သီးနှံအထွက်နှုန်းကောင်းစေသောအချက်များနှင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ

သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက သက်ရောက်နေပါသလဲ

သီးနှံအထွက်နှုန်းကို အဓိကသက်ရောက်နေတဲ့အချက် နှစ်ချက် ရှိပါတယ်။ Internal factors လို့ခေါ်တဲ့ ပင်ပိုင်းအတွင်းအကြောင်းအရင်းနဲ့ External factors လို့ခေါ်တဲ့ ပင်ပိုင်းပြင်ပအကြောင်း အရင်း တွေပါ။ 

ပင်ပိုင်းအတွင်းအကြောင်းအရင်း ဆိုတာ အဓိကကတော့ မျိုးစေ့အရည်အသွေး၊ အထွက်နှုန်း၊ အပင် အတွင်း ဓာတုပစ္စည်းများပါဝင်မှု (အဆီ၊ ကဆီဓာတ် စတာတွေ)၊ ရင့်မှည့်မှု၊ အပူချိန်မြင့် မားမှု၊ ရေကြီးရေလျှံဖြစ်မှု၊ ဆားပေါက်မှု၊  ရောဂါပိုးမွှားများ ကျရောက်မှုဒဏ် စတာတွေကို ခံနိုင်ရည်ရှိမှု စတဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ 

ပင်ပိုင်းအပြင်အကြောင်းအရင်း ဆိုတာ ရာသီဥတု၊ မြေဆီလွှာ၊ ဇီဝပိုင်းဆိုင်ရာဖြစ်စဉ်၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ် နဲ့ လူမှုစီးပွားရေးဆိုင်ရာအခြေအနေတွေပဲ ဖြစ်ပါတယ်။

သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက အလွယ်တကူမြင်သာသလဲ

ရာသီဥတုဆိုင်ရာ အကြောင်းအချက်များ ဆိုတာ ဒေသနဲ့ကိုက်ညီတဲ့ သီးနှံရွေးချယ်ရာမှာ အရေးကြီး တဲ့ မိုးရေ၊ ဆီးနှင်း၊ မိုးသီး၊ မြူနှင်း၊ မြူမှုန် စတာတွေ အားလုံး ပါဝင်တဲ့ မိုးရွာသွန်းမှု ပမာဏ နဲ့ မိုးရွာသွန်းမှု ပုံစံ။ အညှောင့်ပေါက်ခြင်း၊ အပင်ကြီးထွား ခြင်းနဲ့ သီးနှံဖွံ့ဖြိုး ကြီးထွားခြင်း တွေအပေါ် လွှမ်းမိုးနေတဲ့ အပူချိန်။ သီးနှံအထွက်တိုးနှုန်းကို အထောက်အပံ့ပြုနေတဲ့ စိုထိုင်းဆ။ အစာချက်လုပ်ခြင်း၊ မြေဆီလွှာ၊ အပင်နှင့် ပတ်ဝန်းကျင် အတွင်း ဖြစ်ပေါ် ပြောင်း လဲလျက်ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များအပေါ် သက်ရောက်နေတဲ့ နေရောင်ခြည်။ အစိုဓာတ် (မိုးရွာသွန်းမှု)၊ အပူ နဲ့ အပင်တွေ အစာချက်လုပ်ရင် လိုအပ်တဲ့ CO2 ကို သယ်ယူ ပို့ဆောင် ပေးနေတဲ့ လေတိုက်နှုန်း။  ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် စတဲ့ အပင်တွေအတွက်လိုအပ်တဲ့ လေထုအတွင်းမှာရှိတဲ့ဓာတ်ငွေ့များ။ စတာ တွေဖြစ်ပါတယ်။

မြေဆီလွှာ ဆိုတာ အစိုဓာတ်၊ မြေဆီလွှာအတွင်းရှိလေ၊ အပူချိန်၊ ကြေကွဲပျက်စီးနေတဲ့သတ္တုများ (mineral matter)၊ မြေဆွေး (organic matter)၊ ဇီဝသက်ရှိတွေနဲ့ မြေဆီလွှာအတွင်း ဓာတ်ပြုမှုတွေ စတဲ့ အပင်တွေကြီးထွားဖို့နဲ့ သီးနှံအထွက်တိုးဖို့ အထောက်အကူပြုနေတဲ့ အရာဖြစ်ပါတယ်။

ဇီဝပိုင်းဆိုင်ရာဖြစ်စဉ်များ ဆိုတာ သီးနှံပင်တွေအပေါ် အပင်နဲ့တိရစ္ဆာန်တွေလို အခြား ဇီဝသက်ရှိ တွေကြောင့် ဖြစ်စေတဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ခေါ်တာပါ။

ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များ ဆိုတာ တောင်စောင်း၊ လျှောစောက်၊ လေကြောင်းကျသောနေရာ စတဲ့ မြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်တွေ ဖြစ်ပါတယ်။

လူမှုစီးပွားရေးဆိုင်ရာ အခြေအနေများ ဆိုတာ လုပ်ငန်းတာဝန်ခွဲဝေထားမှု၊ အလုပ်သမား ရရှိမှု၊ မြေယာ ပိုင်ဆိုင်မှု၊ စက်ပစ္စည်းများသုံးစွဲနိုင်မှု နဲ့ ကိရိယာများပိုင်ဆိုင်မှု၊ သယ်ယူပို့ဆောင်ရေး အခြေ အနေ၊ ဈေးကွက်စီးပွားရေး အခြေအနေ စတဲ့ စိုက်ပျိုးမြေ အသုံးချမှု၊ စိုက်ပျိုးတဲ့ပုံစံ နဲ့ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေ ဖြစ်ပါတယ်။

အပင်များအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တွေက ဘာတွေလဲ

အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် ၁၆ မျိုး ရှိပါတယ်။ အဲ့ဒီထဲကမှ ကာဗွန်၊ ဟိုက်ထရိုဂျင် နဲ့ အောက်ဆီဂျင် အာဟာရဓာတ် ၃ မျိုးကို  လေ နဲ့ ရေ ထဲက အလွယ်တကူ ရနိုင်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ ဘိုရွန်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနိ၊ သံ၊ ကလိုရိုက်ဒ်၊ မော်လဒီနမ် ၁၃ မျိုးကို မြေကြီးထဲက ရယူကြပါတယ်။  

အပင်များတွင် အာဟာရဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ယေဘုယျလက္ခဏာများနှင့် အကြောင်းအရင်းများ၊ ပြန်လည်ထိန်းသိမ်းနိုင်သော နည်းလမ်းများ

အာဟာရဓာတ်တွေ ချို့တဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ မြေကြီးထဲမှာ သက်ဆိုင်ရာ အာဟာရဓာတ်တွေ နည်းပါးလို့ နဲ့ မြေဩဇာကျွေးပုံ နည်းမကျလို့ ဖြစ်ပါတယ်။ ထုံးထည့်တာများပြီး မြေငန်ရင် မဂ္ဂနိပါဝင်မှုနည်းနိုင်ပါတယ်။ မြေကြီးမှာ မြေဆွေးပါဝင်မှု မြင့်မားလွန်းရင်လဲ ကော့ပါး ဓာတ် နည်းနိုင်ပါတယ်။ သဲဆန်သောမြေတွေမှာ ဘိုရွန်ဓာတ် အားနည်းတာ အဖြစ်များပါတယ်။ မြေကြီးမှာ ဖော့စဖော်ရပ်ဓာတ်မြင့်လွန်းရင်၊ မြေငန်ရင်၊ ဇင့်ဓာတ် ပါဝင်မှု နည်းနိုင်ပါတယ်။

