Self-learning Canva

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva အကောင့်ဖွင့်နည်းကို လေ့လာရမှာဖြစ်ပါတယ်။ Canva အကောင့် အဆင်ပြေစွာသုံးနိုင်ဖို့အတွက် Gmail တစ်ခုလိုအပ်ပါတယ်။ အကောင့်မရှိသေးပါက ဒီ Video ထဲကအတိုင်း အကောင့်ဖွင့်ဖို့တိုက်တွန်းလိုက်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva ကို စတင်အသုံးပြုတဲ့အခါမှာ မြင်ရမယ့် Interface ကို လေ့လာရမှာဖြစ်ပါတယ်။ Main tab များဖြစ်တဲ့ Create, Home tab, Project tab, Template tab တို့၏ လုပ်ဆောင်ချက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Canva ကို စတင်အသုံးပြုတဲ့အခါမှာ Templates များ ရွေးချယ်နည်းကို စနစ်တကျ လေ့လာရမှာဖြစ်ပါတယ်။ ထို့အပြင် မိမိပြုလုပ်ထားသော Designs များကို Folder များဖြင့် သိမ်းဆည်းနည်းကိုလည်း သိရှိနိုင်မှာပါ။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva မှာ Design တစ်ခုကို ပြင်ဆင်တဲ့အခါမှာ Design tab ကို အသုံးပြုနည်းအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ Design tab မှာ Template များကို စာသားဖြင့်ရှာဖွေခြင်း၊ အရောင်ဖြင့်ရှာဖွေခြင်း၊ မတူညီသော Template များကို တူညီသော Font များ၊ အရောင်များအဖြစ့် အမြန်ဆုံး ပြောင်းလဲနည်းတို့ကို လေ့လာရမှာဖြစ်ပါတယ်။

Canva ကို အသုံးပြုရာမှာ အရေးအကြီးဆုံးနဲ့ အသုံးပြုမှု အများဆုံးဖြစ်တဲ့ Element Tab အကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ Design တစ်ခုကို ဖန်တီးရာမှာ လိုအပ်တဲ့ Elements များဖြစ်တဲ့ Shapes, Graphics, Photos, Stikers, Tables, Graphs, Frames, Grids,  Mockups စသည်တို့ကို ရှာဖွေနည်း၊ အသုံးပြုနည်းတို့ကို သိရှိနိုင်မှာပါ။

ဒီသင်ခန်းစာ မှာဆိုရင်တော့ Canva ကို အသုံးပြုပြီး စာလုံးများကို ပြင်ဆင်အသုံးပြုနည်းပုံစံများကို လေ့လာရမှာဖြစ်ပါတယ်။ စာလုံးများကို Font ပြောင်းနည်း၊ အ‌‌ရောင်ပြောင်းနည်း၊ Effects များထည့်နည်း၊ Font Templates များ အသုံးပြုနည်း၊ Font များကို Element tab တွင် ရှာဖွေအသုံးပြုနည်းများကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva ကို အသုံးပြုပြီး Designs များကို ဖန်တီးရာတွင် အသုံးပြုရမယ့် Canva Editing Tools (Copy, Copy Style, Duplicate,  Delete, Layer, Align to page, Link, Lock, etc) များအကြောင်းကို လေ့လာရမှာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာ မှာဆိုရင်တော့ Canva ကို အသုံးပြုပြီး Design နှင့် ဗီဒီယိုများကို ဖန်တီးရာတွင် မိမိအသုံးပြုလိုသော Photo, Video, Audio ဖိုင်များထည့်သွင်းအသုံးပြုခြင်း၊ အရောင်များကို တစ်သတ်မတ်တည်းတူညီအောင်ရှာဖွေအသုံးပြုနည်း၊ Photo များကို ပြင်ဆင်အသုံးပြုနည်းများကို လေ့လာရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva မှာ Animation နှင့် Transition များအသုံးပြုနည်းကိုလေ့လာရမှာဖြစ်ပါတယ်။ Animation တစ်ခုစတင် ထည့်သွင်းအသုံးပြုခြင်း၊ Animation တစ်ခုထက်ပို၍ အသုံးပြုခြင်း၊ Animation များကို Presentation တွင် ထိရောက်စွာအသုံးပြုခြင်းနှင့် Transition များ အသုံးပြုနည်းကို လေ့လာရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva ကို အသုံးပြုပြီး Prsentation, Proposal, Report စသည်တို့ပြင်ဆင်တဲ့အခါမှာ ‌‌‌‌‌‌‌ဒေတာအချက်လက်များကို Graphs များဖြင့်ဖော် ပြရာတွင် ‌ဒေတာထည့်သွင်းနည်း၊ Graphs များကို ပြင်ဆင်နည်း တို့ကို လေ့လာရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva AI အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Canva ကို အသုံးပြုပြီး Design, Photo, Video များ ပြုလုပ်နည်း၊ Photo Editing ပြုလုပ်နည်း၊ စာများရေးသားနည်းတို့ကို လေ့လာရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာဆိုရင်တော့ Canva ကို အသုံးပြုပြီး မိမိရဲ့ Porfessional CV တစ်ခုကို ပြင်ဆင်နည်းကို စနစ်တကျ လေ့လာရမှာဖြစ်ပါတယ်။