အခြားသူများနှင့် ဆက်သွယ်ပြောဆိုဆောင်ရွက်ခြင်း

အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဆောင်ရွက်ပြီး အလုပ်အတူတကွလုပ်ခြင်းဆိုတာက ကိုယ်ရည် ကိုယ်သွေး (soft skills) တစ်ခုဖြစ်ပြီး အခြားသူတွေနဲ့ တာဝန်တစ်ခုကို အတူပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ 

ဘာကြောင့် အခြားသူတွေနဲ့ အတူ ထိရောက်စွာ အလုပ်လုပ်နိုင်ခြင်းက အရေးကြီးတာလဲ

အခြားသူတွေနဲ့ အတူတကွပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အရည်အချင်းက ဘွဲ့ဒီဂရီတွေလောက် အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့  ဒီလိုအရည်အချင်းက အလွန်အရေးကြီးတဲ့ ကိုယ်ရည် ကိုယ်သွေးတစ်ခုပဲဖြစ်ပါတယ်။ သုတေသနတွေအရ အလုပ်ရှင်အများစုက ပူးပေါင်းဆောင်ရွက်ခြင်းနဲ့၊ အသင်းအဖွဲ့နဲ့ အတူအလုပ်လုပ်တတ်ခြင်း (Team work) က အလွန်အရေးကြီးပါတယ် လို့ တွေ့ရှိထားပါတယ်။

ယနေ့ခေတ်မှာ ပူးပေါင်းဆောင်ရွက်တတ်ခြင်းက အလွန်အရေးကြီးလာပြီး ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်း တွေအတွက် ပိုအချိန်ပေးလာကြပါတယ်။ ဥပမာ – အမှိုက်များကို အတူတကွကောက်ပြီး စွန့်ပစ်တဲ့ activity၊ ပလပ်စတစ်လျှော့ချဖို့ ဈေးတွေ၊ ကျောင်းတွေမှာ recycle ဘယ်လိုလုပ်နိုင်သလဲဆိုတာကို ပညာပေးတဲ့ activity စတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ အခြေအနေအရ ကျောင်းသားတွေကလည်း online မှ စာသင် ကြတယ်။ အလုပ်လုပ်သူတွေကလည်း online ကနေ အလုပ်လုပ်ကြတဲ့အခါ အုပ်စုနဲ့ပူးပေါင်းဆက်သွယ်တဲ့ အရည်အချင်းတွေတိုးတက်စေဖို့ activity (team building) တွေက ပိုလိုအပ်လာပါတယ်။

အခြားသူများနှင့်အတူ အလုပ်ကို ထိရောက်အောင် ဘယ်လိုလုပ်နိုင်သလဲ

အခြားသူတွေနဲ့အတူ အလုပ်မှာတင်မကဘူး အခြားအကြောင်းအရာတွေ ဥပမာ – အတန်းသားအချင်းချင်း ပရောဂျက်၊ လေ့လာမှုတစ်ခုခု သို့မဟုတ် ကျောင်းအကျိုးသယ်ပိုးခြင်း၊ ပရဟိတအလုပ်တွေလုပ်ကိုင်ခြင်း စတဲ့ activity တွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက် လုပ်ကိုင်လို့ရသလဲဆိုတဲ့ အချက်လေးတွေကို အောက်က infographics လေးကို ကြည့်ကြရအောင်။ 

ဒါဆိုရင် ဆက်လက်ပြီး အခြားသူများနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ဘယ်လို ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ပြောဆိုဆက်ဆံသင့်သလဲဆိုတာကို ဆက်လက်လေ့လာကြည့်ကြရအောင်။ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်းကလည်း အတူတူပြောဆိုဆက်ဆံကြတဲ့အခါ အခြားသူကို စိတ်သက်သာစေပြီး ကိုယ့်ရဲ့အရည်အချင်းတွေကိုပါ တိုးတက်စေနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။ 

👋 နှုတ်ဆက်ခြင်း
တစ်ဦးနဲ့တစ်ဦးတွေ့ဆုံတဲ့အခါ မိမိတို့ရဲ့ ယဉ်ကျေးမှု အတိုင်း နှုတ်ဆက်ပြုံးပြခြင်းဟာ အရေးကြီး တဲ့အချက်ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး မျက်လုံး ချင်းဆုံပြီး လက်ဆွဲနှုတ်ဆက်ကာ ပြုံးပြ နှုတ်ဆက် တတ်သူတွေဟာ လူအများနဲ့ ဆက်ဆံရာမှာလည်း အဆင်ပြေ ချောမွေ့တဲ့သူဖြစ်ပါတယ်။





🙋 ခွင့်တောင်းခြင်းနှင့် ကျေးဇူးတင်ခြင်း
ခွင့်တောင်းခြင်းနဲ့ ကျေးဇူးတင်ခြင်းက အခြေခံ ယဉ်ကျေးမှုအပြုအမူတွေပဲဖြစ်ပါတယ်။ တစ်ခုခုကို တောင်းဆိုတဲ့အခါ “ကျေးဇူးပြုပြီး” ဆိုတဲ့ စကား လေးကို ထည့်ပြောပြီး သူတစ်ပါးဆီက အကူအညီရ တဲ့အခါ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေး တွေကို ပြောဖို့ မမေ့ပါနဲ့။


👄 စကားအသုံးအနှုန်း
အခြားသူတွေနဲ့ အလုပ်သဘောနဲ့သော်လည်းကောင်း၊ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးရာမှာ သော် လည်းကောင်း စကားအသုံးအနှုန်းက ယဉ်ကျေးပြီး မှန်ကန်စွာသုံးဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ – ဟဲ့ ဘာလုပ်နေလဲ။ ဟာ ဒီလိုမလုပ်နဲ့လေ ဆိုတဲ့ စကားအသုံးအနှုန်းတွေကို ရှောင်ကြဉ်ရပါမယ်။





🤵‍♂️ သင့်တော်စွာဝတ်စားခြင်း
မိမိတွေ့ရမယ့်သူ၊ သွားရမယ့်နေရာနဲ့ အခြေအနေ တွေအပေါ်မူတည်ပြီး အဝတ်အစားကို ရွေးချယ်ပါ။ အလွန်အကြူးဝတ်ဆင်ထားတာလည်းမဖြစ်သင့် သလို ပေါ့ပျက်ပျက်ဝတ်စားတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။


📱ဖုန်းကို အဝေးမှာထားပါ
အခြားသူတွေနဲ့ အစည်းအဝေးလုပ်နေတဲ့အခါ သို့မဟုတ် အကြောင်းအရာတစ်ခုကို လေးလေး နက်နက် ဆွေးနွေးတဲ့အခါမှာ ဖုန်းသုံးခြင်းကိုရှောင်ပါ။ ဖုန်းသုံးခြင်းအားဖြင့် ဆွေးနွေးနေတဲ့ အကြောင်း အရာတွေကို လွတ်စေပြီး အာရုံပျံ့လွင့်စေပါတယ်။




⌚အချိန်မှန်ပါစေ။
အတန်းတက်တဲ့အခါ၊ အခြားသူများနဲ့အရေးကြီး ကိစ္စတွေ ချိန်းထားတဲ့အခါ အချိန်ကို အတိအကျ သို့မဟုတ် မိနစ်အနည်းငယ်စောရောက်အောင် သွားပါ။ အချိန်မလေးစားခြင်းက မိမိရဲ့ ဂုဏ်သတင်း ကိုလည်း မကောင်းစေသလို ကောင်းမွန်တဲ့ အကျင့် တစ်ခုမဟုတ်တဲ့အတွက် အချိန်ကို လေးစားပါ။

ဒါဆိုရင် အခြားသူတွေနဲ့အတူတူ လုပ်ကိုင်ဆောင်ရွက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက်လေး တစ်ခုကို ဥပမာပေးပြောပြသွားပြီး အခြားသူတွေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

ဒီအကြောင်းအရာလေးကို ကြည့်ခြင်းအားဖြင့် အများနဲ့ အတူတူပူးပေါင်းလုပ်ကိုင်ရတဲ့အခါ အချင်းချင်းလေးစားဖို့၊ ကျေးဇူးတင်တတ်ဖို့၊ အခြားသူတွေရဲ့အမြင်တွေကိုလည်းလေးစားဖို့လိုတယ်ဆိုတဲ့ သင်ခန်းစာလေးတွေကို ရရှိသွားမယ်လို့ ယုံကြည့်ပါတယ်။