Building Resilience & Coping with Change –

စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ခြင်းနှင့် အပြောင်းအလဲကိုရင်ဆိုင်နည်း

လူသားတိုင်းရဲ့ဘဝမှာ အပြောင်းအလဲဆိုတာ မလွဲမသွေကြုံတွေ့ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ဒီအ ပြောင်းအလဲတွေကို ကောင်းစွာရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) ရှိဖို့က အရေးကြီးပါ တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ အခက်အခဲတွေကိုကျော်လွှားနိုင်ပြီး ပြောင်းလဲမှုတွေကြားက အ တွေ့အကြုံအသစ်တွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ဘာလဲ

စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်း ဖြစ် ပါတယ်။ ဒါဟာ မွေးရာပါအရည်အချင်းမဟုတ်ဘဲ လေ့ကျင့်တည်ဆောက်ယူရတဲ့စွမ်းရည်တစ်ခု ဖြစ်ပါ တယ်။

စိတ်ဓာတ်ကြံ့ခိုင်သူတွေမှာတွေ့ရတဲ့အချက်များ

  • အခက်အခဲကို လက်ခံနိုင်ခြင်း
  • အကောင်းမြင်စိတ်ရှိခြင်း
  • ပြန်လည်ထူထောင်နိုင်စွမ်းရှိခြင်း
  • ထိန်းချုပ်လို့မရတဲ့အရာတွေကို လက်ခံနိုင်ခြင်း

စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်တဲ့ အယူအဆမှားများ

  • “စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ဘယ်တော့မှမငိုဘူး” (တကယ်တော့ စိတ်ခံစားမှုကိုဖော်ထုတ် ခြင်းက ကျန်းမာတဲ့နည်းလမ်းဖြစ်ပါတယ်)
  • “စိတ်ဓာတ်ကြံ့ခိုင်မှုက မွေးရာပါဖြစ်တယ်”  (တကယ်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုက လေ့ကျင့်ယူ လို့ရပါတယ်)
  • စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ဒုက္ခကို တစ်ယောက်တည်းရင်ဆိုင်ကြတယ်
  • စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာ မကောင်းတဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်တာပဲ
  • စိတ်ဓာတ်ကြံ့ခိုင်ခြင်းကို နည်းလမ်းတစ်မျိုးတည်းနဲ့ပဲ တည်ဆောက်လို့ရတယ်

စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ရန် အကြံပြုချက် (၁၀) ချက်

၁။ အထောက်အပံ့ကောင်းများ တည်ဆောက်ပါ

  • မိသားစု၊ မိတ်ဆွေ၊ အလုပ်သမားများ၊ လူမှုအသိုင်းအဝိုင်းတို့ထံမှ အကူအညီတောင်းခံပါ။
  • အခက်အခဲဖြစ်လာပါက အထောက်အပံ့ရယူခြင်းဟာ အရေးကြီးလှပါတယ်။

၂။ အခက်အခဲများကို စိန်ခေါ်မှုအဖြစ် ရှုမြင်ပါ

  • အခက်အခဲများကို “ကပ်ဘေးကြီး” အဖြစ်မြင်ပါက စိုးရိမ်ပူပန်မှုများတိုးလာပြီး ဖန်တီးနိုင်စွမ်း ကို ကျဆင်းစေပါတယ်။
  • စိန်ခေါ်မှုအဖြစ်ရှုမြင်ခြင်းအားဖြင့် ဖြေရှင်းနည်းများရှာဖွေနိုင်စွမ်းလည်း တိုးတက်လာပါလိမ့် မယ်။

၃။ မပြောင်းလဲနိုင်တဲ့အရာများနဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပါ

  • ကိုယ်တိုင်ဖြေရှင်းနည်းကို မတွေးနိုင်ပါက အခြားသူများရဲ့အမြင်များကို ရယူပါ။

၄။ လက်တွေ့ကျသော ရည်မှန်းချက်များချမှတ်ပါ

  • ရည်မှန်းချက်ကို အဆင့်ငယ်လေးများအဖြစ်ခွဲခြားပြီး တဖြည်းဖြည်းအကောင်အထည်ဖော်ပါ။

၅။ ဆုံးဖြတ်ချက်မြန်မြန်ချပြီး လုပ်ဆောင်ပါ

  • အချက်အလက်များစုဆောင်းကာ အထောက်အပံ့များကို အသုံးပြုပါ။
  • မထိန်းချုပ်နိုင်သည်များကိုလက်ခံပြီး ထိန်းချုပ်နိုင်သည်များကို အာရုံစိုက်ပါ။

၆။ ကိုယ့်ကိုယ်ကိုယ် ပိုမိုသိရှိရန်ကြိုးစားပါ

  • အခက်အခဲတိုင်းမှ သင်ခန်းစာယူပါ။

၇။ ကိုယ့်စွမ်းရည်ကို ယုံကြည်မှုတည်ဆောက်ပါ

  • မိမိရဲ့ရင်ဆိုင်နိုင်စွမ်းကို ယုံကြည်မှုရှိလာပါက စိတ်ဓာတ်ကြံ့ခိုင်မှုလဲ ပိုတိုးလာပါလိမ့်မယ်။

