SWOT Analysis
💠 SWOT Analysis ဆိုတာဘာလဲ။ SWOT analysis ဆိုတာက Strength (အားသာချက်)၊ Weakness (အားနည်းချက်)၊ Opportunities (အခွင့်အလမ်း) နဲ့ Threat (ခြိမ်းခြောက်မှု) တို့ပဲဖြစ်ပါတယ်။ SWOT analysis ကို ဘာကြောင့် အသုံးပြုလဲဆိုရင် အဖွဲ့အစည်းတစ်ခု၊ ကျောင်းတစ်ခု သို့မဟုတ် တစ်ဦးချင်းစီမှာ တိုးတက်ဖို့၊ ပြောင်းလဲ ဖို့လိုအပ်လာပြီဆိုရင် မိမိတို့ရဲ့ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေကို ရေးဆွဲဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။ ☀️ Strengths (အားသာချက်များ) အားသာချက်ဆိုတာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာချက်တွေ၊ ကျောင်းသားတွေက ဘယ်လိုအရာတွေကို ကောင်းကောင်းဆောင်ရွက်နိုင်လည်းဆိုတာကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ […]






