| စဉ် | သမရိုးကျ စိုက်ပျိုးရေး🟢 | ခေတ်မီစိုက်ပျိုးရေး 🔵 |
| နည်းစနစ်ပိုင်း 📊 |
| ၁ | ရှေးယခင်က နည်းစနစ်တွေနဲ့ မိရိုးဖလာ ဗဟုသုတတွေကို ပေါင်းစပ် အသုံးချခြင်း | တိကျတဲ့ စိုက်ပျိုးရေး သွင်းအားစု အသုံးပြုမှု နည်းပညာတွေကို အသုံးပြုခြင်း |
| ၂ | လူ့ လုပ်အား နဲ့ ရိုးရှင်းတဲ့ ကိရိယာ တန်ဆာပလာတွေကိုသာ အသုံးချစိုက်ပျိုးခြင်း | ခေတ်မှီ စိုက်ပျိုးနည်းစနစ်တွေနဲ့ စက်ကိရိယာ တွေကို အသုံးပြု စိုက်ပျိုးခြင်း |
| ၃ | ဒေသတွင်း စားသုံးမှုကို အဓိက အားထားခြင်း | နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်စေဖို့ အများအပြား စိုက်ပျိုးထုတ်လုပ်ခြင်း |
| ၄ | သီးနှံမျိုးစုံ စိုက်ပျိုးခြင်း နှင့် အော်ဂဲနစ် နည်းပညာတွေကို အားပေးခြင်း | ဈေးကွက်ဝင် သီးနှံတစ်မျိုးတည်းကိုသာ အထွက်နှုန်းတိုးစေဖို့ အဓိကထားခြင်း |
| ၅ | ဒေသတွင်းမျိုးစေ့တွေကိုသာထိန်းသိမ်းအသုံးပြုခြင်း | ဗီဇပြုပြင်ဖန်တီးထားတဲ့ မျိုးစေ့တွေကို အသုံးပြုခြင်း |
| | | |
| ထုတ်လုပ်နိုင်စွမ်းရည် ⚙️ |
| ၁ | ထုတ်လုပ်နိုင်စွမ်းနည်းပါးခြင်း | သွင်းအားစု အသုံးပြုမှုများ နဲ့အတူ အထွက်နှုန်း နဲ့ ထုတ်လုပ်နိုင်စွမ်း ပိုမိုကောင်းမွန်ခြင်း |
| ၂ | လုပ်ကွက်ငယ် နဲ့ တစ်ပိုင်တစ်နိုင် အတွက်သာ သင့်တော်မှုရှိခြင်း | အများအပြား ထုတ်လုပ်နိုင်ပြီး စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးပါခြင်း |
| | | |
| သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ ❇️ |
| ၁ | အော်ဂဲနစ် နည်းစနစ်တွေကိုသာ အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း | ဓာတု သွင်းအားစုတွေကို အများအပြား သုံးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ အရင်းအမြစ်တွေပေါ်မှာ သက်ရောက်မှု ပိုများခြင်း |
| ၂ | သဘာဝ ပိုးမွှားရောဂါ ကာကွယ်ရေး နည်းစနစ်တွေကို အသုံးပြုခြင်း နဲ့ သီးလှည့် စိုက်ပျိုးခြင်းတို့ကြောင့် မြေဩဇာ ကောင်းအောင် ထိန်းထားခြင်း | သီးနှံတစ်မျိုးတည်းကိုသာ ထပ်တလဲလဲစိုက်တဲ့ နည်းစနစ်ကိုသာ အဓိက သုံးခြင်းကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးစေနိုင်ခြင်း |
| | | |
| ရေရှည် တည်တံ့နိုင်စွမ်း ⚖️ |
| ၁ | သဘာဝနဲ့ အောဂဲနစ် အရင်းအမြစ်တွေကိုသာ အသုံးချ စိုက်ပျိုးထုတ်လုပ်တဲ့အတွက် ရေရှည် တည်တံ့ရေးအတွက် ကောင်းမွန်စေခြင်း | အရင်းအမြစ်များ နဲ့ ဓာတုပစ္စည်းများကို အလွန် အကျွံ အသုံးပြုမှုများခြင်းကြောင့် ရေရှည်တည်တံ့ရေး ကိစ္စရပ်တွေကို ခြိမ်းခြောက်မှုများ ရှိလာနိုင်ခြင်း |
| ၂ | သမရိုးကျ စိုက်နည်းစနစ်များ၊ ဒေသမျိုးများ နဲ့ ဂေဟစနစ်များကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်ခြင်း | သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနဲ့ အခြားသော ဆိုးကျိုးသက်ရောက်မှုများ နည်းအောင် ကောင်းမွန်တဲ့ စီမံမှုများ လိုအပ်နေခြင်း |