MYEO-01

Emotional Safe Place (ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခုကို ရှာ​ဖွေခြင်း)

ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခု (Emotional Safe Place) ကို ရှာ​ဖွေရန်နည်းလမ်းအဆင့်များ (ဖြည်းဖြည်းချင်းသွားကြည့်ပါ။ ​လောစရာမလိုပါဘူး။ တကယ်လို့ အဲ့​နေရာကို ​ရောက်ပြီဆိုရင် ဘယ်လို​နေရာမျိုးလဲလို့ ပုံ​ဖော်ကြည့်ရ​အောင်။) (စိမ်းစို​​နေတဲ့ သစ်ပင်​တွေလား။ အပြာ​ရောင်တန်း​နေတဲ့ ​တောင်တန်း​တွေလား။ ပင်လယ်ပြာပြာလား။ သဲ​သောင်ပြင်​ပေါ်မှာလား။ မြက်ပြင်စိမ်းစိမ်း​တွေကြားထဲမှာလား။ ​​နောက်ထပ်​ကော ဘာ​တွေမြင်ရသလဲ။ ခု​ရောက်​​နေတဲ့ ​နေရာမှာ ဘာအ​ရောင်​တွေ လွမ်းမိုး​နေသလဲ။ အဝါ​ရောင်လား၊ အစိမ်း​ရောင်လား၊ အပြာ​ရောင်လား။) (ရေစီးသံ​လေး တသွင်သွင် ကြား​နေရလား။ ​လေတိုးလို့ သစ်ရွက်က​လေး​တွေ လှုပ်​နေတဲ့အသံလား။ ဘာအသံမှ မကြားရလို့ တိတ်ဆိတ်ငြိမ်သက်​​နေတာလဲ ဖြစ်နိုင်ပါတယ်။ ကြားရတဲ့အသံ​လေးကို မှတ်ထားလိုက်ပါ။  (ကိုယ့်ကိုယ်ပိုင် စိတ်ကူးထဲက ဘယ်လို​နေရာမျိုးမဆို ​ပေးနိုင်ပါတယ်။) ဒီကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံတဲ့​နေရာ​လေးကို ကိုယ့်စိတ်ထဲ စိတ်ဖိစီးမှု​တွေ ခံစားရတဲ့အခါ၊ စိတ်ခံစားချက်​တွေ ပြင်းထန်လာတဲ့ အခါမျိုးမှာ ဒီ​နေရာ​သွားလိုက်လို့ […]

Emotional Safe Place (ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခုကို ရှာ​ဖွေခြင်း) Read More »

Positive Self-talk with Butterfly Hug

အပြုသ​ဘော​ဆောင်တဲ့ စကား​လေး​တွေဟာ အခက်အခဲကြုံ​နေရတဲ့အချိန် ကိုယ့်ကိုယ်ကို အား​ပေးတဲ့အ​နေနဲ့ ​ပြော​ပေးနိုင်ပါတယ်။ တခြားသူက အား​ပေးစကား​ပြောသလိုမျိုး ကျွန်​တော်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်​ပြောပြီး အားတက်လာ​အောင် နှစ်သိမ့်​ပေးနိုင်ပါတယ်။ အဲလို​ပြောတဲ့အခါမှာ အ​ခြေအ​နေနဲ့ ကိုက်ညီတဲ့ စကားအမျိုးမျိုးကို သုံး​ပေးနိုင်ပါတယ်။  ဥပမာ – “ဒီအ​ခြေအ​နေကြီးကို ရင်ဆိုင်​ကျော်ဖြတ်နိုင်မှာပါ။”             “ဒီကိစ္စကြီးဟာ အမြဲတမ်းရှိ​နေမှာ မဟုတ်ဘူး။ မကြာခင် ပြီးဆုံးသွားမှာပါ။”            “ငါအရင်ကလည်း ရှင်သန်ခဲ့တယ်။ အခုလည်းရှင်သန်​နေတယ်။ ​နောက်လည်းရှင်သန်မှာပါ။” ဒီစကားလုံး​တွေ သုံးနှုန်း​ရေရွတ်ပြီး စိတ်တည်ငြိမ်​အောင် ပြုလုပ်နိုင်သလို​ Butterfly Hug လုပ်နည်းနဲ့ တွဲပြီးလည်းလုပ်လို့ရပါတယ်။ ​အောက်​ဖော်ပြပါနည်းလမ်းများက​တော့ Butterfly Hugလုပ်တဲ့ နည်းလမ်းများဖြစ်ပါတယ်။ (အမှန်​တော့ ရင်ဘတ်ကိုလက်နဲ့ ပုတ်တဲ့သ​ဘောပါဘဲ။ လိပ်ပြာ​လေးပုံစံ​လေးဖြစ်​နေလို့ တင်စားပြီး လိပ်ပြာ​တောင်ပံခတ်တယ်လို့ ​ပြောတာဖြစ်တယ်။) ဒီနည်းလမ်း​လေးကိုလည်း စိတ်ဖိစီးမှု​တွေ များ​နေတဲ့အချိန်၊ အထူးသဖြင့်​တော့ ရင်ဆိုင်ရခက်ခဲတဲ့

