Networking

Networking (ဆက်သွယ်မှု)

🔆အပြန်အလှန် ဆက်သွယ်ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ networkingက မရှိမဖြစ်လိုအပ်ပါတယ်။ ဆက်သွယ်မှု (Networking)ကို ကိုယ်ပိုင်တိုးတက်မှု နဲ့ လုပ်ငန်းခွင့်အတွက်ဆိုပြီး ပုံစံ(၂)မျိုး အသုံးပြုလို့ ရပါတယ်။ ဆက်သွယ်မှု (Networking)ကို ဘယ်နေရာမဆို အသုံးပြုလို့ ရနိုင်ပြီး အသုံးပြုတဲ့အခါမှာလည်း လူတွေရဲ့ အတွေးအမြင် နဲ့ အခွင့်အလမ်းအသစ်တွေကို ရှာဖွေ ဖလှယ်ကြပါတယ်။ ဒီအရာတွေက တန်ဖိုးရှိပြီး အသိပညာများစွာ ရရှိတာကြောင့် ဆက်သွယ်မှု (Networking) ကို လူတိုင်း မဖြစ်မနေ လုပ်ဆောင်ကြရပါတယ်။ ဒါကြောင့် ဆက်သွယ်မှု (Networking)က ပညာရေးတိုးတက်မှုတွေ၊ မိတ်ဖက်မှုတွေ နဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်တဲ့အပြင် သင်မရောက်ဖူးတဲ့ နေရာအသစ်သစ်တွေကိုလည်း လူအချင်းချင်း ဆက်သွယ်ချိတ်ဆက်ပြီး  ရောက်ရှိနိုင်ပါတယ်။ 

✅အခြေခံ ဆက်သွယ်မှုကို နားလည်ခြင်း (Understanding the Basics of Networking)

ဆက်သွယ်မှု (Networking)ဆိုတာ အထောက်အပံ့၊ အကြံဉာဏ် နဲ့ အခွင့်အလမ်းတွေကို ပေးနိုင်ပြီး လူတွေနဲ့ ကောင်းမွန် ခိုင်မာတဲ့ ဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ရတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေက ဟောပြောပွဲမှာ တက်ရောက်နေတဲ့ လူတွေဆီ မိမိလုပ်ငန်းရဲ့ လိပ်စာကဒ် (business card) ကို ထုတ်ဝေပေးဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆက်သွယ်မှု (Networking)မှာ ရင်းနှီးကျွမ်းဝင်မှု၊ သဘောတူညီမှု နဲ့ အချင်းချင်း ကူညီဖို့ စိတ်အားထက်သန်မှုတွေ ရှိနေဖို့ လိုအပ်ပါတယ်။ 

📈ပရော်ဖက်ရှင်နယ် ဆက်သွယ်မှု (Professional Networking) 

လူတော်တော်များများက လုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အလုပ်ရှာရင် “သိထား၊ တတ်မြောက်ထားတဲ့ ပညာအရည်အချင်း”တွေ လိုအပ်တယ်လို့ မှတ်ယူတတ်ကြပါတယ်။ လက်တွေ့မှာတော့ တတ်မြောက်ထားတဲ့ ပညာရပ်တွေအပြင် “သင် သိထား၊ ချိတ်ဆက်ထားဖူးတဲ့ လူတွေ”ကိုလည်း အမှတ်ရဖို့ လိုအပ်ပါတယ်။ ဒီစကားက လက်တွေ့ကျပြီး မှန်ကန်မှုရှိပါတယ်။ 

◾️ဥပမာ၊ သင်လုပ်ချင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လူတယောက်က သင့်အကြောင်းကို အထက်လူကြီးဆီ ထောက်ခံပြောပြပြီး အခြား သင်လို အလုပ်လျှောက်တဲ့လူထက် သင့်ကိုရွေးချယ်ဖို့ အကြံပြုလာနိုင်ပါတယ်။ 

ဒါဆို “သင်သိတဲ့ လူတွေ”ရဲ့ အကူအညီကို ဘယ်လိုရယူမလဲ။

အဖြေကတော့ ရှင်းပါတယ်။ ဆက်သွယ်မှု (Networking)ကို အသုံးပြုပြီး ရယူဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်က လူတွေကို မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုရတာ ကြိုက်သည်ဖြစ်စေ၊ အွန်လိုင်းကနေ ချိတ်ဆက်မိတ်ဖွဲ့ရတာ ကြိုက်သည်ဖြစ်စေ သင့်အတွက် အကျိုးရှိမယ့် ဆက်သွယ်မှု (Networking)နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆက်သွယ်မှု (Networking)နည်းလမ်းတွေကို အောက်မှာ ဆက်လေ့လာကြည့်ရအောင်။

