Google Calendar

ဒီဗီဒီယိုမှာ Google Calendar ကို အသုံးပြုပြီး နေ့စဉ်အလုပ်များ၊ သင်တန်းများ၊ အစည်းအဝေးများကို စနစ်တကျ စီမံခန့်ခွဲနိုင်အောင် အပြည့်အစုံ ရှင်းပြထားပါတယ်။ Event တစ်ခုကို ဘယ်လိုဖန်တီးရမလဲ၊ Date & Time သတ်မှတ်နည်း၊ Reminder ထည့်နည်း၊ Notification ပြန်လည်ရရှိနည်းတွေကို လက်တွေ့ပြသထားပါတယ်။

ထို့အပြင် Calendar view (Day / Week / Month) ပြောင်းနည်း၊ Repeating events ဖန်တီးနည်း၊ Task နဲ့ Event ကွာခြားချက်၊ Color coding အသုံးပြုပြီး အလုပ်အမျိုးအစားအလိုက် ခွဲခြားစီမံနည်းတွေကိုလည်း လေ့လာနိုင်ပါလိမ့်မယ်။ Google Meet link ပါတဲ့ Meeting ဖန်တီးနည်း၊ အခြားသူများကို Invite လုပ်နည်း၊ Calendar sharing ပြုလုပ်နည်းတွေကိုပါ အသေးစိတ်ရှင်းပြထားပါတယ်။

ဒီဗီဒီယိုကို ကြည့်ပြီးနောက် သင်သည် Google Calendar ကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာ အချိန်စီမံခန့်ခွဲမှု၊ အလုပ်နှင့် သင်တန်း စီမံခန့်ခွဲမှုများကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ပါလိမ့်မယ်။