Basic Prompting Skills For Community Leaders

၁။ Prompting ဆိုတာ ဘာလဲ။ (What is Prompting?)

၁.၁။ Prompt ဆိုတာ ဘာလဲ?

Prompt ဆိုတာ AI ကွန်ပျူတာစနစ်ကနေ အဖြေတစ်ခုခုရဖို့ ရိုက်ထည့်ပေးလိုက်တဲ့ “ညွှန်ကြားချက်၊ မေးခွန်း ဒါမှမဟုတ် စာသား” ကို ခေါ်တာဖြစ်ပါတယ်။ AI က လူသားတွေလို ကိုယ်ပိုင်အသိစိတ်နဲ့ တွေးတောပြီးဖြေဆိုတာမျိုး မဟုတ်ပါဘူး။ လူတွေ ပေးလိုက်တဲ့ ‘မေးခွန်းနဲ့ စာသား တွေ အပေါ်မှာပဲ အခြေခံပြီး အချက်အလက်တွေကို ရှာဖွေပုံဖော်ပေးတာ ဖြစ်ပါတယ်။

ကိုယ်က တိတိကျကျ ခိုင်းနိုင်မှသာ အသုံးတည့်တဲ့ အဖြေကောင်းတွေ ထွက်လာမှာ ဖြစ်ပါတယ်။

၁.၂။ Prompting က ဘာကြောင့် အရေးကြီးတာလဲ (Why Prompting is Important)

အမေးရှိမှ အဖြေရှိတယ်ဆိုသလိုပါပဲ။ ကိုယ်က မရေမရာ မေးရင် AI ကလည်း ယေဘုယျဆန်တဲ့ စာတွေပဲ ပြန်ပေးပါလိမ့်မယ်။ ပိုကောင်းတဲ့ prompt က ပိုကောင်းတဲ့ ရလဒ်ကို ထုတ်ပေးနိုင်ပါတယ်။ Prompt ကို စနစ်တကျ ရေးတတ်လေလေ၊ ထွက်လာတဲ့ စာသားက ပြန်ပြင်ရသက်သာလေလေ ဖြစ်ပါတယ်။

💡 လက်တွေ့ နှိုင်းယှဉ်ချက် ဥပမာ (Example)

📝အားနည်းတဲ့ prompt 

    Write an announcement.


ဒီလိုpromptမျိုး ပေးရင် AI ဆီက ထွက်လာမယ့် အဖြေဟာ ယေဘုယျဆန်တဲ့ ရုံးသုံး အင်္ဂလိပ်စာသားတွေပဲ ထွက်လာမှာဖြစ်ပါတယ်။

📝အားနည်းတဲ့ Output

“Attention all staff/members, this is an official announcement. Please note that an event will take place…” 

📝ပိုကောင်းတဲ့ prompt

“Write a community announcement inviting youth to participate in a village clean-up campaign on Saturday morning. The tone should be inspiring and energetic. Please write the entire output in Myanmar (Burmese) language.”


Prompt ကို ဒီလို အချက်အလက်အပြည့်အစုံနဲ့ လေသံ (Tone) ကိုပါ ကန့်သတ်ပြီး အင်္ဂလိပ်လို ရေးလိုက်မယ်ဆိုရင်တော့ AI ဆီကနေ လှုံ့ဆော်မှုအားကောင်းပြီး တက်ကြွတဲ့ စည်းရုံးရေးစာသားမျိုး ထွက်လာပါလိမ့်မယ်။

📝ပိုကောင်းတဲ့ Output ( From Gemini )