Positive Self-talk with Butterfly Hug Read More »

Breathing Exercise ( အသက်ရှူ​လေ့ကျင့်ခန်း )

အသက်ရှု​လေ့ကျင့်ခန်းဟာ Relaxation techquie ​တွေထဲမှာ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။ ဒီ​လေ့ကျင့်ခန်းကို စိတ်ဖိစီးမှု​တွေများ​နေတဲ့ အချိန်၊ စိုးရိမ်ပူပန်မှု​တွေများ​နေတဲ့ အချိန် (သို့မဟုတ်) စိတ်ခံစားချက်​တွေ ပြင်းထန်​နေတဲ့ အချိန်တွေမှာ အကူအ​နေနဲ့ အသုံးပြုနိုင်ပါတယ်။  အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်များ (ရှူသွင်းမယ်၊ ခဏ​အောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာ “ဟား” ဆိုပြီး ပါးစပ်ကို ဟ၍ ပြန်ရှူထုတ်လိုက်ပါမယ်။) အသက်ရှူ​လေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။

Breathing Exercise ( အသက်ရှူ​လေ့ကျင့်ခန်း ) Read More »

ဒေါသထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း (Anger Management)

ဒေါသကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲ? ဒေါသ ဆိုတာဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်တခုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ မနှစ်မြို့ခြင်း၊ မကျေနပ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အခြား စိတ်ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊  ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း များလိုဘဲ ဒေါသဖြစ်ခြင်းကလည်း လူတယောက်ရဲ့ ပုံမှန်စိတ်ခံစားချက်တခုသာဖြစ်တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်မှာ ဒေါသဖြစ်လေ့၊ ဒေါသထွက်လေ့ရှိကြသလဲ? လူတယောက်ရဲ့ဘဝမှာ ဒေါသကိုဖြစ်စေတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်များစွာရှိတတ်ပါတယ်။ အများအားဖြင့် လူတယောက်ဟာ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ (ဒါမှမဟုတ်) အနှောင့်အယှက်ပေးခြင်းခံရတယ်လို့ ခံစားရသောအခါ (ဒါမှမဟုတ်) ငြင်းပယ်ခံရတယ်လို့ ခံစားရသောအခါ (သို့မဟုတ်) စော်ကားပြောဆိုခံရတယ်လို့ ခံစားရတဲ့အခါတွေမှာ  ဒေါသထွက်လေ့ရှိပါတယ်။ * ပုံမှန်အားဖြင့် “နာကျင်မှု“တမျိုးထဲ ခံစားရရုံနဲ့ ဒေါသဖြစ်လေ့မရှိပါဘူး။ အဲဒီနာကျင်မှုဟာ ဒေါသကို လှုံ့ဆော်ပေးနိုင်တဲ့ “အတွေး”မျိုးတွေဖြစ်တဲ့ တစုံတစ်ယောက်က ငါ့ကို စော်ကားနေတယ်၊

ဒေါသထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း (Anger Management) Read More »

PTSD & Post Traumatic Growth ( စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ )

စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress Disorder _ PTSD ) ဆိုတာဘာလဲ။  စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress Disorder ) ဆိုသည်မှာ ကိုယ့်ဘဝတွင် ထိတ်လန့်​ခြောက်ခြားဖွယ်၊ ​ကြောက်မက်ဖွယ်​ကောင်း​​သော၊ အန္တရာယ်ရှိ​သော ဖိစီးမှုဒဏ်များကို နာကျင်စွာ ကြုံ​တွေ့ခံစားခဲ့ရပြီး​နောက် ဖြစ်​ပေါ်လာ​သော စိတ်အ​ခြေအ​နေဖရိုဖရဲဖြစ်ခြင်းကိုဆိုလိုပါသည်။ ကိုယ်မ​မျှော်လင့်ထား​သော၊ ​​ခြောက်ခြားဖွယ်ဖြစ်ရပ်များကို ရုတ်တရက် ကြုံ​တွေ့ခံစားလာရလျှင် လူ့သဘာဝအရ ထိတ်လန့်တုန်ရွံ့မိမည်မှာ ပုံမှန်ဖြစ်ပါသည်။ အ​ကြောင်းမှာ ရုတ်တရက်ဖြစ်​ပေါ်လာ​သော​ခြောက်ခြားဖွယ်ဖြစ်ရပ်များ၊ အ​ပြောင်းအလဲများ၊ ဖိစီးမှုဒဏ်များကို ခံနိုင်ရည်ရှိရန်၊ သို့မဟုတ် ယင်းအဖြစ်အပျက်မှ အလျင်အမြန်​ရှောင်ရှားနိုင်ရန် ကိုယ်ခန္ဓာက အလိုလိုတုံ့ပြန်​ပေးခြင်းသာဖြစ်ပါသည်။ ဤသည်ကို ( Fight-or-Flight response ) ဟုဆိုပါသည်။  စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress

PTSD & Post Traumatic Growth ( စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ) Read More »

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience )

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုတာဘာလဲ။ ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုသည်မှာ ကိုယ့်ဘဝတွင်ဖြစ်​ပေါ်လာ​သော ကြီးမားသည့်​​ပြောင်းလဲမှုများ၊ အခက်အခဲစိန်​ခေါ်မှုများ၊ စိတ်ဖိစီးမှုများကို စိတ်အ​ခြေအ​နေ​ကောင်း​မွန်စွာ၊ အပြုအမူ​သင့်​လျော်စွာဖြင့် အလိုက်သင့်စွာရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းရှိခြင်း၊ ​ဖြေရှင်းနိုင်စွမ်းရှိခြင်းကို ​​​​ခေါ်ဆိုပါသည်။  ကျွန်တော်တို့လူသားတိုင်းသည် ​မွေးဖွားလာသည့်အချိန်မှစ၍ ကြံ့ကြံ့ခံနိုင်စွမ်းအားအနည်းအများဖြင့် ​လောကဓံကို ရင်ဆိုင်ဖြတ်သန်းကာ ရှင်သန်​ကျော်လွားခဲ့ရပါသည်။ လူတိုင်းတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည့်အ​လျောက် ကြံ့ကြံ့ခံနိုင်စွမ်းလည်းမတူကြပါ။  ​ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်အ​ခြေအ​နေ၊ မိသားစု၏ ​ထောက်ပံ့ကာကွယ်​ပေးမှု၊ ကိုယ်ကိုတိုင်၏ ကိုယ်ရည်ကိုယ်​သွေး စသည့်အချက်များ​ကြောင့် ကွဲပြားကြပါသည်​။ ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည့် ခိုင်မာ​ထက်သန်သောစိတ်စွမ်းအား၊ ဒုက္ခပြဿနာများနှင့်​ကြုံ​တွေ့တိုင်း ပြန်လည်နာလန်ထူ၊နာလန်ထနိုင်​စေရန် ကူညီ​ပေး​သော ကြံ့ကြံ့ခံနိုင်စွမ်းစိတ်စွမ်းအားမရှိလျှင် ပုံမှန်အသက်ရှင်သန်ဖြတ်သန်းနိုင်ဖို့၊ စိတ်ဖိစီးများကို ကိုင်တွယ်​ဖြေရှင်းနိုင်ဖို့ ခက်ခဲလှပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရှိသူများမှာမူ ဖြစ်ပျက်လာ​သော အခက်အခဲစိန်​​ခေါ်မှုများကို ရင်ဆိုင်​ဖြေရှင်းရန် အသင့်ရှိ​နေရုံသာမက ယင်းမှ ပြန်လည်ရရှိ​သောသင်ခန်းစာများကို လက်​တွေ့ပြန်လည်အသုံးချနိုင်စွမ်းရှိကြပါသည်။ ​​ဖြေရှင်းနိုင်စွမ်းရှိကြပါသည်။

