
ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှုက ဘဝအောင်မြင်မှုနဲ့လုပ်ငန်းခွင်အောင်မြင်မှုတွေရဖို့အ တွက်လိုအပ်တဲ့အခြေခံအချက်တွေပဲဖြစ်ပါတယ်။ လူအများကထင်သလို စည်းကမ်းဆိုတာ ကိုယ့်ကိုယ် ကိုတင်းကျပ်စွာထိန်းချုပ်ခြင်းမဟုတ်ပါဘူး။ တကယ်တော့စည်းကမ်းရှိတတ်မှုက ကိုယ့်ရဲ့အတွင်းစွမ်း အားကိုနားလည်ပြီး၊ စလုပ်ချင်စိတ်မရှိတဲ့အချိန်မှာတောင်မနားဘဲ အလေ့အထဖြစ်လာအောင်ဆောင် ရွက်တတ်မှုပါ။
တာဝန်ယူတတ်မှုကတော့ ကိုယ်လုပ်တဲ့အရာတွေကို ကိုယ့်ဘာသာတာဝန်ယူတတ်ပြီး အစဉ်မပြတ် ဆက်လက်လုပ်ဆောင်တတ်ဖို့ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်ရင် ကိုယ်တိုင်ရဲ့ရည်မှန်း ချက်ကိုဖြစ်စေ၊ အဖွဲ့ရဲ့ရည်ရွယ်ချက်ကိုဖြစ်စေ အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အင်အားကြီးစနစ် တစ်ခုဖြစ်လာပါလိမ့်မယ်။
🟠 ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းရဲ့အဓိပ္ပါယ်
ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းဆိုတာက ကိုယ့်ကိုယ်ကို ရှေ့ဆက်ဖို့တွန်းအားပေးနိုင်တဲ့အပြင် တက် ကြွမှုရှိပြီး ကိုယ်ခံစားနေရတဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းအခြေအနေကိုထည့်မတွက်ဘဲ ကိုယ့်လုပ်ငန်းကို တာ ဝန်ယူလုပ်ဆောင်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ဒါက အရေးမကြီးတဲ့အရာတွေကိုလုပ်ဆောင်နေမိခြင်း မှကင်းဝေးစေပြီး အရေးကြီးတဲ့အရာတွေကို ဦးစားပေးအာရုံစိုက်နိုင်အောင် ကူညီပေးတတ်ပါတယ်။ တစ်ကမ္ဘာလုံးက ကိုယ်နဲ့ဆန့်ကျင်ဖက်ဖြစ်နေရင်တောင်မှပဲ ကိုယ်ပိုင်စည်းကမ်းနဲ့အညီ အမြင်ရှင်းရှင်းနဲ့ ရှေ့ဆက်ဖို့ ခွန်အားရှိနေနိုင်ပါတယ်။ မနက်စောစော ၅ နာရီမှာ အိပ်ရာထပြီး လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ နေ့စဉ်အလုပ်တွေကို အချိန်ဇယားအတိုင်း လုပ်ဆောင်တာဟာ ကိုယ်ပိုင်စည်းကမ်းနဲ့နေ ထိုင်ခြင်းရဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ကိုယ့်ရဲ့ကျန်းမာရေးနဲ့စိတ်ခံစားမှုကို ထိ ခိုက်စေတဲ့အလေ့အထတွေ (ဥပမာ – ညနေပိုင်းအထိ အိပ်နေတာ၊ အချိန်ဖြုန်းတာ) ကိုရှောင်ရှားနိုင်ပြီး
ပန်းတိုင်အတွက် အရေးကြီးတဲ့အလုပ်တွေကိုအာရုံစိုက်နိုင်စေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ က “အရမ်းစောတယ်”၊ “အနားယူပါ” လို့ပြောနေရင်တောင် ကိုယ်ပိုင်စည်းကမ်းကို မဖောက်ဖျက်ဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်ခြင်းဟာ အောင်မြင်မှုကို ဦးတည်စေပါတယ်။