📢 လူငယ်မောင်မယ်များသို့ ဖိတ်ခေါ်ချက် (Community Announcement)ခေါင်းစဉ်။ ။ တို့ရွာလေး ပိုမိုလှပဖို့၊ တို့လူငယ်တွေရဲ့ ခွန်အားနဲ့ ပုံဖော်စို့! 🧹✨ချစ်ခင်တက်ကြွတဲ့ ရပ်ရွာလူငယ်မောင်မယ်တို့ရှင်/ခင်ဗျာ -မိမိတို့ နေ့စဉ်မှီတင်းနေထိုင်နေတဲ့ ရွာလေး သန့်ရှင်းစင်ကြယ်ပြီး မျက်စိပသာဒဖြစ်စေဖို့ဆိုတာ တို့လူငယ်တွေရဲ့ လက်ဖဝါးထဲမှာပဲ ရှိတာပါ! လာမည့် စနေနေ့နံနက်ခင်းမှာ မိမိတို့ကျေးရွာ သန့်ရှင်းသာယာလှပရေးအတွက် “စုပေါင်းလူငယ် စေတနာ့ဝန်ထမ်း အမှိုက်ကောက်လှုပ်ရှားမှု” ကြီးကို ဆင်နွှဲသွားဖို့ ရှိပါတယ်။”တစ်ယောက်အားနဲ့ မရနိုင်တာ၊ စုပေါင်းအားနဲ့ ဖန်တီးပါ” ဆိုသလို တို့လူငယ်တွေရဲ့ စည်းလုံးမှုခွန်အားကို ပြသရမယ့် အချိန်ရောက်ပါပြီ။ မိနစ်ပိုင်းမျှပေးလိုက်တဲ့ ကိုယ့်ရဲ့အားစိုက်မှုဟာ တစ်ရွာလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အပြောင်းအလဲကြီး ဖြစ်လာမှာပါ။ဘယ်နေ့လဲ (Date): လာမည့် စနေနေ့ နံနက်ခင်းဘယ်အချိန်လဲ (Time): နံနက် [အချိန်ထည့်ရန်၊ ဥပမာ – ၇:၃၀ နာရီ]ဘယ်မှာ ဆုံမလဲ (Meeting Point): [နေရာထည့်ရန်၊ ဥပမာ – ရွာလယ်ဓမ္မာရုံ]ဘာတွေ ယူလာရမလဲ: တက်ကြွတဲ့ စိတ်ဓာတ်နဲ့ အပြုံးတစ်ခုတည်း ရှိရင် ပြည့်စုံပါပြီ။ (နှာခေါင်းစည်း၊ လက်အိတ်နဲ့ အမှိုက်အိတ်များကို ရပ်ရွာမှ စီစဉ်ပေးပါမည်။)သူငယ်ချင်းတို့ရေ… အိမ်မှာပဲ အိပ်ပျော်နေမယ့်အစား ရွာအတွက်လည်းအကျိုးရှိ၊ ကိုယ်ကာယလည်း လေ့ကျင့်ခန်းဖြစ်မယ့် ဒီကုသိုလ်ဖြစ် လှုပ်ရှားမှုကြီးမှာ ပျော်ပျော်ပါးပါး စုပေါင်းပါဝင်ကြဖို့ လက်တို့ဖိတ်ခေါ်လိုက်ရတယ်နော်။“သန့်ရှင်းစင်ကြယ် တို့ရွာမြေ၊ လူငယ်ခွန်အားဖြင့် ဖန်တီးမေ။” စနေနေ့မနက်မှာ ဆုံကြစို့နော်။ 👋💚

၂။ Prompt တစ်ခုရဲ့ ဖွဲ့စည်းပုံ (Anatomy of a Prompt)

AI ဆီကနေ စိတ်တိုင်းကျပြီး ပြည့်စုံတဲ့ အဖြေတွေ ရရှိဖို့ဆိုရင် prompt ရေးတဲ့အခါ ပါရမယ့် အစိတ်အပိုင်းတွေ စနစ်တကျ ပါဝင်ဖို့ လိုအပ်ပါတယ်။ ထိရောက်တဲ့ Prompt တစ်ခု ရေးဖို့အတွက်ဆိုရင် အခြေခံ အစိတ်အပိုင်း (၄) ခု ပါဝင်ရပါမယ်။

၂.၁ ထိရောက်တဲ့ prompt တစ်ခုမှာ ပါဝင်ရမယ့် အချက်များ

Prompt ကောင်းတစ်ခုကို ရေးသားတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် (Building Blocks) ၅ ချက် ရှိပါတယ်။ ဒီ ၅ ချက်ကို “PARTS” ဆိုပြီး အလွယ်တကူ မှတ်သားထားနိုင်ပါတယ်။

(၁) Persona (ကိုယ်ပိုင်ပုံစံ/အခန်းကဏ္ဍ)

ဒီအချက်ကတော့ AI ကို ကိုယ်က ဘယ်သူဖြစ်တယ်ဆိုတဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍ ကို သတ်မှတ်ပေးတာပါ။ ရည်ရွယ်ချက်ကတော့ AI ရဲ့ ဘာသာစကားနဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတကို လမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။ ဥပမာ – “ရပ်ရွာအုပ်ချုပ်ရေးမှူး” သို့မဟုတ် “လူမှုကူညီရေးအသင်းဥက္ကဋ္ဌ” လို့ ပြောလိုက်ရင် AI က အုပ်ချုပ်ရေး၊ လူမှုရေးနဲ့ ဆက်စပ်တဲ့ စကားလုံးတွေကို စတင်အသုံးပြုလာမှာ ဖြစ်ပါတယ်။

နမူနာ prompt တွေကိုကြည့်ရအောင် – 

“I am a community leader organizing a weekend village cleaning campaign.” (“ကျွန်တော်/ကျွန်မက စနေ၊ တနင်္ဂနွေမှာပြုလုပ်မယ့် ကျေးရွာသန့်ရှင်းရေးလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ရပ်ရွာခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။”)“I am a rural health volunteer creating an awareness session about summer heat strokes for local farmers.” (“ကျွန်တော်/ကျွန်မက ဒေသခံတောင်သူတွေအတွက် နွေရာသီအပူလျှပ်ခြင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ပြင်ဆင်နေတဲ့ ကျေးလက်ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။”)“I am a village administrator writing an official invitation letter to government officials for a development meeting.”                    (“ကျွန်တော်က ရပ်ရွာဖွံ့ဖြိုးရေးအစည်းအဝေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ဖိတ်ကြားဖို့ တရားဝင်ဖိတ်စာ ရေးသားနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပါတယ်။”)

