
Google Docs အခြေခံ မိတ်ဆက် (Introduction)
ဒီဗီဒီယိုမှာ Google Docs ဆိုတာဘာလဲ၊ ဘာကြောင့် သုံးသင့်သလဲ ဆိုတာကို အခြေခံအဆင့်မှာ မိတ်ဆက်ပေးထားပါတယ်။ Google Docs ကို ဘယ်လိုဖွင့်ရမလဲ၊ အလုပ်အတွက် ဘယ်လို အသုံးဝင်လဲ ဆိုတာတွေကို ရှင်းပြပေးထားပြီး၊ Online document တစ်ခုအဖြစ် ဘယ်လို အလွယ်တကူ အသုံးပြုနိုင်မလဲကိုလည်း သိရှိနိုင်ပါလိမ့်မယ်။
စာသားပြင်ဆင်ခြင်း (Editing Features)
ဒီဗီဒီယိုမှာ Google Docs ထဲမှာ စာသားတွေကို ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ စာလုံးအရွယ်အစား ပြောင်းခြင်း၊ Font ပြောင်းခြင်း၊ Bold / Italic / Underline အသုံးပြုခြင်း၊ Alignment ပြောင်းခြင်း စတဲ့ အခြေခံ editing features တွေကို လက်တွေ့ဥပမာနဲ့ ပြထားပါတယ်။
စာသားအဆင့်မြင့် Features (Text Features)
ဒီဗီဒီယိုမှာ Heading အသုံးပြုနည်း၊ Styles ပြောင်းနည်း၊ Bullet & Numbered lists အသုံးပြုနည်း၊ Text color နဲ့ Highlight အသုံးပြုနည်းတွေကို လေ့လာနိုင်ပါတယ်။ Document ကို ဖတ်ရလွယ်ကူအောင်၊ စနစ်တကျ ဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို အဓိကထား ပြထားပါတယ်။
Menu အသုံးပြုနည်း
ဒီဗီဒီယိုမှာ Google Docs ရဲ့ Tools menu ကို အသုံးပြုပုံကို လေ့လာနိုင်ပါတယ်။ Spelling & Grammar check, Word count, Voice typing, Translate document စတဲ့ အလုပ်လုပ်ရလွယ်ကူစေတဲ့ tools များကို အသုံးချနည်းတွေကို ရှင်းပြထားပါတယ်။အချိန်ကုန်သက်သာစေပြီး အလုပ်ကို ပိုမြန်စေတဲ့ features များကို သိနိုင်ပါလိမ့်မယ်။
Insert & Format Tabs အသုံးပြုနည်း
ဒီဗီဒီယိုမှာ Google Docs ရဲ့ Insert နဲ့ Format tabs တွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။ Image ထည့်နည်း၊ Table ထည့်နည်း၊ Link ထည့်နည်း၊ Page layout ပြောင်းနည်း၊ Line spacing ပြင်ဆင်နည်း စတဲ့ document ကို ပိုပြီး professional ဖြစ်အောင် ပြုလုပ်နိုင်တဲ့ feature များကို ရှင်းပြထားပါတယ်။
Google Docs Add-ons အသုံးပြုနည်း
ဒီဗီဒီယိုမှာ Google Docs ထဲမှာ Add-ons (Extensions) တွေကို ဘယ်လိုရှာဖွေထည့်သုံးရမလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ Add-ons ဆိုတာဘာလဲ၊ ဘာကြောင့် အသုံးဝင်လဲ ဆိုတာကို မိတ်ဆက်ပေးပြီး ကူညီပေးနိုင်တဲ့ Add-ons များကို အသုံးချနည်းတွေကို ရှင်းပြထားပါတယ်။
Google Docs Help & Support အသုံးပြုနည်း
ဒီဗီဒီယိုမှာ Google Docs အသုံးပြုနေစဉ် မသိတာတွေ၊ အခက်အခဲတွေ ဖြစ်လာရင် Help feature ကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။ Search the menus, Help search box, Feature explanation တွေကို ဘယ်လိုရှာဖွေရမလဲ၊ မိမိလိုအပ်တဲ့ function ကို အမြန်ဆုံး ရှာနိုင်အောင် ဘယ်လို သုံးရမလဲ ဆိုတာတွေကို လက်တွေ့ပြထားပါတယ်။
Google Docs မှာ Table of Contents ဖန်တီးနည်း
ဒီဗီဒီယိုမှာ Google Docs ထဲမှာ Table of Contents (မာတိကာစာရင်း) ကို ဘယ်လိုဖန်တီးရမလဲ ဆိုတာကို အသေးစိတ် လေ့လာနိုင်ပါတယ်။ Heading styles ကို မှန်ကန်စွာ အသုံးပြုနည်း၊ Automatic Table of Contents ထည့်နည်း၊ Update လုပ်နည်းတွေကို လက်တွေ့ပြသထားပါတယ်။
ဒီနည်းလမ်းတွေကို အသုံးပြုပြီး Report၊ Research Paper၊ Proposal၊ Training Manual စတဲ့ စာရွက်စာတမ်းများကို ပိုမို စနစ်တကျ၊ ဖတ်ရလွယ်ကူအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။
ဥပမာ။ .။ ခေါင်းစဉ်အကြီးကို Heading 1 ဟုထားပါက ထိုခေါင်းစဉ်အောက်တွင်ပါသော ခေါင်းစဉ်အခွဲများကို Heading 2 ဟူ၍ထားနိုင်သည်။ Heading 2 ထားသော ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်အခွဲများထပ်ပါပါက Heading 3 ဟူ၍ အသုံးပြုရမည်ဖြစ်သည်။
ဖိုင်သိမ်းဆည်းခြင်းနှင့် Download လုပ်နည်း
ဒီဗီဒီယိုမှာ Google Docs မှာရေးထားတဲ့ document ကို PDF၊ Word file (DOCX) စတဲ့ format များနဲ့ ဘယ်လို download လုပ်ရမလဲ ဆိုတာကို ရှင်းပြထားပါတယ်။ File sharing မလုပ်ခင်၊ Email ပို့ခင်၊ Printing မလုပ်ခင် အသုံးဝင်တဲ့ သိမ်းဆည်းနည်းများကို လေ့လာနိုင်ပါလိမ့်မယ်။