
ဒီဗီဒီယိုမှာဆိုရင် Google Slides ဆိုတာက ဘာလဲ၊ Google Slides ကို စတင်အသုံးပြုပုံ၊ ဖိုင်အမည်ပေးပုံနဲ့ Google Slides မှာပါတဲ့ Functions တွေကို မိတ်ဆက်ပေးထားတာဖြစ်လို့ အခြေခံအကျဆုံး အဆင့်တွေကနေ စတင်လေ့လာချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
Google Slides မှာ Slide အသစ်တွေကို ဘယ်လိုယူရမလဲ၊ Slide Background တွေကို စနစ်တကျ ဘယ်လိုပြောင်းလို့ရမလဲဆိုတဲ့အကြောင်းနဲ့ Slide Ratio ချိန်ညှိနည်းတွေကိုပါ ရှင်းပြထားတာကြောင့် ဒီဗီဒီယိုကို လေ့လာပြီးသွားတဲ့အခါ ကိုယ်လိုချင်တဲ့ Layout ပုံစံတွေကို စနစ်တကျ ရွေးချယ်တတ်စေမှာ ဖြစ်ပါတယ်။
Google Slides ထဲမှာ Presentation အတွက် ပြင်ဆင်တဲ့အခါ ထည့်ရမယ့်စာသားတွေကို Font ပုံစံတွေ၊ အရွယ်အစားနဲ့ အရောင်ပြောင်းလဲနည်းအပြင် Shape ပုံစံအမျိုးမျိုးကို စိတ်ကြိုက်ပုံဖော် ထည့်သွင်းနည်းတွေ ရှင်းပြပေးထားတာကြောင့် Presentation တစ်ခုကို ပိုမိုစနစ်တကျနဲ့ လှပအောင် ပြုပြင်ဖန်တီးနည်းတွေကို လေ့လာရမှာပါဖြစ်ပါတယ်။
ဒီဗီဒီယိုထဲမှာဆိုရင် Presentation Slides ထဲမှာ မိမိကွန်ပျူတာမှဖြစ်စေ၊ Online မှဖြစ်စေ ဓာတ်ပုံတွေ ထည့်သွင်းတာ၊ Background ပြင်တာ၊ လိုသလို ဖန်တီးတာအပြင် ပုံတွေကို Crop လုပ်ပြီး Frame ထည့်နည်းတွေကို ရှင်းပြထားပါတာကြောင့် ဓာတ်ပုံတွေကို စနစ်တကျ အထားအသိုလုပ်ပြီး ပိုမိုဆွဲဆောင်မှုရှိအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Presentation Slides တွေထဲမှာ ဇယားကွက်တွေ၊ Diagram တွေနဲ့ Chart တွေကို ထည့်သွင်းပြီး ဒေတာအချက်အလက်တွေကို ပိုပြီးမြင်သာအောင် ဖော်ပြလို့ရမယ့်နည်းလမ်းတွေကို ရှင်းပြထားတာဖြစ်လို့ ရှုပ်ထွေးတဲ့ Data တွေကို ရှင်းလင်းတဲ့ ပုံဖော်နည်းစနစ်တွေနဲ့ လေ့လာရမှာဖြစ်ပါတယ်။
Presentation လုပ်တဲ့အခါ ဆွဲဆောင်မှုရှိစေဖို့အတွက် အသုံးဝင်တဲ့ Animation ထည့်နည်း၊ Laser Pointer အသုံးပြုနည်းနဲ့ Speaker Notes ရေးနည်းတွေကို ပြသထားပါတယ်။ ဒီဗီဒီယိုက လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ အများရှေ့မှာ ယုံကြည်မှုရှိရှိ တင်ဆက်နိုင်ဖို့ ကူညီပေးမယ့် သင်ခန်းစာတစ်ခုဖြစ်ပါတယ်။
Google Slides ရဲ့ စွမ်းဆောင်ရည်ကို တဆင့်မြှင့်တင်ပေးမယ့် Add-on Application တွေ ထည့်သွင်းပုံနဲ့ Timer အသုံးပြုနည်းတွေကို ရှင်းပြထားပါတယ်။ Presentation ကို ပိုမိုစုံလင်ပြီး Professional ကျအောင် ပြုလုပ်နိုင်မှာ အသေအချာပါပဲ။
ပြီးဆုံးသွားတဲ့ Slide ဖိုင်တွေကို Email ကတစ်ဆင့် မျှဝေနည်း၊ Download ရယူနည်းနဲ့ ဖိုင်နေရာရွှေ့ပြောင်းနည်းတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုထဲမှာ သင်ခန်းစာတစ်ခုလုံးရဲ့ အနှစ်ချုပ်ကို ပြန်လေ့လာနိုင်မှာဖြစ်ပါတယ်။