၂။ Aim (ရည်မှန်းချက်/အဓိကလုပ်ငန်း)

ဒါကတော့ မိမိ ဘာကို တိတိကျကျ လိုချင်တာလဲဆိုတာကို ရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ AI ကို ဘာလုပ်ရမလဲဆိုတဲ့ အဓိကလုပ်ငန်းကို သတ်မှတ်ပေးတာပါ။ “ဒါရေးပေးပါ” လို့ ရေးတာထက် “စာကြောင်း ၃ ကြောင်းနဲ့ အကျဉ်းချုပ်ပါ” သို့မဟုတ် “အစီအစဉ်ဆွဲပေးပါ” လို့ ရေးတာက ပိုပြီးတိကျတဲ့ အဖြေကို ရရှိစေပါတယ်။

နမူနာ prompt တွေကိုကြည့်ရအောင် – 

“Summarize this 5-page community feedback text into 3 core problems.” (“ဒီ ၅ စာမျက်နှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ တုံ့ပြန်ချက်စာသားတွေကို ဘုံပြဿနာကြီး ၃ ခုအဖြစ် အကျဉ်းချုပ်ပေးပါ။”)“Create a 4-step contingency plan in case it rains during our outdoor event.” (“ကျွန်တော်တို့ရဲ့ ပြင်ပလူထုလှုပ်ရှားမှုအတွင်း မိုးရွာလာခဲ့ရင် လုပ်ဆောင်မည့် အရန်အစီအစဉ် ၄ ဆင့်ကို ရေးဆွဲပေးပါ။”)“Generate 5 catchy and rhythmic slogans to discourage littering in the village.” (“ရွာထဲမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ကြဖို့အတွက် ပါးစပ်ဖျားမှာစွဲလွယ်မယ့် ကာရန်ပါ ဆောင်ပုဒ် ၅ ခု ထုတ်ပေးပါ။”)

၃။ Recipients (လက်ခံမည့်သူ/ဖတ်ရှုမည့်သူ)

ဒီအချက်ကတော့ ရလာတဲ့အဖြေကို ရပ်ရွာထဲက ဘယ်သူတွေ ဖတ်ရမလဲ ဆိုတာ သတ်မှတ်ပေးတာပါ။ ရည်ရွယ်ချက်ကတော့ AI ကို ဖတ်မည့်သူရဲ့ အသက်အရွယ်၊ နောက်ခံနဲ့ ကိုက်ညီတဲ့ ဝေါဟာရတွေ၊ ဥပမာတွေနဲ့ အသံနေအသံထားတွေ အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။

နမူနာ prompt တွေကိုကြည့်ရအောင် – 

“Explain the dangers of plastic pollution using simple words suitable for elderly villagers who prefer easy, non-technical explanations.” (“ပလတ်စတစ်အန္တရာယ်ကို နည်းပညာစကားလုံးတွေမပါဘဲ ရိုးရှင်းတဲ့စကားလုံးတွေ ကြိုက်နှစ်သက်တဲ့ ရပ်ရွာက သက်ကြီးရွယ်အို အဖိုးအဖွားများ နားလည်လွယ်မယ့် ပုံစံမျိုးနဲ့ ရှင်းပြပေးပါ။”)“Write a recruitment message using an energetic tone that appeals to local youth aged 15 to 25.” (“အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြားရှိတဲ့ ရပ်ရွာထဲက လူငယ်တွေ စိတ်အားထက်သန်လာစေမယ့် တက်ကြွတဲ့လေသံမျိုးနဲ့ စေတနာ့ဝန်ထမ်းဖိတ်ခေါ်စာကို ရေးပေးပါ။”)“Draft this announcement for a general audience of diverse village residents, ensuring it is clear and inclusive.” (“ဒီကြေညာချက်ကို မတူညီတဲ့ နောက်ခံရှိကြတဲ့ ရွာသူရွာသားအားလုံး ဖတ်ရှုဖို့အတွက် ရှင်းလင်းပြတ်သားပြီး အားလုံးအကျုံးဝင်မယ့် ပုံစံမျိုးနဲ့ ရေးသားပေးပါ။”)

၄။ Theme (အကြောင်းအရာ/လေသံနှင့် ကန့်သတ်ချက်)

ဒီအချက်မှာတော့ ရလာမယ့်အဖြေရဲ့ ပုံစံ၊ လေသံနဲ့ အခြားလိုအပ်တဲ့ ကန့်သတ်ချက်တွေကို ဖော်ပြပေးရပါမယ်။ ရပ်ရွာလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ လေသံ ( Tone ) က အလွန်အရေးကြီးတဲ့ အတွက် AI ကို “ယဉ်ကျေးရိုသေစွာ” လား သို့မဟုတ် “အရေးကြီး၊ နှိုးဆော်သံ” လားဆိုတာ သတ်မှတ်ပေးရပါမယ်။

