Different types of AI tools

AI chatbots (AI tools)  ဆိုတာဟာ machine learning algorithms နှင့် natural language processing (NLP) နည်းပညာများကို အသုံးပြုထားသော programs များဖြစ်ပါတယ်။ AI နည်းပညာတိုးတက်လာ သည်နှင့်အမျှ လွယ်ကူစွာ အသုံးပြုနိုင်သော AI Tools များစွာ လဲ အပြိုင်အဆိုင် ပေါ်လာကြပါတယ်။ သက်ဆိုင်ရာ အသုံးပြုလိုသော နယ်ပယ် အလိုက် AI tools များစွာရှိပါတယ်။ ဥပမာ ပုံဆွဲရာမှာသုံးလို့ရတဲ့ tool, video ဖန်တီးခိုင်းလို့ရတဲ့ tool, စာရေးခိုင်းလို့ရတဲ့ tool, code ရေးခိုင်းလို့ရတဲ့ tool စသဖြင့် အများကြီးရှိပါ တယ်။

Tools အများကြီးထဲကမှ AI tools တွေမှာ popular အဖြစ်ဆုံး လူသုံးအများဆုံး tools တွေဖြစ်တဲ့ AI chatbots လို့လဲ ခေါ်တဲ့ tools သုံးခု နဲ့ အရင် မိတ်ဆက်ပေးချင်ပါတယ်။

ChatGPT

OpenAI မှ တီထွင်ထုတ်လုပ်ထားသော ChatGPT ဟာ လူသိများသော ထိပ်တန်း AI chatbots များထဲမှ တစ်ခုဖြစ်ပါတယ်။ GPT (Generative Pre-trained Transformer) ကို အသုံးပြုထားပြီ text (စာသား) များကို response အဖြစ် ပြန်လည် ဖြေကြားပေးပါတယ်။ အသုံးပြုသူ နဲ့ conversation အပြန်အလှန် စကားပြော ဖြေကြားပေးနိုင်ပြီး တိကျမှန်ကန်သော result များ ရရှိမှာ ဖြစ်ပါတယ်။

ပညာရေးပိုင်း (essay writing, helping homeworks, Teacher assistants) ၊ ကျန်းမာရေးပိုင်း ၊ ဗဟုသုတ စသဖြင့် သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေး အကြံတောင်း သကဲ့သို့ အသုံးပြုနိုင်ပါတယ်။ ခုချိန်ထိတော့ free version မှာ မြန်မာ ဘာသာစကား မရသေးတဲ့ အတွက် english language ကိုပဲ အသုံးပြုနိုင်မှာပါ။ free version မှာ 2022 နောက်ပိုင်း အချက်အလက်တွေအတွက်လဲ မှန်ကန်တဲ့ အဖြေရရှိနိုင်မှာ မဟုတ်ပါဘူး။ update အချက်အလက်များ သိရှိနိုင်ရန် paid version ကို အသုံးပြုနိုင်ပါတယ်။

ChatGPT ဟာ brainstorming partner ဖြစ်ပါတယ်။ အိုင်ဒီယာဖန်တီးမှု၊ အကြောင်းအရာဖန်တီးမှုနှင့် ဇာတ်လမ်းတည်ဆောက်မှုတို့မှာ အထောက်အကူဖြစ်စေပြီး ဖန်တီးမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် AI မှ ဖန်တီး ထားသော အသွင်အပြင်များကို ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် ပိုမိုကောင်းမွန်သောရလဒ်ကို ရရှိနိုင်ပါ တယ်။ ChatGPT ၏ ဘက်စုံသုံးနိုင်မှုသည် နယ်ပယ်အသီးသီးရှိ သုံးစွဲသူများ၏ နေ့စဉ်အတွေ့အကြုံများကို မြှင့်တင် ပေးနိုင်ပါတယ်။ AI နည်းပညာဆက်လက် တိုးတက် လာသည်နှင့်အမျှ ChatGPT သည်လည်း နေ့စဉ်ဘဝမှာ ပါဝင်ကူညီပေးလာနိုင်ပါတယ်။

Copilot

Copilot ဆိုတာက Microsoft ကထုတ်လုပ်ထားတဲ့ AI အမျိုးအစားဖြစ်ပြီး Microsoft service အတွင်းမှာ အသုံးပြုနိုင်တဲ့ AI ဖြစ်ပါတယ်။ အသုံးပြုရပုံက ChatGPT အသုံးပြုပုံနဲ့ အကုန်လုံးဆင်တူပြီး Office ပိုင်း အသုံး ပြုသူတွေအတွက် ပိုသင့်တော်ပါတယ်။ OpenAI နှင့် ပူးပေါင်း၍ GitHub မှ ဖန်တီးထားသော AI စွမ်းအင်သုံး Code Completion Tool တစ်ခုဖြစ်လို့ ပရိုဂရမ်မာများအတွက် တန်ဖိုးမဖြတ်နိုင်သော tool တစ်ခုဖြစ်ပါတယ်။ Microsoft Copilot ကို Word၊ Excel၊ PowerPoint၊ Outlook နှင့် Teams တွေဖြစ်တဲ့ Microsoft products တွေမှာပါ အသုံးပြုတဲ့အခါ ပိုကောင်းမွန်တဲ့ result တွေ ရရှိနိုင်ပါတယ်။ 

