စိုးရိမ်ကြောင့်ကြခြင်း (Anxiety)
စိုးရိမ်ကြောင့်ကြခြင်းဆိုတာ ဘာလဲ? စိုးရိမ်ကြောင့်ကြခြင်းဆိုတာ လူတစ်ယောက်ရဲ့စိတ်က ပစ္စုပ္ပန်မှာရှိမနေဘဲ မဖြစ်သေးတဲ့ အနာဂတ်ကိုပဲ လှမ်းပူပန်တာမျိုးဖြစ်နေတတ်တဲ့အခါ စိုးရိမ် ကြောင့်ကြခြင်းတွေ ဖြစ်လာပါတယ်။ ထိုကဲ့သို့ စိုးရိမ်တာတွေက တစ်ရွေ့ရွေ့နဲ့ များလာတဲ့ အခါမှာ မိမိရဲ့ အတွေးတွေကို မထိန်းချုပ်နိုင်မှုတွေ ဖြစ်လာပါတယ်။ ထိုသို့ စိုးရိမ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဥပမာ – ရင်ခုန်လာခြင်း၊ လက်တွေ ခြေဖဝါးတွေမှ ချွေးတွေ ထွက်လာခြင်း၊ ဖြစ်လာပါတယ်။ စိုးရိမ်ပူပန်မှုတွေက မကောင်းတဲ့အတွေးများဘက်ကိ ပိုပြီး စဉ်းစားမိပါတယ်။ လူတိုင်းမှာ စိုးရိမ် ပူပန်မှုတွေ အနည်းနဲ့အများ ရှိကြပေမယ့် Anxiety ဆိုတဲ့ စိုးရိမ်ကြောင့်ကြခြင်းသည် ပူပန်မှုသာမက တစ်ခြားတုံ့ပြန်မှုတွေရှိသလို အတွေးခေါ်တွေကလည်း Negative Thinking ဘက်ရောက်ပြီး အတွေးတွေကို မထိန်းနိုင်တာတွေ ဖြစ်လာပါတယ်။ ဘယ်လို […]
စိုးရိမ်ကြောင့်ကြခြင်း (Anxiety) Read More »