နမူနာ prompt တွေကိုကြည့်ရအောင် – 

“Write the invitation in a highly polite, respectful, and official tone suitable for elders and department heads.” (“ဖိတ်စာကို ရပ်ရွာလူကြီးမိဘများနှင့် ဌာနဆိုင်ရာအကြီးအကဲများအတွက် သင့်တော်မည့် အလွန်ယဉ်ကျေးရိုသေပြီး လှပသော လေသံဖြင့် ရေးသားပေးပါ။”)“Explain the plastic policy using an encouraging, supportive tone that motivates residents rather than scolding them.” (“အမှိုက်စည်းကမ်းတွေကို ရွာသားတွေကို ဆူပူကြိမ်းမောင်းသလိုမျိုး မဟုတ်ဘဲ၊ လိုက်နာချင်စိတ်ရှိလာအောင် အားပေးလှုံ့ဆော်တဲ့ လေသံမျိုးနဲ့ ရှင်းပြပေးပါ။”)“Keep the entire announcement strictly under 150 words to fit onto a one-page community notice board.” (“ရပ်ကွက်သတင်းစာပုံး/အသိပေးဘုတ်မှာ ကပ်မှာဖြစ်တဲ့အတွက် ကြေညာချက်တစ်ခုလုံးကို စာလုံးရေ ၁၅၀ အောက်သာ ကန့်သတ်ပြီး ရေးပေးပါ။”)

၅။ Structure (ဖွဲ့စည်းပုံ/ထွက်ရှိမည့်ပုံစံ)

နောက်ဆုံးအချက်ကတော့ ရလဒ်ကို မိမိတို့ ရပ်ရွာအစည်းအဝေးပွဲတွေ၊ စာရွက်စာတမ်းတွေမှာ ချက်ချင်းယူသုံးနိုင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လိုချင်လဲဆိုတာ ညွှန်ကြားခြင်း ဖြစ်ပါတယ်။

နမူနာ prompt တွေကိုကြည့်ရအောင် – 

“Present the 3-month action plan in a clear table format with columns for Timeline, Activities, and Responsible Team.” (“၃ လစာ လုပ်ငန်းစီမံချက်ကို ကာလ၊ လုပ်ငန်းစဉ်နဲ့ တာဝန်ရှိသူ ဆိုပြီး ရှင်းလင်းတဲ့ ဇယားကွက်ပုံစံနဲ့ ဖော်ပြပေးပါ။”)“Provide the duties of each volunteer group in clear, bulleted points.” (“စေတနာ့ဝန်ထမ်း အဖွဲ့အလိုက် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတွေကို bullet point (အချက်အလက်အစက်ကလေးများ) နဲ့ စနစ်တကျ ခွဲခြားပြသပေးပါ။”)“Output the content as a simple 2-page printout layout that we can distribute as handouts.”(“ဒီအကြောင်းအရာကို လက်ကမ်းစာစောင်အဖြစ် ရွာသားတွေကို လိုက်ဝေနိုင်အောင် စာရွက်ထုတ်ရလွယ်ကူမယ့် အနှစ်ချုပ် Layout ပုံစံမျိုးနဲ့ ထုတ်ပေးပါ။”)

၃။ Engineering Prompts For Success

၂.၁။ Prompt Engineering ဆိုတာဘာလဲ?

ဒီအပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ ရလဒ်အတိုင်း ရရှိဖို့အတွက် အကောင်းဆုံး prompt တွေ ဘယ်လိုရေးရမလဲဆိုတဲ့ နည်းလမ်းကို လေ့လာကြရမှာဖြစ်ပြီး၊ ဒီနည်းလမ်းကိုတော့ ပညာရှင်တွေက “Prompt Engineering” လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။

ဒီလေ့လာမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ prompt ထဲမှာ ဥပမာတွေ၊ ဒါမှမဟုတ် ‘shots’ တွေ ထည့်သွင်းအသုံးပြုတဲ့နည်းကို လေ့လာရမှာပါ။ ဒါ့အပြင် AI ရဲ့ ရလဒ်တွေက ကိုယ်မျှော်မှန်းထားတာနဲ့ မကိုက်ညီတဲ့အခါ ဘယ်လို ပြဿနာဖြေရှင်း (troubleshoot) ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ လေ့လာရ မှာဖြစ်ပါတယ်။


အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းတွေက အရသာရှိတဲ့ ဟင်းတစ်ခွက် ချက်ပြုတ်နိုင်အောင် ကူညီပေးသလိုမျိုးပဲ၊ အရည်အသွေးမြင့်တဲ့ prompt တွေကလည်း ပိုပြီးတိကျတဲ့ ရလဒ်ကောင်းတွေကို ရရှိစေပါတယ်။ဒါကြောင့် prompt တွေကို စဉ်းစားဆင်ခြင်ပြီး ရေးသားခြင်းဟာ အရမ်းအသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ prompt ထဲမှာ အကောင်းဆုံးနဲ့ အလိုအပ်ဆုံး သတင်း အချက် အလက်တွေ ပါဝင်နေဖို့က အရေးကြီးတာကြောင့် ဖြစ်ပါတယ်။

ထိရောက်တဲ့ prompt တွေကို ပိုမိုနားလည်နိုင်ဖို့ ဆိုရင် လူတစ်ယောက်နဲ့ AI ကိရိယာတစ်ခုဟာ မေးခွန်းတစ်ခုတည်းကို ဘယ်လိုမျိုး ကွဲပြားစွာ တုံ့ပြန်နိုင်လဲဆိုတာ နှိုင်းယှဉ်ကြည့်ပါ။ဥပမာ: သင်က သက်သတ်လွတ်စားသူ တစ် ယောက်ဖြစ်ပြီးတော့ ကလော ကို ခရီးသွားဖို့ စီစဉ်နေတယ်လို့ စိတ်ကူးလိုက်ပါ။ သင့်သူငယ်ချင်းကို ကလော မှာ ဘယ်စားသောက်ဆိုင်တွေ ကောင်းလဲ” လို့ မေးနိုင်ပါတယ်။ သင့်သူငယ်ချင်းက သင်ဟာ သက်သတ်လွတ်စားသူမှန်း သိတဲ့အတွက် သက် သတ်လွတ်ရနိုင်တဲ့ ဆိုင်တွေကို အကြံပြုပေးလာ နိုင်ပါတယ်။ဒါပေမဲ့၊ သင်သာ AIကို ဒီမေးခွန်းအတိုင်း မေးကြည့်မယ်ဆိုရင်၊ သင့်သူငယ်ချင်းလို သင့်ရဲ့ စိတ်ကြိုက်ရွေးချယ်မှုတွေကို ထည့်မစဉ်းစားဘဲ၊ AI က သူရဲ့ Menu ပေါ်က ရွေးချယ်မှုတွေနဲ့  လူကြိုက်များတဲ့ စားသောက်ဆိုင်တွေကို အကြံ ပြုလာနိုင်ပါတယ်။ AI ကိရိယာတွေမှာ နောက်ခံအခြေအနေ (context) ကို နားလည်နိုင်စွမ်း မရှိတာကြောင့် ရှင်းလင်း ပြတ်သားပြီး တိကျတဲ့ ညွှန်ကြားချက်တွေဟာ အလွန်အရေးကြီးတာ ဖြစ်ပါတယ်။

prompt တွေကနေ ကိုယ်လိုချင်တဲ့ ရလဒ်အတိုင်း ရရှိနိုင်ဖို့ အခွင့်အလမ်းကို တိုးမြှင့်ချင်တယ်ဆိုရင်၊ AI ကို ဘာလုပ်စေချင်တယ်ဆိုတာ အမြဲတမ်း ရှင်းလင်းပြတ်သားအောင် ညွှန်ကြားပေးဖို့လိုပါတယ်။

AI ရဲ့ စွမ်းဆောင်ရည်တွေကို အသုံးပြုပြီး ထုတ်လုပ်နိုင်စွမ်း (productivity) နဲ့ တီထွင်ဖန်တီးနိုင်စွမ်း (creativity) တွေကို မြှင့်တင်နိုင်မယ့် နည်းလမ်းမျိုးစုံ ရှိပါတယ်။

AI က ဆောင်ရွက်ပေးနိုင်တဲ့ အဓိကအရာများ:

  • အကြောင်းအရာများ၊ စာသားများ ထုတ်လုပ်ပေးခြင်း (Generate content)
  • ရှည်လျားတဲ့ စာရွက်စာတမ်းတစ်ခုရဲ့ အဓိကအချက်တွေကို အကျဉ်းချုပ်ပေးခြင်း (Summarize a lengthy document’s main points)
  • ပြန်လည်စစ်ဆေးဖို့အတွက် မတူညီတဲ့ အမျိုးအစားတွေကို စီစစ်ပြီး အမည်တပ်ပေးခြင်း (Sort and label different categories for review)
  • စာသားထဲက အချက်အလက်တွေကို ထုတ်ယူပြီး ပိုမိုနားလည်လွယ်တဲ့ ပုံစံတစ်ခုအဖြစ် ပြောင်းလဲပေးခြင်း (Extract information from a text and transform it into a structured format that’s easier to understand)
  • မတူညီသော ဘာသာစကားများအား အသုံးပြု၍ စာသားများကို ဘာသာပြန်ပေးခြင်း (Translate text between different languages)
  • အကြောင်းအရာတစ်ခုရဲ့ လေသံကို ရုံးသုံးပုံစံ (formal) ကနေ သာမန်ပုံစံ (casual) ကို ပြောင်းလဲပေးခြင်းနဲ့ သဒ္ဒါမှန်ကန်မှုကို အတည်ပြုပေးခြင်း (Edit a piece of content’s tone from formal to casual and confirm grammatical accuracy)
  • စိန်ခေါ်မှုအမျိုးမျိုးအတွက် ပြဿနာဖြေရှင်းနည်းများပေးခြင်း (Problem-solve solutions for a variety of challenges)