အာဟာရဓာတ်ယေဘုယျ လက္ခဏာများပြန်လည် ထိန်းသိမ်းခြင်းနည်းလမ်းများ
နိုက်ထရိုဂျင်(N) အရွက်ဝါ၊ အပင်ပု၊ အောက်အရွက်များ ညိုလာ၊ အရွက်ကြွေ၊ ပန်းပွင့် နဲ့ အသီး အရေအတွက်လျော့သွားသဘာဝမြေသြဇာ၊ သစ်ရွက်ဆွေး သဘာဝ မြေသြဇာ၊ ပုလဲဓာတ်မြေသြဇာ များကျွေးခြင်း၊ (သို့) ပဲမျိုးစုံစိုက်ပျိုးခြင်း
ဖော့စဖောရပ်(P)ရွက်သစ်များအစိမ်းရောင်ဖျော့သွား၊ ရွက် ဟောင်းများ ခရမ်းရောင်သန်းလာ၊ အပင် ကြီးထွားမှုနှေးကွေး၊ ကြံခိုင်မှုအားနည်း၊ အပင်သေး၊ ပု၊ အရွက်ထွက်နည်းပါး၊ အရိုးမှုန့်၊ သဘာဝမြေသြဇာ၊ တီစူပါ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း
ပိုတက်ဆီယမ်(K)အပင်သေးငယ်၊ အောက်ရွက်နားများ အညိုရောင်ဖြစ်၊ ပင်စည်အားနည်း၍ သေးငယ်၊ ယိုင်လဲ၊ အထွက်နှုန်းကျ၊ အရည်အသွေးကျပြာ၊ သဘာဝမြေသြဇာ၊ ပိုတက်ရှ် ဓာတ်မြေသြဇာ ထည့်သွင်းခြင်း
ကယ်လ်ဆီယမ်(Ca)အပင်သေးငယ်၊ အဖူးငုံများပုံစံပျက်၊ အသီးဖြစ်ထွန်းမှုအားနည်းထုံး၊ ကယ်လ်ဆီယမ် ပါဝင်သော ဓာတ်မြေသြဇာ ထည့်သွင်းခြင်း
မဂ္ဂနီဆီယမ်(Mg)အောက်ရွက်များ ရွက်ကြောနေရာများ သာစိမ်းပြီး ကျန်နေရာများဝါမဂ္ဂနီဆီယမ်ပါသော ဓာတ်မြေသြဇာ ထည့်သွင်းခြင်း
ဆာလဖာ(S)အပင်ဝါ၊ ကြီးထွားမှုနှေး၊ သန်စွမ်းမှု အားနည်း၊ ထွက်နှုန်းနဲ့အရည်အသွေးကျဆာလဖာပါသော မြေသြဇာ ထည့်သွင်းခြင်း
မဂ္ဂနိ(Mn)ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်းမြေချဉ်ငန်ဓာတ်ကို လျှော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေး (သို့) မြေသြဇာ ထည့်သွင်းခြင်း
ကော့ပါး(Cu)အပင်ကြီးထွားမှုနှေး၊ ရွက်ဖျားများမှစ၍ ခြောက်သွေ့လာ၊ ရွက်ဖျားများ ကွေးကျ လာ၊ အရွက်များ ပျက်စီးကော့ပါးဓာတ် ပါဝင်သော ရွက်ဖြန်း မြေသြဇာ အသုံးပြုခြင်း (သို့) မြေသြဇာထည့်ခြင်း
ဘိုရွန်(B)ထိပ်ဖျားအဖူးများသေ၊ အပင်ပု၍ ကိုင်း ခွဲများစွာထွက်၊ အသီးများသေး၍ပုံပျက်၊ အသီးပေါ်မှာ အစက်အပြောက်များ ပေါ်လာဘိုရွန်ဓာတ်ပါဝင်သော ရွက်ဖြန်း မြေသြဇာ အသုံးပြုခြင်း (သို့) မြေသြဇာထည့်ခြင်း
ဇင့်(Nn)အရွက်ပေါ်မှာ အဝါကွက်များနဲ့ ရွက် ကြော နဲ့အပြိုင် အဖြူရောင်အဆင်းများ ပေါ်လာ၊ အပင်ကြီးထွားမှုနှေး၊မြေချဉ်ငန်ဓာတ်ကို လျှော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်း (သို့) မြေသြဇာထည့်သွင်းခြင်း၊

မြေဆီလွှာ ချဉ်ငံဓာတ်ဆိုတာ ဘာလဲ။ မြေချဉ်ငံဓာတ်က ဘာ့ကြောင့် အရေးပါတာလဲ

မြေချဉ်ငံဓာတ် (Soil pH – potential of Hydrogen) ဆိုတာ မြေကြီးရဲ့ ချဉ်မှု/ငန်မှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။ မြေဆီလွှာချဉ်ငံဓာတ်ပေါ် မူတည်ပြီး အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် ပျော်ဝင်မှု ကွာခြားပါတယ်။ မြေဆီလွှာထဲ အာဟာရဓာတ်တွေ ပျော်ဝင်မှသာ အပင် တွေက စားသုံးနိုင်ကြတာပါ။ 

မြေချဉ်ငံဓာတ် ခွဲခြားခြင်းဇယား
၄.၅ အောက်နည်း၄.၅-၅.၅၅.၆-၆.၀၆.၁-၆.၅၆.၆-၇.၃၇.၄-၇.၈၇.၉-၈.၄၈.၅ နှင့် အထက်
ပြင်းထန်စွာ ချဉ်အလွန် ချဉ်အသင့် အတင့်ချဉ်အနည်း ငယ်ချဉ်သမအခြေအနေအနည်း ငယ်ငန်အသင့် အတင့်ငန်ပြင်းထန် စွာငန်

စိုက်ပျိုးပင်များ အကောင်းဆုံး ရှင်သန်ကြီးထွားနိုင်ရန်အတွက် ရှိသင့်သော မြေချဉ်ငံဓာတ်

