Google Help

၁။ Google Help ဆိုတာဘာလဲ

Google Help ဆိုတာ ကမ္ဘာတစ်လွှားမှ Google ရဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို အသုံးပြုနေတဲ့သူတွေအတွက် သင့်တော်တဲ့အကူအညီတွေကို ရယူနိုင်ဖို့ ရည်ရွယ်ပြီး Google က ထောက်ပံ့ပေးထားတဲ့ အွန်လိုင်းအကူအညီစင်တာတစ်ခု ဖြစ်ပါတယ်။ Google Help Center, https://support.google.com/ ကို အသုံးပြုပြီး သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေ နဲ့ Troubleshooting လုပ်နည်းတွေကို ရှာဖွေနိုင်ပါတယ်။

၂။ Google Help တွင် ပါဝင်တဲ့အကြောင်းအရာများ

 📚ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများအတွက် အကူအညီ 

  • Google ရဲ့ ထုတ်ကုန် (Product) တွေကတော့ Gmail, YouTube, Google Maps, Google Drive, Android စတာတွေပဲဖြစ်ပါတယ်။ ဒီထုတ်ကုန်တွေကို အသုံးပြုရာမှာ အခက်အခဲ ရှိပါက အကူအညီရှာဖွေနိုင်ပါတယ်။
  • ဥပမာ – Gmail Password ကိုမေ့သွားတဲ့အခါ Password Reset လုပ်နည်း, YouTube မှာ Channel တည်ဆောက်နည်း, Google Drive မှာ ဖိုင်တွေကို ဘယ်လိုစီမံထိန်းသိမ်းထား မလဲ စတဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေနိုင်ပါတယ်။

📚ထောက်ပံ့ချက်နှင့် လမ်းညွှန်ချက်များ

  • Google Help Center မှာ User Guide တွေ, FAQs (Frequently Asked Questions)တွေ, Troubleshooting Guide တွေနဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေ ရှာဖွေနိုင်ပါတယ်။
  • အသုံးပြုသူတွေအနေနဲ့ မိမိတွေ့ကြုံနေရတဲ့ ပြဿနာနဲ့ ကိုက်ညီတဲ့ အကြံဉာဏ်တွေကိုလည်း  အလွယ်တကူ ရယူနိုင်ပါတယ်။

📚စနစ်တကျ မေးမြန်းနိုင်မှု

  • Google Help Center မှာ “Describe your issues” ဆိုတဲ့ Search Bar ကို အသုံးပြုပြီး သင့်ပြဿနာနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေကို ရိုက်ထည့်ပြီး အကူအညီများကို ရှာဖွေနိုင်ပါတယ်။
  • ဥပမာ – “can’t sign in to Gmail” (Gmail ကိုဝင်ရောက်နိုင်ခြင်းမရှိပါ) လို့ ရိုက်ထည့်ပြီး သင့်ပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကို ရယူနိုင်ပါတယ်။

Google Help အသုံးပြုပုံအဆင့်ဆင့်ကို အောက်ဖော်ပြပါ လမ်းညွှန်ကားချပ် နှင့် Video File တို့မှာလေ့လာနိုင်ပါတယ်။ 

အသေးစိတ်ကို ကို ဒီဗီဒီယိုမှာ လေ့လာကြရအောင်