Learning and Leadership Program Batch 2 

Type 

Free Training 

Description: 

၄လတာ ကြာမြင့်မယ့် Access to Education – Myanmar Organization ကနေ ဖွင့်လှစ်တဲ့ program ဖြစ်ပါတယ်။ ပညာရေးလမ်းခရီးရှေ့ဆက်နိုင်အောင် လိုအပ်သည့်ကျွမ်းကျင်မှုများကို ပြင်ဆင်လေ့ကျင့်ပေးခြင်း နှင့် 

လုပ်ငန်းခွင်ဝင်ရန်အတွက် လိုအပ်သည့် အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်ရန် ဆိုပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ အသက် ၁၆ ကနေ ၂၆ အထိ လူငယ်တွေတက်ရမှာဖြစ်ပြီး English Language ကို အသုံးပြုသင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်။ online ကနေသင်ကြားပေးမှာဖြစ်လို့ လစဉ်အင်တာနက်ထောက်ပံ့ကြေးလည်းရဦးမှာမလို့ လက်မလွှတ်ဘဲ လျှောက်သင့်တဲ့ သင်တန်းတခုပဲဖြစ်ပါတယ်။ 

Benefit: 

Fully Funded and data allowance 

Eligibility Criteria 

အသက် ၁၆ မှ ၂၆ အတွင်းရှိသူများ၊

ပညာရေးအခွင့်အလမ်းရရှိမှုနည်းပါးသူများ၊

သင်ခန်းစားများကို အင်္ဂလိပ်လို ပြောဆိုနွေးနွေးရမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စာ အရေး၊ အပြော Intermediate အဆင့်ရှိသူများ၊

သင်တန်းအပေါ် စိတ်ဝင်စားမှုကို ဖော်ပြရေးသားရာတွင် မည်သည့် AI tool ကိုမှ မသုံးဘဲ မိမိကိုယ်တိုင်ရေးသားထားသူများ၊

အွန်လိုင်း သင်တန်းအစီစဉ် ဖြစ်သည့်အတွက် အတန်းတက်ရောက်ရန် အင်တာနက် ရသူများနှင့်

သင်တန်း အစအဆုံး တက်ရောက်နိုင်မည့် မည်သူမဆို ဝင်ရောက်လျှောက်ထားလို့ရပါတယ်။

ပရိုဂရမ်တလျှောက်လုံးမှာ ကျောင်းသူ/ကျောင်းသား လူငယ်များအတွက် အသိပညာကြွယ်ဝလာစေမှု အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပြင်ဆင်ပေးသွားမှာ ဖြစ်တဲ့အတွက် ရွေးချယ်ခံရသူများအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေး လုပ်ဆောင်သွားဖို့လည်း (အထူး)လိုအပ်တဲ့ သင်တန်းအစီစဉ်တစ်ခုဖြစ်ပါတယ်။ 

Deadline:

10th Dec, 2025 

Application form 

https://docs.google.com/forms/d/e/1FAIpQLScTgxIKlYEOBZAPKtUgF9aYyywTL2X2mpJrF3LJn-qmMWgGtA/viewform

More information: 

https://www.facebook.com/share/p/1Box4P9YZs