1️⃣. သင့်အတွက် အကောင်းဆုံးဖြစ်တဲ့ networking နည်းလမ်းကို ရွေးချယ်ပါ။ 

ဒီနည်းလမ်းကို ပြောပြရခြင်းရဲ့ ရည်ရွယ်ချက်က ဆက်သွယ်မှု (Networking)ကို အခြေခံကနေ စနစ်တကျ တည်ဆောက်နိုင်ဖို့၊ အောင်မြင်ဖို့အတွက် အဓိကကျတဲ့ သော့ချက်ဖြစ်နေလို့ပါပဲ။ ကျွမ်းကျင်ပညာရှင်တွေကလည်း “ဆက်သွယ်မှု (Networking) လုပ်တဲ့အခါ ဘယ်တော့မှ ပုံစံတစ်မျိုးတည်းမရှိပါဘူး၊ လူအများနဲ့မတူဘဲ ကွဲပြားတဲ့ ဆက်သွယ်မှု (Networking)ပုံစံတွေနဲ့ဆို အောင်မြင်မှု ပိုမို ရရှိနိုင်ပါတယ်” လို့ အကြံပြုချက်တွေလည်း ရှိထားပါတယ်။ 

🔴Introvert (တသီးတသန့်နေထိုင်တတ်သူ)တွေ နဲ့ extrovert (လူအများနဲ့ နေထိုင်တတ်သူ)တွေက လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့ နည်းလမ်းချင်း မတူညီကြပါဘူး။ ဒါကြောင့် introvert (တသီးတသန့်နေထိုင်တတ်သူ)တွေက extrovert (လူအများနဲ့ နေထိုင်တတ်သူ)တို့ရဲ့ ဆက်သွယ်မှု (Networking)နည်းလမ်းတွေအတိုင်း ထပ်တူမကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ အဓိကက လူအများနဲ့ ပြောဆို ချိတ်ဆက်တဲ့အခါ ကိုယ်ကြိုက်တဲ့ နည်းလမ်းနဲ့ အကောင်းဆုံး ဆက်သွယ်ပြောဆိုနိုင်ဖို့ပဲ လိုအပ်ပါတယ်။

2️⃣. Professional networking နဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဥ်းတွေကို သိထားပါ။ 

မကြာသေးခင်က ရင်းနှီးထားတဲ့သူတစ်ဦး နဲ့ ဆက်သွယ်မှု (Networking)လုပ်တဲ့အခါ လိုက်နာရမယ့် စည်းမျဥ်း (၂)ခု ရှိပါတယ်။ 

🔶ပထမ စည်းမျဥ်းကတော့ – သင်လုပ်ချင်တဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အင်တာဗျူး ခေါ်ဆိုဖို့ အတင်းအကြပ် မတောင်းဆိုပါနဲ့။ အဲ့ဒီအစား လုပ်ငန်းအကြောင်းအရာ၊ ကုမ္ပဏီရဲ့ ယဥ်ကျေးမှု၊ ဝန်ထမ်းတွေရဲ့ အခြေအနေ နဲ့ ဒီလုပ်ငန်းက သင့်အတွက် သင့်တော်သလားဆိုတာကို သိနိုင်ဖို့ မေးမြန်းပါ။ ဒါ့အပြင် သင်လုပ်ချင်တဲ့ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်တဲ့ လူတွေဆီကနေ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို သင်ယူဖို့အတွက် ‌တောင်းဆိုနိုင်ပါတယ်။  

🔶ဒုတိယ စဥ်းမျဥ်းကတော့ – အလုပ်ရဖို့အတွက် မတောင်းဆိုပါနဲ့။ မိတ်ဆွေအသစ်တွေနဲ့ ပြောဆိုတဲ့အခါ ကိုယ်နဲ့ သက်ဆိုင်တဲ့ ရာထူးနဲ့ လုပ်ငန်းတစ်ခုခုမှာ လုပ်ကိုင်လိုတဲ့အကြောင်းကို သိနိုင်ဖို့ တိုက်ရိုက်ပြောဆိုတာမျိုးမဟုတ်ဘဲ သွယ်ဝိုက်ပြောဆိုပါ။ ဒါ့အပြင် အခွင့်အရေးရှိရင် သိချင်ကြောင်း ပြောပြနိုင်ပါတယ်။ 

3️⃣. ဆိုရှယ်မီဒီယာကို ထိရောက်စွာ အသုံးပြုပါ။ 

ယနေ့ခေတ် လူမှုကွန်ယက် မီဒီယာ အမျိုးမျိုးမှာ အလုပ်ရှာနေတဲ့သူတွေအတွက် လုပ်ငန်းရှင်တွေက အလုပ်တစ်ခုမဟုတ်တစ်ခု ခေါ်ယူနေကြပါတယ်။ ဒီလိုအလုပ်ခေါ်ယူတဲ့ နေရာတွေကတော့ Linkedin ဖြစ်ပါတယ်။ လူမှုဆက်သွယ်ရေး ဆိုဒ် နဲ့ ပတ်သက်ပြီး နည်းလမ်းတချို့ကို စနစ်တကျ ဖော်ပြပေးထားပါတယ်။ 