Gemini

Gemini သည် Text, Image, Voice, Vidéo စတဲ့ Information အမျိုးမျိုးအတွက် အသုံးပြုနိုင်တဲ့ AI tool တစ်ခုဖြစ်ပါတယ်။ ယခင် google Bard ဆိုတဲ့ နာမည် နဲ့ အရင်ထွက်တာ ဖြစ်ပါတယ်။ Nano, Pro, Ultra ဆိုပြီး Model မျိုးကွဲ ၃ ခုရှိပါတယ်။ Nano ကတော့ အသေးဆုံးနဲ့ အမြန်ဆုံးဖြစ်ပြီး Google Pixel 8 မှာသုံးနေတဲ့ Model ပါ။ Pro ကတော့ ခု သုံးနေတဲ့ Model ဖြစ်ပြီး Powerful ဖြစ်သလို၊ Task တွေကိုလည်း မျိုးစုံ၊ ကြိုးခုန်နေအောင်လုပ်နိုင်ပါတယ်။ Ultra ကတော့ Public မပေးသေးပဲ ၃ မျိုးထဲမှာPowerful အဖြစ်ဆုံး Model ဖြစ်ပါတယ်။ Google Products တွေဖြစ်တဲ့ Google Docs, Sheets, Slides, Gmail စတဲ့အမျိုးမျိုးသော Product တွေမှာ ပေါင်းစပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

AI Tools များ၏ မတူကွဲပြားပုံများ – ChatGPT vs. Copilot vs. Google Gemini

AI tool တစ်ခုချင်းစီမှာ အားနည်းချက် အားသာချက် တစ်ခု နဲ့ တစ်ခု မတူညီပဲ ရှိကြပါတယ်။ အသုံးအများဆုံးကတော့ ChatGPT ပဲ ဖြစ်ပါတယ်။ ChatGPT မှာတော့ ရုပ်ပုံ ဗီဒီယို အတွက် အသုံးပြုလို့ မရနိုင်ပါဘူး။ text only( စာသား) ပဲ responseပြန်ပေးမှာဖြစ်ပါတယ်။ (May 15 2024 မှာ release လုပ်တဲ့ gpt4o versionမှာတော့ image တွေ ကိုပါ input အနေနဲ့ပေးနိုင်ပြီး ပြန်လဲထုတ်ပေးနိုင်လာပြီဖြစ်ပါတယ်။ မြန်မာစကားနဲ့မေးရာမှာလဲပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်)။ နောက်ဆုံးရ သတင်းအချက်အလက် တွေကိုလဲသိချင်တယ်၊ ရုပ်ပုံ ဗီဒီယို စတာတွေ အတွက် သုံးချင်ရင် Google products တွေမှာ AI နဲ့ တွဲသုံး ချင်ရင်တော့ Geminiကို အသုံးပြုနိုင်ပါတယ်။

ပရိုဂရမ်မာ တစ်ယောက်ဖြစ် လို့ coding ပိုင်းအတွက် သုံးချင်တယ် Microsoft products တွေမှာ AI နဲ့ တွဲသုံးချင်ရင် တော့ Copilot ကို အသုံးပြုနိုင်ပါတယ်။ computer မှာ acc ဖွင့်နည်းတွေ သုံးနည်း တွေသိချင်ရင် ဒီ Link  လေးမှာ ဖတ်ရှုနိုင်ပါတယ်။ Mobile Phoneမှာ acc ဖွင့်နည်း သုံးနည်းတွေကိုလဲ videoထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်။

ChatGPT ကို mobile app အနေ နဲ့ အသုံးပြု လိုပါက အောက်ပါ link များမှ downloadလုပ်နိုင်ပါတယ်

mobile app for (Android) or (iOS) 

Computer  မှာ အသုံးပြုလိုပါ က အောက်ပါ  website မှ တင်ပြီး အသုံးပြုနိုင်ပါတယ်။

Visit the website https://chat.openai.com 

ChatGPTအကြောင်း အသေးစိတ် အချက်အလက်တွေကို ဒီ Link  ကနေကိုယ့်accနဲ့ ဝင်ပြီးတော့ လဲဖတ်ရှုနိုင်ပါတယ်။