Stress & Distress 🤦♀️
စာဖတ်ရန်ကြာချိန် ၅ မိနစ် စိတ်ဖိစီးမှု ဆိုတာဘာလဲ။ ဇီဝကမ္မဗေဒဘာသာရပ်(Physiology)အရ စိတ်ဖိစီးမှုဆိုသည်မှာ အာရုံကြောအဖွဲ့အစည်းအင်္ဂါရပ်များမှ ဟိုမုန်းများ (Adrenaline, cortisol) ထုတ်လွတ်ခြင်းအားဖြင့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ (Stressors) အစရှိသည့် ရုတ်တရက်ဖြစ်လာသော၊ ဖြစ်မြဲဖြစ်နေသော၊ နောင်ဖြစ်လာမည်ဖြစ်သော အခက်အခဲများကို ခန္ဓာကိုယ်မှ ရုတ်တရက်တုံ့ပြန်ပေးနိုင်ရန်၊ အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် သဘာဝတရားမှ ဖန်တီးပေးသည့် ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။ ရှေးခေတ်အခါက တောတွင်းအမဲလိုက်ဘဝတွင် လူသားများအတွက် နေ့ဓဒူဝကိစ္စများသည်ပင်လျှင် အသက်အန္တရာယ်များလှသည်။ စိန်ခေါ်မှုများလှသည်။ ခြိမ်းခြောက်မှုများလှသည်။ အခက်အခဲများလှပါသည်။ ထိုစဥ် ထိုအရာများကို အဆင်သင့်ရင်ဆိုင်တုံ့ပြန်ကျော်လွားနိုင်ရန် သတိအနေအထားအဖြစ် ရှိစေသည်မှာလည်း စိတ်ဖိစီးမှုဟူသည့်ဇီဝကမ္မလုပ်ဆောင်ချက်ကြောင့် ဖြစ်ပါသည်။ စိတ်ဖိစီးမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာသည်၊ အသက်ရှုမြန်လာသည်၊ ကြွက်သားများတင်းမာလာသည်။ ဤသည်မှာ လူ့ခန္ဓာကိုယ်မှ ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အဆင်သင့်တုံ့ပြန်နိုင်ရန် ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုဆိုသည်ကို ရှေးခေတ်အခါက […]
Stress & Distress 🤦♀️ Read More »