AIကို သင်လုပ်စေချင်တဲ့ လုပ်ငန်းတာဝန် အမျိုးအစားအတိုင်း တိကျစွာ သတ်မှတ်ပေးခြင်းဟာ သင့်ရဲ့ မျှော်မှန်းထားတဲ့ ရလဒ်အတိုင်း ရရှိစေဖို့ အထောက်အကူပြုရာ ရောက်ပါတယ်။

၃.၁ Prompting Styles

၃.၁.၁။ Few-Shot Prompting (Provide Examples)

Prompt Engineering မှာ အသုံးအများဆုံးချဉ်းကပ်မှုတစ်ခုကတော့ prompt ထဲမှာ ဥပမာ (examples) တွေ ထည့်ပေးခြင်း ဖြစ်ပါတယ်။

ဥပမာ ထည့်ပေးခြင်းဖြင့် ကိုယ်လိုချင်တဲ့ ရလဒ်ပုံစံကို AI အနေနဲ့ ပိုပြီးနားလည်လာအောင် လုပ်ပေးနိုင်ပါ တယ်။

ဥပမာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ထည့်ပေးခြင်းကတော့ ပိုမိုရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေ အတွက် ကူညီပေးနိုင်ပြီး၊ အထူးသဖြင့် ရလဒ်မှာ တိကျတဲ့ အသေးစိတ်အချက်အလက်တွေ နဲ့ သီးခြား ပုံစံ (format) တစ်ခုကို လိုအပ်တဲ့အခါ အသုံးဝင်ပါတယ်။

Prompt: 

“I am a community leader. Please generate a list of ‘task assignments’ for volunteers participating in our village clean-up field activity. Here are examples of the format and style I want:Clearing the Main Drainage: Remove plastics blocking the drain. Clear mud and silt to ensure smooth water flow.Sorting Waste: Separate the collected waste into recyclable bottles and disposable rubbish.”

ဒီ prompt ထဲမှာ လိုချင်တဲ့ ရလဒ်ပုံစံရဲ့ နမူနာနှစ်ခုကို ထည့်သွင်းပေးထားပါတယ်။

Clearing the Main Drainage နဲ့ Sorting Waste ဆိုတဲ့ လုပ်ငန်းတာဝန်နှစ်ခုစလုံးဟာ ရလဒ်မှာ လိုအပ်တဲ့ ပါဝင်လှုပ်ရှားမှု ပုံစံနဲ့ ဖော်ပြချက် အတိုင်းအတာပမာဏကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

၃.၁.၂ chain-of-thought (COT) prompting

COT prompting ဆိုတာကတော့ AI ကို အဆင့်ဆင့် စဥ်းစားပြီး အဖြေထုတ်ခိုင်းတာမျိုးဖြစ်ပါတယ်။

Prompt: 

“I am a community leader. Some of our local residents are struggling with throwing trash systematically, and littering has become a big issue. What are five practical strategies we can implement in our village to solve this? Think this through step-by-step.”

ဒီ prompt မှာဆိုရင် AI ကို ဘယ်လိုပုံစံထုတ်ပေးရမလဲဆိုတဲ့ ဥပမာ (Example) တစ်ခုမှ မပေးထားပါဘူး။ ဒါပေမယ့် စာသားရဲ့ နောက်ဆုံးမှာ “Think this through step-by-step” (အဆင့်ဆင့် စဉ်းစားတွေးခေါ်ပါ) ဆိုပြီး ကန့်သတ်ချက် ထည့်သွင်းထားတဲ့အတွက် AI က အမှိုက်ပစ်ရခက်ခဲတဲ့ ဇစ်မြစ်အကြောင်းအရင်းတွေကို အဆင့်ဆင့် ဆန်းစစ်ပြီး လက်တွေ့အလုပ်ဖြစ်မယ့် မဟာဗျူဟာ (၅) ခုကို စနစ်တကျ အစီအစဉ်ချ တွက်ချက်ထုတ်ပေးမှာ ဖြစ်ပါတယ်။

၃.၁.၃ R-A-G Prompting (Retrieve-Augment-Generate)

AI ကို သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေ ပေးပြီး အဲဒီအကြောင်းအရာတွေကနေ တစ်ခုခု ဖန်တီးပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

ဒါဟာ AI ကို ပိုမိုတိကျတဲ့ အချက်အလက်တွေ ပေးပြီး၊ သာမန်အဖြေထက်ပိုပြီး ကိုယ်ပိုင်ဆန်တဲ့ (personalized) ရလဒ်တွေ ထုတ်ပေးစေတဲ့ အဆင့်မြင့် Prompting နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Prompt: 

