ပဲပုပ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ
နိဒါန်း။ ပဲပုပ်သီးနှံဟာ အသားဓာတ်ကြွယ်ဝပြီး ၎င်းမှရတဲ့ဆီကို ချက်ပြုတ်ဖို့ သုံးနိုင်လို့ ဟင်းသီး ဟင်းရွက်ဆီ ထုတ်လုပ်ရာမှာ အရေးပါတာကြောင့် ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေး အဖွဲ့က မြေပဲအစား ဆီထွက်သီးနှံအဖြစ် သတ်မှတ်ထားပါတယ်။ လယ်မြေပေါ်မှာ စပါး ရိတ်သိမ်းပြီးရင် လက်ကျန် အစိုဓာတ်နဲ့ အလွယ်တကူ စိုက်ပျိုးနိုင်ပြီး စပါး-ပဲပုပ် အလှည့်ကျ စိုက်ခြင်းက ပိုးမွှားရောဂါကျရောက်ခြင်းကို သီးနှံ နှစ်မျိုးလုံးမှာ လျော့နည်းစေနိုင်ပါတယ်။ ပဲပုပ်ပင်ရဲ့အမြစ်တွေဟာ လေထဲကနိုက်ထရိုဂျင်ကို ဖမ်းယူနိုင်ပြီး အချို့က မြေဆီလွှာမှာ ကျန်ရစ်ပြီး အပင်များမှ စုပ်ယူ စားသုံးနိုင်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို ရရှိနိုင်တယ်။ ရာသီဥတု။ ပဲပုပ်ဟာနွေးပြီး စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ အပူချိန် ၂၆-၃၂ ဒီဂရီစင်တီ ဂရိတ်မှာအပင်ဖြစ်ထွန်းဖို့ အကောင်းဆုံးဖြစ်ပြီးတော့ မြေကြီးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ် ဟာ […]
ပဲပုပ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »









