AI

SIIT Scholarship in Thailand 2024

Type:  Fully-funded Description:  Sirindhorn International Institute of Technology (SIIT), Thammasat University ပညာသင်ဆု 2024-2025 သည် နိုင်ငံတကာကျောင်းသားများအတွက် အပြည့်အဝထောက်ပံ့ပေးထားသော မာစတာနှင့်ပါရဂူပညာသင်ဆုများ ဖြစ်ပါသည်။ Duration:  2 years for Masters Degree 3 years for Doctoral Degree Deadline:  September 30, 2023 Eligibility:  Requirements: Benefits For more information: အသေးစိတ်ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။ https://applyadmissions.siit.tu.ac.th/roundfile/roundfile2023-07-2710_21_04517237325.pdf

SIIT Scholarship in Thailand 2024 Read More »

ASEAN Foundation Model ASEAN Meeting Plus Japan 2023

Type:  Fully-funded Description:  AFMAM Plus Japan 2023 သည် ASEAN အကြောင်းကို လေ့လာနိုင်မည့်အပြင် ASEAN အလုပ်လုပ်ပုံကို နားလည်သဘောပေါက်လာမည်ဖြစ်ပြီး ဒေသတွင်း သဘောတူညီချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များကို သိရှိနိုင်မည်ဖြစ်သည်။ AFMAM Plus Japan 2023 ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ Deadline:  24 September 2023 Eligibility:  Requirements: Benefits Application Form: https://form.jotform.com/ASEANFoundation/AFMAMPlusJapan How to apply: လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://www.aseanfoundation.org/call_for_application_asean_foundation_model_asean_meeting_plus_japan_2023

ASEAN Foundation Model ASEAN Meeting Plus Japan 2023 Read More »

ဒေါသထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း (Anger Management)

ဒေါသကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲ? ဒေါသ ဆိုတာဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်တခုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ မနှစ်မြို့ခြင်း၊ မကျေနပ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အခြား စိတ်ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊  ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း များလိုဘဲ ဒေါသဖြစ်ခြင်းကလည်း လူတယောက်ရဲ့ ပုံမှန်စိတ်ခံစားချက်တခုသာဖြစ်တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်မှာ ဒေါသဖြစ်လေ့၊ ဒေါသထွက်လေ့ရှိကြသလဲ? လူတယောက်ရဲ့ဘဝမှာ ဒေါသကိုဖြစ်စေတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်များစွာရှိတတ်ပါတယ်။ အများအားဖြင့် လူတယောက်ဟာ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ (ဒါမှမဟုတ်) အနှောင့်အယှက်ပေးခြင်းခံရတယ်လို့ ခံစားရသောအခါ (ဒါမှမဟုတ်) ငြင်းပယ်ခံရတယ်လို့ ခံစားရသောအခါ (သို့မဟုတ်) စော်ကားပြောဆိုခံရတယ်လို့ ခံစားရတဲ့အခါတွေမှာ  ဒေါသထွက်လေ့ရှိပါတယ်။ * ပုံမှန်အားဖြင့် “နာကျင်မှု“တမျိုးထဲ ခံစားရရုံနဲ့ ဒေါသဖြစ်လေ့မရှိပါဘူး။ အဲဒီနာကျင်မှုဟာ ဒေါသကို လှုံ့ဆော်ပေးနိုင်တဲ့ “အတွေး”မျိုးတွေဖြစ်တဲ့ တစုံတစ်ယောက်က ငါ့ကို စော်ကားနေတယ်၊

ဒေါသထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း (Anger Management) Read More »

PTSD & Post Traumatic Growth ( စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ )

စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress Disorder _ PTSD ) ဆိုတာဘာလဲ။  စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress Disorder ) ဆိုသည်မှာ ကိုယ့်ဘဝတွင် ထိတ်လန့်​ခြောက်ခြားဖွယ်၊ ​ကြောက်မက်ဖွယ်​ကောင်း​​သော၊ အန္တရာယ်ရှိ​သော ဖိစီးမှုဒဏ်များကို နာကျင်စွာ ကြုံ​တွေ့ခံစားခဲ့ရပြီး​နောက် ဖြစ်​ပေါ်လာ​သော စိတ်အ​ခြေအ​နေဖရိုဖရဲဖြစ်ခြင်းကိုဆိုလိုပါသည်။ ကိုယ်မ​မျှော်လင့်ထား​သော၊ ​​ခြောက်ခြားဖွယ်ဖြစ်ရပ်များကို ရုတ်တရက် ကြုံ​တွေ့ခံစားလာရလျှင် လူ့သဘာဝအရ ထိတ်လန့်တုန်ရွံ့မိမည်မှာ ပုံမှန်ဖြစ်ပါသည်။ အ​ကြောင်းမှာ ရုတ်တရက်ဖြစ်​ပေါ်လာ​သော​ခြောက်ခြားဖွယ်ဖြစ်ရပ်များ၊ အ​ပြောင်းအလဲများ၊ ဖိစီးမှုဒဏ်များကို ခံနိုင်ရည်ရှိရန်၊ သို့မဟုတ် ယင်းအဖြစ်အပျက်မှ အလျင်အမြန်​ရှောင်ရှားနိုင်ရန် ကိုယ်ခန္ဓာက အလိုလိုတုံ့ပြန်​ပေးခြင်းသာဖြစ်ပါသည်။ ဤသည်ကို ( Fight-or-Flight response ) ဟုဆိုပါသည်။  စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ( Post-Traumatic Stress