“Using the raw text feedback from the local residents provided below, identify the Top 3 core problems they are facing and present them in a structured table.[Insert Resident Feedback Text Here]”

ဒီ prompt မှာဆိုရင် AI ကို အထွေထွေဗဟုသုတတွေထဲကနေ အဖြေရှာခိုင်းတာမျိုး မဟုတ်ပါဘူး။ မိမိတို့ကိုယ်တိုင် ကောက်ယူထားတဲ့ ဒေသခံတွေရဲ့ စကားသံ (Resident Feedback) စာသားတွေကို အခြေခံပြီးမှသာ ဘုံပြဿနာ (၃) ခုကို တိတိကျကျ ဇယားကွက်နဲ့ ခွဲထုတ်ခိုင်းတာ ဖြစ်တဲ့အတွက် မိမိတို့ဒေသရဲ့ အခြေအနေမှန်နဲ့ ကွက်တိကိုက်ညီတဲ့ စိတ်ချရတဲ့ ကိုယ်ပိုင်ရလဒ် (Personalized Output) ကို ရရှိစေတာ ဖြစ်ပါတယ်။

၃.၁.၄ Zero-Shot Prompting

AI ကို နမူနာ မပေးဘဲ တစ်ခုခုကို တိုက်ရိုက် လုပ်ခိုင်းတာပါ။ ဒီလို prompt တွေဟာ အချိန်ကုန် သက်သာ စေပြီး ရိုးရှင်းတဲ့ ရလဒ် (ဥပမာ- စာလုံးအဓိပ္ပာယ် ဖွင့်ဆိုချက်၊ အကျဉ်းချုပ်၊ အကြံဉာဏ် ဖလှယ်မှု) တွေကို လိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

Prompt: 

“Give me five creative and practical ideas to reduce single-use plastic bags in our local village market.”

ဒီ prompt မှာဆိုရင် AI ဆီကို “ဈေးထဲမှာ ပလတ်စတစ်လျှော့ချဖို့ ငါတို့က ဘယ်လိုပုံစံမျိုး လိုချင်ပါတယ်” ဆိုတဲ့ ဥပမာတစ်ခုမှ ပေးမထားပါဘူး။ ဒါပေမယ့် ရိုးရှင်းပြီး တိုက်ရိုက် ရေးထားတဲ့အတွက် AI က သူ့ရဲ့ အထွေထွေဗဟုသုတတွေထဲကနေ ရပ်ရွာဈေးသည်တွေနဲ့ ဈေးဝယ်သူတွေ လိုက်နာနိုင်မယ့် ဆန်းသစ်ပြီး လက်တွေ့ကျတဲ့ အကြံဉာဏ် (၅) ခုကို စက္ကန့်ပိုင်းအတွင်း စာရင်းပြုစု ထုတ်ပေးမှာ ဖြစ်ပါတယ်။

၃.၁.၅။ Role-Playing / Simulation Prompting

AIကို ကိုယ်ပိုင်ပုံစံ (persona) တစ်ခုပေးပြီး စကားပြောဆိုမှု သို့မဟုတ် လေ့ကျင့်မှုတစ်ခု ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။

Prompt: 

“Act as a local villager who is skeptical and worried that our new waste management project will fail and waste community funds. Voice your concerns naturally, and I will respond as the community leader trying to explain the benefits and reassure you. Let’s practice this conversation.”

ဒီ prompt မှာဆိုရင် AI ကို “ငါတို့ရဲ့ ပရောဂျက်အပေါ် မယုံကြည်ဘဲ စိုးရိမ်ပူပန်နေတဲ့ ရွာသားတစ်ဦး”နေရာကနေ သရုပ်ဆောင် (Role-play) ခိုင်းထားတာ ဖြစ်ပါတယ်။ဒီလို လေ့ကျင့်ခြင်းဖြင့် ခေါင်းဆောင်တွေက ဒေသခံလူထုဆီကနေ လာနိုင်တဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုမေးခွန်းတွေကို ကြိုတင်ပြင်ဆင်တွေးခေါ်နိုင်ပြီး၊ ပိုမိုကောင်းမွန်တဲ့ စည်းရုံးပြောဆိုမှု စွမ်းရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။

၃.၁.၆ Constraints-Based Prompting 

AI ကို ကန့်သတ်ချက်တွေ အတိအကျ သတ်မှတ်ပေးပြီး လိုအပ်တဲ့ရလဒ်ကို ထုတ်ခိုင်းတာဖြစ်ပါတယ်။ 

Prompt: 

“Create five rule reminders for our village notice board to discourage littering. Keep the entire response under 100 words, use a highly polite and encouraging tone without any scolding words, and present them in bullet points.”