၈။ ရေရှည်အမြင်ဖြင့် ကြည့်ပါ

  • အခက်အခဲများဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အမြဲတမ်းမဟုတ်ဘူးဆိုတာကို လက်ခံထားပါ။

၉။ မျှော်လင့်ချက်တည်ဆောက်ပါ

  • အနာဂတ်တွင် ပိုမိုကောင်းမွန်သောအရာများ ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါ။

၁၀။ ကျန်းမာရေးကို အလေးထားပါ

  • ကိုယ်ခန္ဓာနှင့်စိတ်ကျန်းမာရေးကိုဂရုစိုက်ခြင်းဖြင့် မည်သည့်စိန်ခေါ်မှုကိုမဆို ကောင်းစွာရင်ဆိုင် နိုင်ပါလိမ့်မယ်

အပြောင်းအလဲနဲ့ မသေချာမှုကို တုံ့ပြန်ပုံများ

Kübler-Ross (ခူဘလာရော့စ်) ရဲ့အပြောင်းအလဲအဆင့် (Change Curve) အရ လူတွေဟာ အပြောင်း အလဲတစ်ခုနဲ့ရင်ဆိုင်ရချိန်မှာ –

၁. ငြင်းပယ်ခြင်း 

၂. ဒေါသ 

၃. ညှိနှိုင်းခြင်း 

၄. ဝမ်းနည်းခြင်း 

၅. လက်ခံခြင်း ဆိုတဲ့အဆင့်တွေကို ဖြတ်သန်းရလေ့ရှိပါတယ်။ 

ဆက်လက်ပြီး Kübler-Ross ရဲ့ အပြောင်းအလဲစီမံခန့်ခွဲမှု နမူနာဖြစ်ရပ်လေ့လာချက်အဖြစ် Procter & Gamble ကုမ္ပဏီရဲ့အလုပ်ခန့်ထားရေးမူဝါဒပြောင်းလဲခြင်းကို ဥပမာအနေနဲ့ဖော်ပြထားပါတယ်။

P&G  ရဲ့အလုပ်ခန့်ထားမှုမူဝါဒပြောင်းလဲခြင်း 

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက စားသုံးကုန်ဆိုင်ရာအကြီးဆုံးကုမ္ပဏီများထဲကတစ်ခုဖြစ်တဲ့ Procter & Gamble (P&G) ကုမ္ပဏီဟာ အလုပ်ခန့်ထားရေးမူဝါဒများကို အကြီးအကျယ်ပြောင်းလဲခဲ့ပါ တယ်။ ကုမ္ပဏီဟာ AI နည်းပညာကို အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်များမှာ ပေါင်းစပ်ပြီး လျှောက်လွှာတင် သူများရဲ့အတွေ့အကြုံကို မြှင့်တင်ဖို့နဲ့အလုပ်ခန့်ထားမှုကိုပိုမိုကောင်းမွန်စေဖို့အတွက် ဆောင်ရွက်ခဲ့ပါ တယ်။ အဲ့ဒီပြောင်းလဲမှုကို Kübler-Ross ရဲ့အပြောင်းအလဲစီမံခန့်ခွဲမှုမော်ဒယ်အရ ဘယ်လိုအကောင် အထည်ဖော်ခဲ့သလဲဆိုတာကို ဖော်ပြထားပါတယ်။

  • ငြင်းပယ်မှုအဆင့် (Denial Stage)

ဒီပြောင်းလဲမှုကိုစတင်တဲ့အခါ အလုပ်ခန့်ထားရေးအဖွဲ့ဟာ AI နည်းပညာက သူတို့ရဲ့အလုပ်တွေကို အစားထိုးသွားမယ်ဆိုတဲ့စိုးရိမ်မှုဖြင့် ငြင်းပယ်ခြင်းဆိုတဲ့အဆင့်ကိုစတင်ခဲ့ပါတယ်။

  • အထက်မှဦးဆောင်မှု – စီမံခန့်ခွဲသူများသည် အဖွဲ့ရဲ့စိုးရိမ်မှုများကို နားလည်ပြီး AI ရဲ့ အကျိုးကျေးဇူးများကို ရှင်းလင်းစွာရှင်းပြခဲ့ပါတယ်။
  • ဆက်သွယ်ရေးမဟာဗျူဟာ – AI ဟာအလုပ်ခန့်ထားရေးအဖွဲ့ကို အစားထိုးမှာမဟုတ်ဘဲ သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်းကို ရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။
  • ဒေါသအဆင့် (Anger Stage)

ပြောင်းလဲမှုကိုရှောင်လွှဲလို့မရကြောင်း သိရှိလာတဲ့အခါ အလုပ်ခန့်ထားရေးအဖွဲ့ဟာ ဒေါသထွက်မှုများ နဲ့သူတို့ရဲ့တုံ့ပြန်မှုပုံစံကို ပြသခဲ့ပါတယ်။ 