🟠 ကိုယ့်လုပ်ရပ်အပေါ်တာဝန်ယူခြင်းရဲ့အဓိပ္ပါယ်
ကိုယ့်လုပ်ရပ်အပေါ်တာဝန်ယူခြင်းဆိုတာကတော့ ကိုယ်ပေးထားတဲ့ကတိကဝတ်တွေအတိုင်း အဆုံးထိ လိုက်နာလုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်။ ကိုယ်လက်ခံထားတဲ့တာဝန်တစ်ခုနဲ့ပတ်သက်ပြီး ပြဿနာ တက်လာတဲ့အချိန်မှာ လူတစ်ယောက်ရဲ့တုံ့ပြန်မှုကိုလည်း ဒီအရာနဲ့ရှင်းပြနိုင်ပါတယ်။ ဒါဟာ လူတွေကို ကိုယ့်လုပ်ရပ်အပေါ်တာဝန်ယူစေပြီး တာဝန်ရှိနေတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေပါတယ်။ ဒါကြောင့် ကိုယ်လုပ်သင့်တဲ့အရာကိုမလုပ်နိုင်တဲ့အချိန်မှာ လူတစ်ယောက်ဟာ ကိုယ်တိုင်အမှားရှိတယ်လို့ ခံစားရ တတ်ပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ အိမ်စာကို အချိန်မီမပြီးခဲ့ရင် “ဆရာမက မေးလာလို့ မဖြေနိုင်ခဲ့တာ”လို့ အကြောင်းပြမယ့်အစား “ကျွန်တော်ဖက်က အချိန်မှန်မလုပ်ခဲ့လို့ပါ” လို့ တာဝန်ယူ ဝန်ခံခြင်းဟာ ကိုယ့်လုပ်ရပ်အပေါ်တာဝန်ယူခြင်းရဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက အနာဂတ်မှာ ပိုမိုတာဝန်ယူတတ်စေပြီး အမှားတွေကို ပြင်ဆင်ဖို့ အခွင့်အလမ်းရစေပါတယ်။
🟠မျှော်လင့်ချက်နဲ့စိတ်ခံစားချက်တို့ရဲ့ ပါဝင်ပတ်သက်မှု
မျှော်လင့်ချက်ကျသွားတဲ့အချိန်မှာ စည်းကမ်းရှိမှုက စတင်အလုပ်လုပ်လာပါတယ်။ မျှော်လင့်ချက်က တော့ အလုပ်တစ်ခုကို စတင်ဖို့အားဖြည့်ပေးပါတယ်၊ ဒါပေမဲ့ တကယ်တမ်း အလုပ်တစ်ခုကို တစိုက် မတ်မတ်လုပ်နိုင်စေတဲ့အရာကတော့ ကိုယ်တိုင်စည်းကမ်းရှိမှုပါ။ အထူးသဖြင့် လုပ်နေတဲ့အကြောင်း အရာတွေက ကိုယ့်အတွက်ပျင်းဖို့ကောင်းလာတဲ့အချိန်မျိုး၊ အခက်အခဲတွေ့လာတဲ့အချိန်မျိုးတွေနဲ့ ကိုယ်တိုင်စည်းကမ်းရှိမှုရဲ့အရေးပါမှုကို ကြုံတွေ့ခံစားရလေ့ရှိပါတယ်။
စည်းကမ်းတကျအလုပ်လုပ်တဲ့အခါမှာလဲ ကိုယ့်အတွက်အရေးကြီးဆုံးရည်မှန်းချက်တစ်ခုကိုရွေးချယ် ထားဖို့အရေးကြီးပါတယ်။ အာရုံနောက်စရာတွေများတဲ့အချိန်မှာ အဓိကအရာတစ်ခုကိုသာ ဦးစားပေး ရင် ပိုရှင်းလင်းလာတတ်ပြီး၊ တာဝန်ယူမှုနဲ့စည်းကမ်းရှိမှုလည်း တိုးတက်လာပါလိမ့်မယ်။
အလုပ်အများကြီးကို တစ်ချိန်တည်းမှာလုပ်ဖို့ကြိုးစားတာက စိတ်ပင်ပန်းမှုကိုဖြစ်စေပါတယ်။ ဒါ ကြောင့် ရည်မှန်းချက်အများကြီးထားမနေဘဲ၊ အနည်းငယ်ကိုသာ ဦးစားပေးလုပ်ဆောင်ခြင်းက တ ဖြည်းဖြည်း တိုးတက်မှုကိုခံစားရစေပြီး စည်းကမ်းနဲ့တာဝန်ယူမှုနှစ်ခုလုံးကို ပိုမိုခိုင်မာလာစေပါတယ်။
🟠ခေါင်းဆောင်မှုအပိုင်းမှာ အရေးပါတဲ့ကိုယ်တိုင်စည်းကမ်းရှိမှု
ယနေ့ခေတ်လုပ်ငန်းခွင်ထဲမှာ ကိုယ်တိုင်စည်းကမ်းရှိမှုက အရေးအကြီးဆုံးအရာတစ်ခုပါ။ ဒါက ကိုယ့် စိတ်အတွင်းကထွက်ပေါ်လာတဲ့အယူအဆ၊ စိတ်ခံစားမှုတွေနဲ့အပြုအမူတွေကို ထိန်းချုပ်ပြီး ရေရှည် ရည်မှန်းချက်တွေဆီကို ရောက်ဖို့အတွက်စွမ်းဆောင်နိုင်စေပါတယ်။ လုပ်ငန်းပတ်ဝန်းကျင်မှာတော့ ကိုယ်တိုင်စည်းကမ်းရှိမှုက လုပ်ဆောင်ရမယ့်အလုပ်တွေကို ဦးစားပေးပြီးခွဲခြားနိုင်စေသလို အချိန်မီပြီး စီးအောင်လဲလုပ်နိုင်စေပါတယ်။ စိန်ခေါ်မှုတွေကြားထဲမှာတောင် အရည်အသွေးမလျော့ဘဲ တည်မြဲ အောင်ဆောင်ရွက်နိုင်စေပါတယ်။
ဒီလိုစည်းကမ်းရှိတဲ့ပညာရပ်က ရှုပ်ထွေးတဲ့လုပ်ငန်းအဖွဲ့အစည်းထဲမှာတောင် ရှင်းလင်းတဲ့အမြင်၊ရည် ရွယ်ချက်တစ်ခုနဲ့ ခေါင်းဆောင်နိုင်လာစေပြီး တာဝန်ယူမှုနဲ့ အောင်မြင်မှုကိုဖော်ဆောင်နိုင်တဲ့ယဉ်ကျေး မှုတစ်ခုကို တည်ဆောက်ဖို့အထောက်အကူဖြစ်လာစေပါတယ်။
🟠 ကိုယ်တိုင်စည်းကမ်းရှိဖို့ လုပ်ဆောင်နိုင်တဲ့နည်းလမ်းများ
- SMART ရည်မှန်းချက်နဲ့ အချိန်စီမံခန့်ခွဲမှု
ကိုယ်တိုင်စည်းကမ်းရှိမှုအတတ်ပညာကို တိုးတက်အောင်လုပ်ချင်ရင် အရင်ဆုံး လုပ်သင့်တာက SMART ရည်မှန်းချက်ကို သတ်မှတ်တာပါပဲ။ SMART ဆိုတာက — Specific (တိကျတဲ့), Measurable (တိုင်းတာနိုင်တဲ့), Achievable (လုပ်ဆောင်နိုင်တဲ့), Relevant (သက်ဆိုင်တဲ့), Time-bound (အချိန် ကန့်သတ်ထားတဲ့) ရည်မှန်းချက်တွေပါ။ ဒီလို ရည်မှန်းချက်တွေက ရှင်းလင်းတဲ့ရလဒ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့အလုပ်တွေဆီ ဦးတည်နိုင်အောင် ကူညီပေးပါတယ်။
ဒီနေရာမှာ အချိန်စီမံခန့်ခွဲမှုကလည်း အရေးကြီးပါတယ်။ တာဝန်တစ်ခုချင်းစီအတွက် အချိန်တိတိကျကျ ခွဲထားဖို့၊ ရက်စွဲပြကင်လယ်ဒါကိုအသုံးပြုဖို့၊ ဒါမှမဟုတ် Pomodoro နည်း (၂၅ မိနစ်အလုပ်လုပ်၊ ၅ မိနစ်အနားယူ) လိုမျိုးနည်းတွေသုံးခြင်းဟာ အလုပ်ဖြစ်နှုန်းကိုတိုးတက်စေတဲ့အ ပြင် နှောင့်နှေးနေတာကိုလည်းလျော့ကျစေပါတယ်။
- ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်းနဲ့ ပြန်သုံးသပ်ခြင်းနည်းလမ်းများ
ကိုယ့်အပြုအမူနဲ့အလေ့အထတွေကို သိသိသာသာနားလည်ဖို့အတွက် “ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်း” ကအရေးကြီးပါတယ်။ ဒါကို စာအုပ်ရေးခြင်း၊ Checklists ဖန်တီးခြင်း၊ App တွေအသုံးပြုပြီး အလေ့အ ထထည့်သွင်းဖော်ထုတ်ခြင်းလိုမျိုးနည်းလမ်းတွေနဲ့လုပ်လို့ရပါတယ်။
