ပြောဖို့ မမေ့ပါနဲ့။ ကိုယ့်အနေနဲ့ တစ်ပါးသူကို အားနာပြီး ကိုယ်မလုပ်နိုင်တဲ့ အရာတွေကို ထမ်းပိုးခြင်းကလည်း ကြာလာတဲ့အမျှ မိမိရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာမှာဖြစ်ပါတယ်။

စားသောက်နေထိုင်မှု ပုံစံကို ဂရုစိုက်ခြင်း။

အဟာရမျှတစွာ စားသောက်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး စိတ်လည်း ချမ်းသာမှာဖြစ်ပါတယ်။ အသီးရွက်၊ အသား စတဲ့ မျှတစွာ စားသောက်ရန်လိုပါတယ်။ တစ်ခါတရံ  စိတ်ရဲ့ ခေါ်ဆောင်လိုက်ပြီး အဆီကြော်တွေဖြစ်တဲ့ အာလူးကြော်တွေစားမိခြင်း၊ အရက်အလွန်ကျွံသောက်ခြင်း၊ ထမင်းစားချိန် မမှန်ခြင်းကို လုပ်ဆောင်တတ်ပါတယ်။ ရေဝဝသောက်ခြင်းကိုလည်း မမေ့ဖို့ လိုအပ်ပါတယ်။

အိပ်ရေးဝအောင်အိပ်ခြင်း။

အိပ်စက်ခြင်းက စိတ်ရဲ့ ကျန်းမာမှုကို လုပ်ဆောင်ခြင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်၊ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး စိတ်ဆတ်ခြင်း၊ အာရုံစိုက်မှု စွမ်းရည် လျော့ကျခြင်း။ ဒေါသထွက်ခြင်း၊ အကောင်းမြင်စိတ်များ လျော့ကျတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်တာက အကောင်းဆုံး အလေ့ကျင့် တစ်ခုဖြစ်ပြီး အကယ်၍ မဖြစ်မနေ ညဘက် အလုပ်တွေ လုပ်ဆောင်ရပါက နေ့ဘက်ကို အပြည့်ဝ အနားယူပြီး အိပ်ရေးဝအောင် ပြန်အိပ်ဖို့ လိုအပ်ပါတယ်။

စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဂရုစိုက်ခြင်း။

 တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများ နေ့စဉ် ပြုလုပ်ခြင်းတွေနဲ့ စိတ်ဝိဉာဥ◌်ပိုင်းဆိုင်ရာကို ဂရုစိုက်နိုင်ပါတယ်။ 

စိတ်ဖိစီးမှုကို နည်းမှန်လမ်းမှန်ဖြေရှင်းခြင်း။ 

လူအများစုက စိတ်ဖိစီးတဲ့အခါတိုင်း အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ ကျန်းမားရေးကို ထိခိုက်အရာတွေနဲ့ ဖြေရှင်းလေ့ရှိပါတယ်။ ဒီလုပ်ဆောင်ချက်တွေက လတ်တလောအတွက်သာ စိတ်သက်သာရာ ရစေတာဖြစ်တာကြောင့် နည်းလမ်းမှန်တဲ့ အရာတွေဖြစ်တဲ့

  • လုံလောက်စွာ အနားယူခြင်း။
  • စိတ်အဟာရဖြစ်စေသော ရသစာပေဖတ်ခြင်း၊ ဂီတ၊ ပန်းချီစသော အနုပညာများကို ခံစားခြင်း။
  • ကူညီနိုင်သူများထံမှ အကူအညီတောင်းခံခြင်း။
  • သဘာဝအလှအပများ ခံစားခြင်း။
  • ခွင့်လွတ်စိတ်ထားခြင်း။ စတဲ့ အချက်တွေနဲ့ လုပ်ဆောင်သင့်ပါတယ်။

What is your Self-care Plan? ဘယ်လို အစီအစဉ်တွေ လုပ်မလဲ?

  • မိမိ ဝါသနာပါတဲ့ အရာတစ်ခုကို နေ့စဉ်အချိန်အနည်းငယ်ပေးပြီး လုပ်ရန်။
  • တပတ်တချိန်၊ တလတချိန် စသည်ဖြင့် တခါတရံ လုပ်နိုင်သော၊ လုပ်သင့်သော စိတ်အပန်းဖြေသည့် နည်းလမ်းများကိုလည်း အစီအစဉ်ဆွဲရာတွင် ထည့်သွင်းစဉ်းစားရန်။

မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်းသည် တကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါ။ မိမိကိုယ်ကို နည်းမှန်လမ်းမှန် ချစ်တတ်၊ ဂရုစိုက်တတ်မှသာ အခြားသူများကိုလည်း ကောင်းမွန်စွာ ဂရုစိုက်နိုင်မည်ဖြစ်သည်။