  • ဦးဆောင်သူများ၏လုပ်ဆောင်ချက် – စိတ်ရှည်သည်းခံမှုဖြင့် အဖွဲ့ဝင်များရဲ့စိုးရိမ်မှုများကို နား ထောင်ကာ AI နဲ့လိုက်လျောညီထွေဖြစ်ဖို့ အကူအညီပေးခဲ့ပါတယ်။
  • ညှိနှိုင်းမှုအဆင့် (Bargaining Stage)

ဒီအဆင့်မှာတော့ P&G ရဲ့စီမံခန့်ခွဲသူတွေဟာ အလုပ်ခန့်ထားရေးအဖွဲ့ကို AI စနစ်များအသုံးပြုနည်းနဲ့ ပတ်သက်တဲ့လေ့ကျင့်သင်ကြားမှုများပေးခဲ့ပါတယ်။

  • လေ့ကျင့်ရေးအစီအစဉ် – AI ကို အသုံးပြုပြီး လျှောက်လွှာတင်သူများရဲ့အတွေ့အကြုံ မြှင့်တင် နည်းများကို သင်ကြားပေးခဲ့ပါတယ်။
  • စိတ်ဓာတ်ကျမှုအဆင့် (Depression Stage)

AI စနစ်များကိုလေ့လာရင်း အလုပ်တာဝန်များကိုဆက်လက်ထမ်းဆောင်ရတဲ့ အလုပ်ခန့်ထားရေးအဖွဲ့ ဟာ စိတ်ဖိစီးမှုများနဲ့စိတ်ဓာတ်ကျမှုများကို ခံစားခဲ့ရပါတယ်။

  • ဖြေရှင်းနည်း
    • ဂိမ်းသဖွယ်လေ့ကျင့်ခြင်း (Gamified Learning) – လေ့ကျင့်မှုများကို ပိုမိုပျော်စရာ ကောင်းအောင် ပြုလုပ်ခဲ့ပါတယ်။
    • နေ့စဉ်အောင်မြင်မှုလေးများကို ချီးကျူးခြင်းအားဖြင့် အဖွဲ့ဝင်များရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
  • လက်ခံမှုအဆင့် (Acceptance Stage)

နောက်ဆုံးအဆင့်မှာတော့ အလုပ်ခန့်ထားရေးအဖွဲ့ဟာ AI စနစ်များကို လက်ခံလာခဲ့ပြီး သူတို့ရဲ့လုပ်ငန်း စဉ်များမှာ အသုံးပြုလာခဲ့ပါတယ်။

  • အပြောင်းအလဲကို ခိုင်မာစေခြင်း – P&G ဟာ AI အခြေပြုအလုပ်ခန့်ထားမှုစနစ်ရဲ့ အောင်မြင်မှု ကို တိုင်းတာဖို့အတွက် KPI များ သတ်မှတ်ခဲ့ပါတယ်။
  • ဆက်လက်တိုးတက်စေရန် – လျှောက်လွှာတင်သူများ၏အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန် AI ရဲ့အခန်းကဏ္ဍကို အဆက်မပြတ်အဆင့်မြှင့်တင်ပေးထားပါတယ်။

P&G ရဲ့ဒီဖြစ်ရပ်ဟာ Kübler-Ross ရဲ့အပြောင်းအလဲစီမံခန့်ခွဲမှုမော်ဒယ်ကို အသုံးပြုပြီး ကြီးမားတဲ့ ပြောင်းလဲမှုများကို ဘယ်လိုအောင်မြင်အောင်အကောင်အထည်ဖော်နိုင်တယ်ဆိုတာကို ဖော်ပြနေပါ တယ်။
ကိုယ်ပိုင်အားသာချက်များကို သိမြင်ခြင်း

သင့်အနေနဲ့ အခြေအနေတွေကို ဘယ်လိုကောင်းစွာရင်ဆိုင်နိုင်သလဲဆိုတာကို သိဖို့အတွက်

  • အတိတ်က စိန်ခေါ်မှုတွေကို ပြန်သုံးသပ်ပါ
  • မိမိကိုယ်ကိုအကဲဖြတ်ခြင်း (Self-assessment) နဲ့ပတ်သက်ပြီး စာရေးခြင်း၊ အကဲဖြတ် မေးခွန်းလွှာဖြည့်ခြင်းတို့ကို ပြုလုပ်ပါ
  • စိတ်ခံစားမှုအပေါ် တုံ့ပြန်ပုံကို သိရှိပါ

အပြောင်းအလဲကိုရင်ဆိုင်ရန် အလွယ်ကူဆုံးနည်းလမ်းများ

✔ ပြောင်းလွယ်ပြင်လွယ်ရှိသော နေ့စဉ်လုပ်ရိုးလုပ်စဉ်များကိုဖန်တီးပါ
✔ လက်တွေ့ကျတဲ့ရည်မှန်းချက်များ ချမှတ်ပါ
✔ မသေချာမှုကိုလက်ခံပြီး ပြောင်းလဲနိုင်စွမ်းကို မြှင့်တင်ပါ
✔ လိုအပ်ရင် အကူအညီတောင်းခံပါ

References

https://crowjack.com/blog/strategy/change-management-models/kubler-ross-model
https://suicideorsurvive.ie/wp-content/uploads/2023/02/Managing-Change-Building-your-Resilience.pdf