အမျိုးအစားချဉ်/ငံကိန်းအမျိုးအစားချဉ်/ငံကိန်းအမျိုးအစားချဉ်/ငံကိန်း
စပါး၅.၅-၇.၅ငရုတ်ကောင်း၅.၅-၇.၀နာနတ်၄.၅-၆.၅
ယာစပါး၅.၀-၈.၀ဇာတိပ္ဗိုလ်၄.၅-၆.၀စပျစ်၆.၀-၇.၅
ဂျုံ၆.၀-၇.၀လေးညှင်း၅.၅-၆.၅ဆီးသီး၆.၀-၈.၀
ပြောင်းဖူး၅.၀-၆.၅ကြက်သွန်နီ၅.၅-၇.၀လိုက်ချီးသီး၅.၅-၇.၀
နှံစားပြောင်း၅.၅-၇.၅ကြက်သွန်ဖြူ၅.၀-၆.၅နှင်းသီး၆.၀-၇.၀
နှမ်း၆.၀-၇.၅နံနံ၆.၀-၆.၅လိမ္မော်သီး၅.၅-၆.၅
မြေပဲ၅.၅-၇.၀တရုပ်နံနံ၅.၅-၆.၅ကဗ္ဘလာသီး၅.၀-၆.၅
နေကြာ၆.၀-၈.၀ဂျင်း၆.၀-၇.၀သံပုရာသီး၅.၅-၇.၀
ဆီအုန်း၅.၅-၇.၀အာလူး၄.၅-၆.၀သံပုရိုသီး၅.၅-၇.၀
ကြက်ဆူ၅.၅-၈.၀ကန်စွန်းဥ၄.၅-၆.၅ရှောက်သီး၅.၅-၆.၅
ကြံ၆.၀-၇.၅ချဉ်ပေါင်၆.၀-၇.၀ကျွဲကောသီး၅.၅-၇.၀
အုန်း၆.၀-၈.၅ဆူးပန်း၆.၀-၇.၅ရှောက်ပန်းသီး၅.၀-၆.၅
ဂုန်လျှော်၆.၀-၈.၀ဆလပ်၆.၀-၇.၀သရက်သီး၅.၅-၇.၅
ဝါ၅.၅-၇.၀မုန်လာဥ၆.၅-၈.၀ပန်းသီး၅.၀-၇.၀
ချဉ်ပေါင်လျှော်၆.၀-၇.၀ဂေါ်ဖီထုပ်၅.၅-၇.၀သစ်တော်သီး၅.၀-၆.၀
နာနတ်လျှော်၅.၀-၆.၀မုန်ညင်း၆.၀-၇.၀ဩဇာသီး၅.၀-၆.၀
ပိုးစာ၆.၀-၇.၅ဘူးသီး၆.၀-၇.၀ဒူးရင်းသီး၅.၅-၇.၀
ပဲပုပ်၅.၅-၇.၀ရွှေဖရုံသီး၆.၀-၇.၅ထောပတ်သီး၆.၀-၇.၀
ပဲလွန်း၆.၀-၇.၀ကျေက်ဖရုံသီး၆.၅-၇.၀ပိန္နဲသီး၅.၅-၆.၅
ပဲကတ္တီပါ၅.၅-၇.၀သခွားသီး၆.၀-၇.၀မာလကာသီး၅.၅-၈.၀
စားတော်ပဲ၆.၀-၇.၀ခရမ်းသီး၅.၀-၇.၀သကြားသီး၅.၅-၇.၀
ဗိုလ်စားပဲ၅.၅-၇.၀ခရမ်းချဉ်သီး၅.၅-၇.၅သလဲသီး၅.၅-၇.၀
စွန်တာနီ/ပြာ၅.၅-၆.၀ပန်းမုန်လာ၆.၀-၇.၀မက်မန်းသီး၅.၅-၆.၅
ထောပတ်ပဲ၅.၅-၆.၀ခါကြက်ဥ၅.၅-၇.၅မက်မွန်သီး၅.၅-၆.၅
ပဲတီစိမ်း၆.၀-၇.၀မုန်လာဥ၆.၀-၇.၅နဂါးမောက်၅.၅-၇.၀
မတ်ပဲ၅.၀-၆.၅ငှက်ပျော၄.၅-၇.၅ကြယ်ပဲ၅.၅-၆.၅
ကော်ဖီ၅.၀-၆.၅သင်ဘော၅.၅-၆.၅ဆေးရွက်ကြီး၅.၅-၇.၀
လက်ဖက်၄.၅-၆.၀ဖရဲ၆.၀-၇.၀ကွမ်း၆.၀-၇.၀
ကိုကိုး၄.၀-၆.၅စတော်ဘယ်ရီ၅.၅-၆.၅ရဲယို၆.၀-၇.၅
ငရုတ်၅.၅-၇.၀သခွားမွှေး၆.၀-၇.၀မက္ကဒေးမီးယား၅.၀-၅.၅
သစ္စာပန်း၅.၀-၇.၀ဒေလီယာပန်း၅.၀-၆.၅မေမြို့ပန်း၆.၀-၇.၀
ဂန္ဓမာပန်း၆.၀-၇.၅နှင်းဆီပန်း၅.၅-၇.၅သစ်ခွ၄.၀-၅.၅