Definition of Facilitation & Qualities of A Facilitator
🧑💻ပံ့ပိုးကူညီခြင်း (Facilitation)ဆိုတာဘာလဲ။ ပံ့ပိုးကူညီခြင်း (Facilitation) ဆိုတာက ဆွေးနွေးပွဲ၊ သင်တန်းတွေနဲ့ လေ့လာသင်ယူခြင်းလုပ်ငန်းတွေမှာ ပါဝင်သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်ဖို့၊ လေ့လာသင်ယူမှုလွယ်ကူ အဆင်ပြေစေဖို့ထိရောက်သော နည်းလမ်းတွေသုံးပြီး ပံ့ပိုးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါ့ပြင် တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းလုပ်ပိုင်ခွင့်တွေ ဖွံ့ဖြိုးလာစေဖို့အတွက်လည်း ကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင် တစ်ခု တည်ဆောက်ပြီး ပံ့ပိုးကူညီနိုင်ပါတယ်။ ပံ့ပိုးကူညီတဲ့အခါ ဆွေးနွေးသူအချင်းချင်းသော်လည်းကောင်း၊ ဆွေးနွေးသူတွေနဲ့ ပံ့ပိုးကူညီသူကြားမှာ သော်လည်းကောင်း မေးခွန်းတွေမေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ မိတ်ဆက်ခြင်းနှင့် ပါဝင်သူအားလုံး သင်ယူနိုင်ဖို့ ကူညီလမ်းညွှန်မှုတွေ ဆောင်ရွက်ကြပါတယ်။ ဒီလိုချောမွေ့တဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုဖြစ်ဖို့အတွက်ဆိုရင် ပံ့ပိုး ကူညီသူအခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ 👩🏫 How to be a good facilitator(ကောင်းမွန်သောကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ ဘာတွေလုပ်ဆောင် ရမလဲ) ကူညီပံ့ပိုးသူကောင်း […]
Definition of Facilitation & Qualities of A Facilitator Read More »