PTSD & Post Traumatic Growth ( စိတ်ဒဏ်ရာအလွန် ဖိစီးမှု​ဝေဒနာ ) Read More »

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience )

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုတာဘာလဲ။ ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုသည်မှာ ကိုယ့်ဘဝတွင်ဖြစ်​ပေါ်လာ​သော ကြီးမားသည့်​​ပြောင်းလဲမှုများ၊ အခက်အခဲစိန်​ခေါ်မှုများ၊ စိတ်ဖိစီးမှုများကို စိတ်အ​ခြေအ​နေ​ကောင်း​မွန်စွာ၊ အပြုအမူ​သင့်​လျော်စွာဖြင့် အလိုက်သင့်စွာရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းရှိခြင်း၊ ​ဖြေရှင်းနိုင်စွမ်းရှိခြင်းကို ​​​​ခေါ်ဆိုပါသည်။  ကျွန်တော်တို့လူသားတိုင်းသည် ​မွေးဖွားလာသည့်အချိန်မှစ၍ ကြံ့ကြံ့ခံနိုင်စွမ်းအားအနည်းအများဖြင့် ​လောကဓံကို ရင်ဆိုင်ဖြတ်သန်းကာ ရှင်သန်​ကျော်လွားခဲ့ရပါသည်။ လူတိုင်းတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည့်အ​လျောက် ကြံ့ကြံ့ခံနိုင်စွမ်းလည်းမတူကြပါ။  ​ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်အ​ခြေအ​နေ၊ မိသားစု၏ ​ထောက်ပံ့ကာကွယ်​ပေးမှု၊ ကိုယ်ကိုတိုင်၏ ကိုယ်ရည်ကိုယ်​သွေး စသည့်အချက်များ​ကြောင့် ကွဲပြားကြပါသည်​။ ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည့် ခိုင်မာ​ထက်သန်သောစိတ်စွမ်းအား၊ ဒုက္ခပြဿနာများနှင့်​ကြုံ​တွေ့တိုင်း ပြန်လည်နာလန်ထူ၊နာလန်ထနိုင်​စေရန် ကူညီ​ပေး​သော ကြံ့ကြံ့ခံနိုင်စွမ်းစိတ်စွမ်းအားမရှိလျှင် ပုံမှန်အသက်ရှင်သန်ဖြတ်သန်းနိုင်ဖို့၊ စိတ်ဖိစီးများကို ကိုင်တွယ်​ဖြေရှင်းနိုင်ဖို့ ခက်ခဲလှပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရှိသူများမှာမူ ဖြစ်ပျက်လာ​သော အခက်အခဲစိန်​​ခေါ်မှုများကို ရင်ဆိုင်​ဖြေရှင်းရန် အသင့်ရှိ​နေရုံသာမက ယင်းမှ ပြန်လည်ရရှိ​သောသင်ခန်းစာများကို လက်​တွေ့ပြန်လည်အသုံးချနိုင်စွမ်းရှိကြပါသည်။ ​​ဖြေရှင်းနိုင်စွမ်းရှိကြပါသည်။

ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) Read More »

စိတ်ဒဏ်ရာ (Trauma)

စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေ ဆိုသည်မှာ လူတစ်ယောက်အတွက် တုန်လှုပ်ခြောက်ခြားစေသော အဖြစ်အပျက်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက်ပိုသော ထိတ်လန့်တုန်လှုပ်ဖွယ် အတွေ့အကြုံဖြစ်ပါသည်။ ဘယ်အသက်အရွယ်မှာ စိတ်ဒဏ်ရာရနိုင်ပါသလဲ။ စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများ *** ကိုယ်တိုင်ကြုံတွေ့ခြင်း သို့မဟုတ် မြင်တွေ့ခြင်း *** ကိုယ်တိုင်ကြားသိရခြင်း ဘယ်လို တုံ့ပြန်မှုတွေရှိနိုင်ပါသလဲ။ စိတ်ဒဏ်ရာသည် လူတစ်ယောက်၏ ထင်မြင်ယူဆချက်နှင့်သာ သီးသန့်သက်ဆိုင်သောအရာဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စေသော ကိစ္စတစ်ခုသည် အခြားသူတစ်ဦးကို တူညီစွာသက်ရောက်မှု ရှိချင်မှ ရှိနိုင်မည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေကြုံတွေ့ ရသူ အများစုသည် ရက်ပိုင်း၊ လပိုင်းအတွင်း ပုံမှန် ပြုမူလှုပ်ရှားနိုင်ရန် ခက်ခဲလေ့ရှိပြီး အောက်ပါတို့ကို ခံစားရနိုင်ပါသည်။ ဘယ်လောက်ကြာကြာ ခံစားရမလဲ။ စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများနဲ့တုံ့ပြန်မှုတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။

စိတ်ဒဏ်ရာ (Trauma) Read More »

ပူ​ဆွေး​သောက​ရောက်ခြင်း (Grief)

ပူ​​ဆွေး​သောက​ရောက်ခြင်း (Grief) ဆိုတာဘာလဲ။ ပူ​ဆွေး​သောက​ရောက်ခြင်းဆိုသည်မှာ ဆုံးရှုံးမှု​​​တွေနှင့် ရင်ဆိုင်ကြုံ​တွေ့ရသည့်အခါ စိတ်တွင်းမှ တုံ့ပြန်​ပေးသည့် စိတ်၏တုံ့ပြန်မှုအရာ တစ်ခု ဖြစ်ပါသည်။ မည်သည့်အချိန်တွင် ပူ​ဆွေး​သောကကို ခံစားရ​လေ့ရှိသနည်း။ အများအားဖြင့် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အခါ ပူဆွေးသောကကို ခံစားရလေ့ရှိပါသည်။ ဆုံးရှုံးသွားသည့်အရာ အမျိုးမျိုးဖြစ်နိုင်၏။ ဆုံးရှုံးရသည့်အရာမှာ ကိုယ့်အတွက် တန်ဖိုးကြီးလေလေ၊ ပူဆွေးသောက ရောက်ရလေပဲ ဖြစ်ပါသည်။ မည်သို့ သက်ရောက်မှုတွေရှိနိုင်မည်နည်း။ ပူဆွေးသောကရောက်ခြင်းသည် လူ​တွေကို နည်းမျိုးစုံဖြင့် သက်ရောက်နိုင်ပြီး လူအများ၏ တုံ့ပြန်မှုမှာလဲ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ တုံ့ပြန်မှုပုံစံကို ​အောက်ပါအတိုင်း (၃) ပိုင်းခြား၍ ​လေ့လာနိုင်ပါသည်။       ( ၁ )  စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။       ( ၂ )  ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။       ( ၃ )  အပြုအမူပိုင်းဆိုင်ရာ၊

ပူ​ဆွေး​သောက​ရောက်ခြင်း (Grief) Read More »

Sadness (ဝမ်းနည်းမှု)  Vs. Depression (စိတ်ဓါတ်ကျ​ရောဂါ)

ဝမ်းနည်းမှု ( Sadness ) ဆိုတာဘာလဲ။ ဝမ်းနည်းမှုဆိုသည်မှာ လူသားတိုင်းခံစား​လေ့ရှိကြသည့် နာကျင်ဖွယ်​ကောင်း​သော ပုံမှန်စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ အများအားဖြင့် ပုံမှန်​နေ့ဓ​ဒူဝကိစ္စများ၊ ဖြစ်​လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်များနှင့် ကြုံ​တွေ့ရလျှင် ခံစား​လေ့ရှိသည့် စိတ်အ​ခြေအ​နေတစ်ရပ်ဖြစ်ပါသည်။ ဝမ်းနည်းမှုဆိုသည့် ပုံမှန်စိတ်ခံစားမှုကို ခံစားရသည့် အချိန်ကာလသည် တို​တောင်းသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူ့အလိုလို​​ပြေပျောက်သွား​လေ့ရှိပါသည်။  လူသားတိုင်းအတွက် ဝမ်းနည်းမှုဘာ​ကြောင့်လိုအပ်တာလဲ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားမှုသည် လူသားတိုင်းအတွက် ကိုယ်​တွေ့ကြုံခံစား​နေရသည့် အခက်အခဲပြဿနာများကို ဖြတ်သန်းဖို့ရာအတွက် ခွန်အားသစ်များကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည်​ဖော်​ဆောင်​ပေးနိုင်​သော ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်​​ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ ​စိတ်သက်သာမှုကို ရရှိ​​စေပါသည်။ ငြိမ်သက်မှုကို​ပေးစွမ်းနိုင်ပါသည်။ ​ပျော်ရွှင်မှုလမ်းစသစ်ကို ပြန်လည်ဖွင့်​ပေးနိုင်​ပါသည်​။ ဘဝတွင်​အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ ​ပျော်ရွှင်မှုကိုသာ ရှာ​ဖွေရုံဖြင့် မရရှိနိုင်ပါ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားချက်နှင့် ဒွန်တွဲခံစားမှသာ ဘဝ၏ မှန်ကန်​သော ​ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပါသည်။ စိတ်ဓါတ်ကျ​ရောဂါ ( Depression