📃Linkedin: Linkedin က အလုပ်ရှာနေတဲ့သူတွေအတွက် အသုံးဝင်တဲ့ လူမှုကွန်ယက် မီဒီယာဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ဝင်စားတဲ့ ကုမ္ပဏီ နဲ့ အလုပ်ခေါ်စာ အမျိုးအစားတွေကို စစ်ထုတ်ပေးပြီး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးပါတယ်။ Linkedin က အလုပ်တွေကို သင်နဲ့ သင့်လျော်တဲ့ အလုပ်တွေကို ရှာဖွေပေးပါတယ်။ 

ဒါကြောင့် သင်အလုပ်လျှောက်လိုတဲ့အခါ Linkedin လို လူမှုကွန်ယက် မီဒီယာမျိုးကို သေချာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

4️⃣. သင့် လုပ်ငန်းခွင်မှာ networking ကိုလုပ်ဆောင်ဖို့ လေ့ကျင့်ပါ။

သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်အတွင်းကနေ သင့်ကို များစွာ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ ဆက်သွယ်မှု (Networking)လုပ်ရာမှာလည်း အကန့်အသတ်မရှိ ဆက်သွယ်ချိတ်ဆက်လို့ ရပါတယ်။ 

သင်က လုပ်ငန်းခွင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်တဲ့ ကာလက နှစ်လဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ အလုပ်လုပ်ရာမှာ သင်တွေ့ကြုံရမယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်မှု (Networking)ကို တည်ဆောက်ပြီး အလုပ်ဖော်တွေနဲ့ ဆက်သွယ်ခြင်းက သင့်အလုပ်မှာ တိုးတက်မှုတွေ ရရှိနိုင်သလို လုပ်ငန်းအတွက်  အထောက်အကူဖြစ်စေတဲ့ အချက်အလက်တွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

5️⃣. အကူအညီပေးဖို့ ကမ်းလှမ်းပါ။ 

ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ လုပ်လုပ်၊ ပြောဆိုဆက်သွယ်မှုက တစ်ဖက်သတ် မဖြစ်သင့်ပါဘူး။ အချိန်တစ်ခုအပေါ်မှာ အလုပ်လုပ်နေတာကြောင့် နှစ်ဖက်လုံးအတွက် တန်ဖိုးရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ အကူအညီကို ရယူနိုင်မယ့် အဖွဲ့အစည်းတခုခုကို ကမ်းလှမ်းပါ၊ သင်ကူညီပေးလိုက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကလည်း တချိန် သင်အကူအညီလိုအပ်တဲ့အခါ ကူညီပေးပါလိမ့်မယ်။

နောက်တစ်နည်းကတော့ စေတနာဝန်ထမ်းလုပ်ပါ။ သင့်အတွက် သဟဇာတဖြစ်စေပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းမှာ လုပ်ကိုင်ပါ။ အခြားစေတနာ့ဝန်ထမ်းတွေနဲ့ တိုးတက်ကောင်းမွန်တဲ့ ဆက်သွယ်မှု (Networking)တစ်ခုကို ရရှိနိုင်ပါတယ်။ 

6️⃣ အဆက်မပြတ်လုပ်ဆောင်ပါ။ 

သင့်ရဲ့ အသိမိတ်ဆွေတွေကို တခါတလေမှ ဆက်အသွယ် ချိတ်ဆက်တာထက် ပုံမှန် ပြောဆို ချိတ်ဆက်နေခြင်းက ပိုအကြီးပါတယ်။ ဒါ့အပြင် လူအများနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ သင့်ကိုသင် တွန်းအားပေးပါ။ နောက်ပြီး လုပ်ငန်းခွင်အတွင်းကဖြစ်စေ၊ လုပ်ငန်းခွင်ပြင်ပကဖြစ်စေ သင့်ရဲ့ အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြောဆိုဖို့ မကြာမကြာလိုအပ်ပါတယ်။  

ဆက်သွယ်မှု (Networking)တစ်ခု ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်မှုတွေ နဲ့ လုံလောက်တဲ့ အချိန်တွေ လိုအပ်ပါတယ်။ သင်က အပြုသဘောဆောင်ပြီး စစ်မှန်တဲ့ လူမှုဆက်ဆံရေးရှိမယ်ဆိုရင် ကွန်ရက်တစ်ခုကို အကောင်းဆုံး ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆက်သွယ်မှု (Networking)ရဲ့ အဓိကအချက်က သင် ဘယ်သူ့ကိုသိလဲဆိုတာထက်၊ ဘယ်သူတွေက သင်ကို သိပြီး သင်နဲ့ ဆက်ဆံရေးကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို ရည်ညွှန်းပါတယ်။