ပြန်လည်သုံးသပ်ခြင်းကတော့ ဘာတွေကအောင်မြင်နေလဲ၊ ဘာတွေကအဆင်မပြေနေလဲဆိုတာကို မြင်နိုင်စေပြီး ပြင်ဆင်ဖို့အချိန်မီခွင့်ပေးပါတယ်။ ဥပမာအားဖြင့် မိမိနေ့စဉ်ခံစားရတဲ့စိတ်အခြေအ နေတွေ၊ ကြုံလာတဲ့အခက်အခဲတွေကို မှတ်တမ်းတင်ဖို့စာရေးတာက စိတ်ဖိစီးမှုကိုသက်သာစေသလို အလုပ်ထဲမှာလဲ တိုးတက်မှုကို စဉ်ဆက်မပြတ်ရရှိလာစေပါတယ်။
- စိတ်ရဲ့ခံနိုင်ရည်စွမ်းနဲ့ ထိန်းချုပ်နိုင်မှု
ကိုယ်တိုင်စည်းကမ်းရှိမှုကိုတိုးတက်လာစေဖို့အတွက် အာရုံစိုက်ခြင်း (mindfulness), အသက်ရှူနည်း စနစ်တွေ၊ စိတ်အမြင်ပြောင်းတတ်မှု (positive reframing) စတဲ့နည်းလမ်းတွေကိုအသုံးပြုလို့ရပါ တယ်။ ဒီအရာတွေဟာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းနဲ့ ခံနိုင်ရည်ကိုတိုးတက်လာအောင် ကူညီပေး တတ်ပါတယ်။
စိတ်ခံနိုင်ရည်စွမ်းအားကောင်းမွန်တဲ့သူတွေက ပြဿနာတက်လာတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ဖိစီးမှု အောက်မှာပဲဖြစ်ဖြစ် အာရုံမလွဲဘဲ ရှင်းလင်းအောင်ဆက်လုပ်နိုင်တတ်ကြပါတယ်။ ဒီလိုစွမ်းရည်တွေ တည်ဆောက်နိုင်ရင် ရေရှည်စွဲမြဲတဲ့စည်းကမ်းရှိမှုကိုထိန်းသိမ်းနိုင်သလို ဆုံးဖြတ်ချက်အမှားတွေချမိ ခြင်းကိုလည်း လျော့နည်းလာစေနိုင်ပါတယ်။
🟠 တာဝန်ယူမှုကိုတည်ဆောက်နိုင်စေမယ့်နည်းလမ်းများ
- ရှင်းလင်းတဲ့မျှော်မှန်းချက်များနဲ့ ကတိကဝတ်များကို ချမှတ်ခြင်း
တာဝန်ယူမှုကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့အဓိကအချက်က “ရှင်းလင်းမှု” ဖြစ်ပါတယ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ အခြားသူတွေအတွက်ပဲဖြစ်ဖြစ် ရည်မှန်းချက်နဲ့ လုပ်ဆောင်ရမယ့်အရာတွေကို တိတိကျကျသတ်မှတ်ထားခြင်းက ရှုပ်ထွေးရခြင်းအဖြစ်မှလွတ်ကင်းစေပြီး၊ ပြီးမြောက်မှုကို အလွယ် တကူ တိုင်းတာစေနိုင်ပါတယ်။ စာချုပ်၊စာတမ်းနဲ့ရေးသားထားတဲ့ကတိကဝတ်များ၊ သဘောတူပြောဆို ထားတဲ့သဘောတူညီချက်တွေကလည်း ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ခိုင်မာအောင်လုပ်ပေးပြီး အောင်မြင် မှုအပေါ် ကိုယ်တိုင်ပိုပြီးတာဝန်ယူစိတ်ရှိလာအောင်ကူညီပေးတတ်ပါတယ်။
- တာဝန်ယူဖော်တွေနဲ့ အကြံပေးများကို အသုံးပြုခြင်း
တာဝန်ယူဖော် (accountability partner) တစ်ဦးနဲ့အတူလုပ်ဆောင်ခြင်းက စိတ်အားထက်သန်မှု အလွှာတစ်ရပ်ကို ဖြစ်ပေါ်လာစေပါတယ်။ သုတေသနတွေအရ ကိုယ့်လုပ်ဖို့ကတိပြုထားတဲ့အရာတွေ ကို တစ်ယောက်ယောက်ဆီမှာပြန်တင်ပြမယ်ဆိုတာသိနေတဲ့အခါ လူတွေအနေနဲ့ အဲဒီတာဝန်ကိုပိုပြီး ပြီး မြောက်အောင်လုပ်တတ်ကြတာကို တွေ့ရပါတယ်။ အကြံပေး (mentors) တွေကလည်း လမ်းညွှန်မှု၊ တက်ကြွစေမှုနဲ့ပြန်လည်သုံးသပ်ဖော်ပြမှုတွေကို ပေးတတ်တဲ့အတွက် တိုးတက်မှုနဲ့ တာဝန်ယူမှုနှစ်မျိုး စလုံးမှာ ထောက်ပံ့မှုကောင်းတစ်ခုဖြစ်လာပါတယ်။