Sadness (ဝမ်းနည်းမှု)  Vs. Depression (စိတ်ဓါတ်ကျ​ရောဂါ) Read More »

စိုးရိမ်ကြောင့်ကြခြင်း (Anxiety)

စိုးရိမ်ကြောင့်ကြခြင်းဆိုတာ ဘာလဲ? စိုးရိမ်ကြောင့်ကြခြင်းဆိုတာ လူတစ်ယောက်ရဲ့စိတ်က ပစ္စုပ္ပန်မှာရှိမနေဘဲ မဖြစ်သေးတဲ့ အနာဂတ်ကိုပဲ လှမ်းပူပန်တာမျိုးဖြစ်နေတတ်တဲ့အခါ စိုးရိမ် ကြောင့်ကြခြင်းတွေ ဖြစ်လာပါတယ်။ ထိုကဲ့သို့ စိုးရိမ်တာတွေက တစ်ရွေ့ရွေ့နဲ့ များလာတဲ့ အခါမှာ မိမိရဲ့ အတွေးတွေကို မထိန်းချုပ်နိုင်မှုတွေ ဖြစ်လာပါတယ်။ ထိုသို့ စိုးရိမ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဥပမာ – ရင်ခုန်လာခြင်း၊ လက်တွေ ခြေဖဝါးတွေမှ ချွေးတွေ ထွက်လာခြင်း၊ ဖြစ်လာပါတယ်။ စိုးရိမ်ပူပန်မှုတွေက မကောင်းတဲ့အတွေးများဘက်ကိ  ပိုပြီး စဉ်းစားမိပါတယ်။ လူတိုင်းမှာ စိုးရိမ် ပူပန်မှုတွေ အနည်းနဲ့အများ ရှိကြပေမယ့် Anxiety ဆိုတဲ့ စိုးရိမ်ကြောင့်ကြခြင်းသည် ပူပန်မှုသာမက တစ်ခြားတုံ့ပြန်မှုတွေရှိသလို အတွေးခေါ်တွေကလည်း Negative Thinking ဘက်ရောက်ပြီး အတွေးတွေကို မထိန်းနိုင်တာတွေ ဖြစ်လာပါတယ်။ ဘယ်လို

စိုးရိမ်ကြောင့်ကြခြင်း (Anxiety) Read More »

 မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။ 🫶

Self-care ( မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။) နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေမှုတွေက အနည်းနဲ့အများ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ ဒီလို စိတ်ပင်ပန်းစရာ အသေးမွှားလေးတွေကို လျစ်လျုရှု့ခြင်းမှ စိတ်မွန်းကျပ်မှုတွေကို စုထားတဲ့ အဆောက်အုံတစ်ခုလို ဖြစ်လာပြီး မိမိကိုယ်ကိုကိုယ် ဂရုစိုက်ခြင်းတွေ လျော့နည်းလာပြီး စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်း၊ လူမှုဆက်ဆံရေးတွေ အဆင်မပြေခြင်းမှ ၊ မိမိကိုယ်ကိုကိုယ် အလိုမကျခြင်းတွေ ဖြစ်လာတယ်။ ဒါကြောင့် မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်းက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုကိုယ် ဂရုစိုက် ဂရုစိုက်စောင့်ရှောက်ခြင်းက စိတ်ဖိစီးချိန်မှ စိတ်ထွက်ပေါက်ရှာတာမျိုးအရာ မဟုတ်တဲ့အတွက်နေ့စဉ် မိမိကိုယ်ကိုဂရုစိုက်ခြင်းဖြင့် ကိုယ်ရော စိတ်ပါ ကျန်းမာပြီး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Self-care ပြုလုပ်ပုံ အမျိုးအစားများ။ ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း။ ခန္ဓာနဲ့စိတ်က

 မိမိကိုယ်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်း။ 🫶 Read More »