စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ🤗
ကျွန်တော်တို့ဟာ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတိုင်း အကောင်းဆုံးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြပါတယ်။ ပဋိပက္ခဖြေရှင်းနည်းများထဲကမှ စေ့စပ်ညှိနှိုင်းမှုနည်းနဲ့ ဖြေရှင်းရာမှာတော့ နှစ်ဦးနှစ်ဖက်ပိုမိုကောင်းမွန်တဲ့ ရလဒ်ရအောင် ဖြေရှင်းနိုင်ဖို့အတွက် အချို့ယူဆချက်တွေရှိပါတယ်။✨ 1️⃣ စေ့စပ်ညှိနှိုင်းမှုမလုပ်ခင်ကြိုတင်ပြင်ဆင်မှုလေးတွေရှိသင့်ပါတယ်။ ကိုယ်ညှိနှိုင်းမယ့်သူရဲ့ characterတွေ၊ စိတ်နေသဘောထား၊ လက်ရှိအခြေနေတွေကို လေ့လာထားခြင်းအားဖြင့် စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်ချိန် မိမိ emotionတွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို တစ်ဖက်သားရဲ့စိတ်၀င်စားမှုတွေကို နားလည်ဖို့လွယ်ကူနိုင်မှာဖြစ်ပါတယ်။ 2️⃣ ညှိနှိုင်းဖက်ရဲ့နေရာ ၀င်ခံစားပြီး နားထောင်ပေးခြင်းအားဖြင့် သူ့လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို ထပ်တူထပ်မျှခံစားရကြောင်းပြသင့်ပါတယ်နော်။ 3️⃣ နောက်ဆုံးအချက်အနေနဲ့ ကိုယ့်လုံခြုံမှု၊ တန်ဖိုးထားမှုတွေနဲ့ဆန့်ကျင်နေတဲ့ သဘောတူညီမှုမျိုး ဖြစ်နေရင်တော့ စေ့စပ်ညှိနှိုင်းရေးကနေဆုတ်ခွာထွက်သွားသင့်ပါတယ်။ အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာတွေကတော့ စေ့စပ်ညှိနှိုင်းရေးတစ်ခုကောင်းမွန်အောင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ ယူဆချက်တွေပဲဖြစ်ပါတယ်။ ဆက်ပြီးတော့ စေ့စပ်ညှိနှိုင်းရေး ဖြစ်စဉ် အဆင့်(၄)ဆင့်ကို ဆက်ပြီး ရှင်းပြချင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေး ဖြစ်စဥ်အဆင့် […]
စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ယူဆချက်များ🤗 Read More »