- အကြံပြုချက်များကိုလက်ခံခြင်းနှင့် မိမိအမှားကိုတာဝန်ယူခြင်း
တာဝန်ယူတတ်သူတွေက သူတို့အတွက် အထောက်အကူဖြစ်စေတဲ့အကြံပြုချက်တွေကို ရှာဖွေတတ် ပြီး၊ ကိုယ့်လုပ်ရပ်တွေအပေါ်တာဝန်ယူတတ်ကြပါတယ်။ တာဝန်ယူခြင်းဆိုရာမှာ ရည်မှန်းချက်အတိုင်း မဖြစ်လာတာကို ဝန်ခံခြင်း၊ အမှားရဲ့ အဓိကအကြောင်း အရင်းကို ရှာဖွေခြင်းနဲ့ ဖြေရှင်းနည်းတစ်ခုခုကို ဖန်တီးခြင်းတို့ပါဝင်ပါတယ်။ အဖွဲ့အတွင်းမှာ တစ်ဦးချင်းစီက ကိုယ့်အမှားကိုဝန်ခံနိုင်ဖို့ စိတ်ပိုင်းဆိုင် ရာလုံခြုံမှု (psychological safety) ရှိဖို့လည်းအရေးကြီးပါတယ်။ ဒါက တာဝန်ယူမှုယဉ်ကျေးမှုကို တည်ဆောက်ရာမှာ အထူးအရေးပါလှပါတယ်။
- ကိုယ်ပိုင်အပြုအမူစည်းကမ်းချက်တစ်ခုကိုတည်ဆောက်ခြင်း
ကိုယ်ပိုင်အပြုအမူစည်းကမ်းချက်ဆိုတာ ကိုယ့်ကိုယ်ကိုရေးသားထားတဲ့ လူမှု့ကျင့်ဝတ်အရအောင်မြင် ရေးလမ်းညွှန်တစ်ခုလိုပဲဖြစ်ပြီး ရိုးသားမှုနဲ့စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်မှုကို မြှင့်တင်ပေးပါ တယ်။ ဒါဟာ ကိုယ့်အတွက်အရေးကြီးဆုံးတန်ဖိုးတွေ၊ လက်ခံနိုင်တဲ့အပြုအမူတွေနဲ့ မလျှော့နိုင်တဲ့အ ချက်တွေကိုသတ်မှတ်ပေးပါတယ်။ အထူးသဖြင့် ဒီစည်းကမ်းချက်က သဘောတူညီမှုမရှိမှုများ သို့မ ဟုတ် ပြင်ပဖိအားများကြားမှာ ရွေးချယ်မှုမှန်မှန်လုပ်နိုင်ဖို့ကူညီပေးတတ်ပါတယ်။
🟠 ကိုယ်တိုင်စည်းကမ်းရှိခြင်းနှင့် တာဝန်ယူမှု၏ အရေးပါပုံ
ကိုယ်တိုင်စည်းကမ်းရှိခြင်း (Self-discipline) နှင့် တာဝန်ယူမှု (Accountability) တို့ဟာ လူတစ် ယောက်ရဲ့ကိုယ်ရေးကိုယ်တာဘဝ (Personal Life) နှင့် အလုပ်အကိုင် (Professional Life) နှစ်ခုလုံး တွင် အောင်မြင်မှုရရှိရန် အဓိကအရေးပါသောအရည်အချင်းများဖြစ်ကြပါတယ်။
ကိုယ်တိုင်စည်းကမ်းရှိခြင်းနဲ့ တာဝန်ယူမှုတို့ဟာ ဘဝတစ်ခုလုံးရဲ့အောင်မြင်မှုအတွက် အခြေခံကျတဲ့ အရည်အချင်းများဖြစ်ပါတယ်။ အဲ့ဒီအရာကို နေ့စဉ်လေ့ကျင့်ပါက ကိုယ်ရေးကိုယ်တာဘဝတွင် ပျော် ရွှင်မှုနဲ့စိတ်ကျေနပ်မှုကိုရရှိနိုင်သလို အလုပ်အကိုင်မှာလဲ ရာထူးတိုးတက်မှုနဲ့လေးစားမှုကို ရရှိစေမှာဖြစ် ပါတယ်။
References
Empowering Excellence: Self-discipline, Accountability and Holding People Capable