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) Read More »

စိတ်ဒဏ်ရာ (Trauma)

စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေ ဆိုသည်မှာ လူတစ်ယောက်အတွက် တုန်လှုပ်ခြောက်ခြားစေသော အဖြစ်အပျက်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက်ပိုသော ထိတ်လန့်တုန်လှုပ်ဖွယ် အတွေ့အကြုံဖြစ်ပါသည်။ ဘယ်အသက်အရွယ်မှာ စိတ်ဒဏ်ရာရနိုင်ပါသလဲ။ စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများ *** ကိုယ်တိုင်ကြုံတွေ့ခြင်း သို့မဟုတ် မြင်တွေ့ခြင်း *** ကိုယ်တိုင်ကြားသိရခြင်း ဘယ်လို တုံ့ပြန်မှုတွေရှိနိုင်ပါသလဲ။ စိတ်ဒဏ်ရာသည် လူတစ်ယောက်၏ ထင်မြင်ယူဆချက်နှင့်သာ သီးသန့်သက်ဆိုင်သောအရာဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စေသော ကိစ္စတစ်ခုသည် အခြားသူတစ်ဦးကို တူညီစွာသက်ရောက်မှု ရှိချင်မှ ရှိနိုင်မည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေကြုံတွေ့ ရသူ အများစုသည် ရက်ပိုင်း၊ လပိုင်းအတွင်း ပုံမှန် ပြုမူလှုပ်ရှားနိုင်ရန် ခက်ခဲလေ့ရှိပြီး အောက်ပါတို့ကို ခံစားရနိုင်ပါသည်။ ဘယ်လောက်ကြာကြာ ခံစားရမလဲ။ စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများနဲ့တုံ့ပြန်မှုတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။

စိတ်ဒဏ်ရာ (Trauma) Read More »

ပူ​ဆွေး​သောက​ရောက်ခြင်း (Grief)

ပူ​​ဆွေး​သောက​ရောက်ခြင်း (Grief) ဆိုတာဘာလဲ။ ပူ​ဆွေး​သောက​ရောက်ခြင်းဆိုသည်မှာ ဆုံးရှုံးမှု​​​တွေနှင့် ရင်ဆိုင်ကြုံ​တွေ့ရသည့်အခါ စိတ်တွင်းမှ တုံ့ပြန်​ပေးသည့် စိတ်၏တုံ့ပြန်မှုအရာ တစ်ခု ဖြစ်ပါသည်။ မည်သည့်အချိန်တွင် ပူ​ဆွေး​သောကကို ခံစားရ​လေ့ရှိသနည်း။ အများအားဖြင့် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အခါ ပူဆွေးသောကကို ခံစားရလေ့ရှိပါသည်။ ဆုံးရှုံးသွားသည့်အရာ အမျိုးမျိုးဖြစ်နိုင်၏။ ဆုံးရှုံးရသည့်အရာမှာ ကိုယ့်အတွက် တန်ဖိုးကြီးလေလေ၊ ပူဆွေးသောက ရောက်ရလေပဲ ဖြစ်ပါသည်။ မည်သို့ သက်ရောက်မှုတွေရှိနိုင်မည်နည်း။ ပူဆွေးသောကရောက်ခြင်းသည် လူ​တွေကို နည်းမျိုးစုံဖြင့် သက်ရောက်နိုင်ပြီး လူအများ၏ တုံ့ပြန်မှုမှာလဲ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ တုံ့ပြန်မှုပုံစံကို ​အောက်ပါအတိုင်း (၃) ပိုင်းခြား၍ ​လေ့လာနိုင်ပါသည်။       ( ၁ )  စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။       ( ၂ )  ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။       ( ၃ )  အပြုအမူပိုင်းဆိုင်ရာ၊

ပူ​ဆွေး​သောက​ရောက်ခြင်း (Grief) Read More »