🧅ကြက်သွန်ဖြူ ပိုးသတ်ဆေးပြုလုပ်နည်း
- ကြက်သွန်ဖြူ ပိုးသတ်ဆေး ပြုလုပ်ဖို့ ကြက်သွန်ဖြူ (၆၀) ကျပ်သား၊ ဗနီဂါ (ရှာလကာရည်) (၅၀၀) စီစီ၊ အရက်ဦးရေ (၂) လီတာ နဲ့ ရေ (၁၀) လီတာ အချိုးနှုန်း လိုပါတယ်။
- ပြုလုပ်နည်းကတော့ ကြက်သွန်ဖြူကို ညက်အောင် ထောင်းပြီးတော့ (၁၅) လီတာဆန့် အိုးထဲ ကို ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ဗနီဂါ၊ အရက်၊ ရေ တို့ကိုထည့်ပြီး မွှေပေးရပါမယ်။ ပြီးရင် အဝတ်ပါးပါးနဲ့ အုပ်ပြီးတော့ အေးမြတဲ့ နေရာမှာ ထားထားပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်မွှေပေးပြီးတော့ (၇) ရက်ကြာရင် သုံးလို့ရပါပြီ။
- အသုံးပြုချိန်မှာ အဖတ်များကို ရေစစ်နဲ့ စစ်ပြီးမှ သုံးပေးသင့်ပါတယ်။
- (၃) ပတ်လောက်အထိ သိုလှောင် သုံးစွဲနိုင်ပါတယ်။
🌶️ငရုတ်သီး ပိုးသတ်ဆေးပြုလုပ်နည်း
- ငရုတ်သီး ပိုးသတ်ဆေးရည် ပြုလုပ်ဖို့ ငရုတ်သီး (၃၀) သား၊ အရက်ဦးရေ (၂) လီတာ အချိုးနှုန်း လိုပါတယ်။ ငရုတ်သီး ကို အစို/အခြောက် အဆင်ပြေရာ သုံးလို့ရပါတယ်။
- ပြုလုပ်နည်းကတော့ ငရုတ်သီးတွေကို ရေနဲ့ (၁) နာရီလောက် မီးအေးအေးနဲ့ ပြုတ်ရပါမယ်။ ပြီးရင် ရေ (၂၀) လီတာဆန့် အိုးထဲထည့်ပြီးတော့ အရက်ဦးရေကို ရောထည့်ပြီး မွှေပေးရပါမယ်။ ပြီးရင် အဝတ်ပါးပါးနဲ့ အုပ်ပြီးတော့ အေးမြတဲ့ နေရာမှာ ထားပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်မွှေပေးပြီးတော့ (၇) ရက်ကြာရင် သုံးလို့ရပါပြီ။
- အသုံးပြုချိန်မှာ အဖတ်များကို ရေစစ်နဲ့ စစ်ပြီးမှ သုံးပေးသင့်ပါတယ်။
- (၃) ပတ်လောက်အထိ သိုလှောင် သုံးစွဲနိုင်ပါတယ်။
ဒါဆို တမာပိုးသတ်ဆေးကိုဘယ်လိုပြုလုပ်လို့ရသလဲဆိုတာကို Video လေးကို ဆက်ကြည့်ကြရအောင်။