
VD_1_Introduction to LinkedIn and Networking Basics
ဒီဗီဒီယိုက LinkedIn ကို စတင်အသုံးပြုသူတွေအတွက် ရည်ရွယ်ပါတယ်။ LinkedIn ရဲ့ အခြေခံအသုံးပြုပုံ၊ သင့်ပရိုဖိုင်ကို ဘယ်လိုစနစ်တကျတည်ဆောက်ရမလဲ၊ အခြားပရော်ဖက်ရှင်နယ်တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ကွန်ရက်ချဲ့ထွင်ရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ အလုပ်အကိုင်ရှာဖွေမှု၊ ပရော်ဖက်ရှင်နယ်ဆက်ဆံရေး တည်ဆောက်မှုနဲ့ အွန်လိုင်းမှာ သင့်ရဲ့ပုံရိပ်ကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာတွေကို ဒီဗီဒီယိုတိုလေးကနေ လေ့လာနိုင်ပါတယ်။
VD_2_Building a Strong LinkedIn Profile – Part I
ဒီဗီဒီယိုမှာ သင့်ရဲ့ LinkedIn ပရိုဖိုင်ကို ခိုင်မာအားကောင်းအောင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို လက်တွေ့ပြသထားပါတယ်။ ပရိုဖိုင်ပုံ၊ ခေါင်းစီး (headline)၊ အကျဉ်းချုပ် (summary)၊ လက်ရှိအလုပ်နှင့် လုပ်ငန်းနယ်ပယ်၊စတာတွေကိုဘယ်လိုအကောင်းဆုံးဖြည့်စွက်ရမလဲဆိုတာကို အသေးစိတ်လေ့လာရမှာပါ။ သင့်ရဲ့ပရိုဖိုင်ကို အလုပ်ရှင်တွေနဲ့ ကွန်ရက်ချိတ်ဆက်လိုသူတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်မှုရှိရှိ ဖန်တီးနိုင်ဖို့ ဒီဗီဒီယိုက ကူညီပေးပါလိမ့်မယ်။
VD_3_Building a Strong LinkedIn Profile – Part II
ဒီဗီဒီယိုမှာတော့ LinkedIn ပရိုဖိုင်ကို ပိုမိုပြည့်စုံပြီး စွဲဆောင်မှုရှိအောင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို ဆက်လက်လေ့လာရမှာပါ။ သင့်ရဲ့ ပညာအရည်အချင်း (Education)၊ လုပ်ငန်းအတွေ့အကြုံများ (Experiences)၊ လိုင်စင်နှင့် အသိအမှတ်ပြုလက်မှတ်များ (Licenses and Certifications)၊ ကျွမ်းကျင်မှုများ (Skills) နဲ့ ထောက်ခံချက်များ (Recommendations) အပြင် အခြားအရေးကြီးတဲ့ အချက်အလက်တွေကို ဘယ်လိုဖြည့်သွင်းပြီး ပရိုဖိုင်ကို ပိုမိုအားကောင်းအောင် ဖန်တီးရမလဲဆိုတာကို လက်တွေ့ကျကျ လမ်းညွှန်ပြသထားပါတယ်။
VD_4_Exploring LinkedIn Learning for Career Development
ဒီဗီဒီယိုမှာတော့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် LinkedIn Learning ကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်မလဲ ဆိုတာကို လေ့လာရမှာပါ။ LinkedIn Learning ရဲ့ သင်တန်းတွေ၊ သင်ကြားရေးပုံစံတွေနဲ့ သင့်ရဲ့ကျွမ်းကျင်မှုတွေကို ဘယ်လိုမြှင့်တင်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။