ဒီ prompt မှာဆိုရင် စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဖို့ နှိုးဆော်ချက် (၅) ချက် ထုတ်ခိုင်းထားပေမယ့်လည်း ကန့်သတ်ချက် (Constraints) ၃ ချက်ကို တိတိကျကျ ပိတ်ပင်တားဆီးပေးထားပါတယ် – 

၁။ စာလုံးရေ ၁၀၀ အောက်သာ ဖြစ်ရမည်။ 

၂။ ရွာသားတွေကို ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ အလွန်ယဉ်ကျေးပျော့ပြောင်းပြီး အားပေးလှုံ့ဆော်သော လေသံသာ ဖြစ်ရမည်။ 

၃။ အဖြေကို bullet points (အစက်ကလေးများ) ဖြင့်သာ ပြသရမည်။

၃.၁.၇ Multi-Step Prompting 

ရှုပ်ထွေးသော လုပ်ငန်းတာဝန်တစ်ခုကို သေးငယ်ပြီး ဆက်စပ်နေသော အဆင့်များအဖြစ် ခွဲခြမ်း၍ ညွှန်ကြားနိုင်ပါတယ်။ AIကို တစ်ပြိုင်နက် လုပ်ခိုင်းမယ့်အစား တစ်ဆင့်ချင်း လုပ်ခိုင်းတာဖြစ် ပါတယ်။

Prompt: 

“Create a comprehensive 3-Month Village Waste Management Action Plan to tackle our local littering issue. Follow these steps and label each section clearly:For Month 1 (Preparation & Awareness): Write 3 main activities focused on forming a volunteer committee and raising community awareness.For Month 2 (Implementation & Infrastructure): Describe the practical steps for placing large trash bins at main junctions and setting up a weekly waste collection routine.For Month 3 (Evaluation & Sustainability): Provide strategies on how to review the community’s compliance and create a sustainability fund from selling recyclables.Provide Monitoring & Evaluation Indicators (KPIs) for each month to clearly measure the project’s success.List the required materials and specify who should be responsible for each stage.”

ဒီ prompt မှာဆိုရင် ရပ်ရွာအမှိုက်စီမံခန့်ခွဲမှု ပရောဂျက်တစ်ခုလုံးကို AI ဆီကနေ တစ်ပြိုင်နက်တည်း အပေါ်ယံပဲ ထွက်လာစေတာမျိုး မဟုတ်ပါဘူး။ ပထမလ ဘာလုပ်ရမလဲ၊ ဒုတိယလ ဘာလုပ်ရမလဲ၊ တတိယလ ဘာလုပ်ရမလဲ၊ အောင်မြင်မှုညွှန်းကိန်း (KPIs) နဲ့ လိုအပ်မယ့် ပစ္စည်းတွေကိုပါ တစ်ဆင့်ချင်းစီ ခေါင်းစဉ်တပ်ပြီး အသေးစိတ် ထုတ်ပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒီလို ခွဲခြားခိုင်းစေတဲ့အတွက် AI က ရပ်ရွာအစည်းအဝေး နဲ့ စီမံကိန်းတင်ပြလွှာတွေမှာ ချက်ချင်း ယူသုံးနိုင်လောက်အောင် ပြည့်စုံတဲ့ ပရောဂျက်လုပ်ငန်းစီမံချက်ကြီးတစ်ခုကို တိတိကျကျ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

၃.၁.၈ Error-Analysis Prompting

AIကို စာသားတစ်ခု ဒါမှမဟုတ် အဖြေတစ်ခုပေးပြီး၊ အမှားတွေ ရှာဖွေခိုင်းတာ နဲ့ ပြင်ဆင်ဖို့လိုအပ်တဲ့ အကြံပြုချက်တွေ တောင်းတာဖြစ်ပါတယ်။ ဆရာ/မ တွေအတွက် အချိန်ကုန်သက်သာစေဖို့နဲ့ ကျောင်းသားတွေရဲ့ နားလည်မှု ကွာဟချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် အသုံးပြုပါတယ်။

Prompt: 

“I will give you a draft of our official village rule announcement and a budget summary. Please check both, identify any errors (such as tone issues that might upset residents or calculation mistakes in the budget), explain what is wrong, and provide the corrected version.”Example input you can give after the prompt (ထည့်သွင်းစစ်ဆေးမည့် နမူနာစာသား):Draft Rule: “Anyone caught littering will be severely punished and fined immediately without explanation.”Budget Sum: Total Budget: 500,000 MMK. Bins: 300,000 MMK, Bags: 150,000 MMK, Transportation: 100,000 MMK.

ဒီ prompt မှာဆိုရင် AI ကို ရပ်ရွာစည်းကမ်းချက် မူကြမ်းနဲ့ ဘတ်ဂျက်စာရင်းတွေ ပေးပြီး အမှားရှာခိုင်း တာ ဖြစ်ပါတယ်။ AI က စစ်ဆေးပြီးတဲ့အခါ စည်းကမ်းချက်စာသားဟာ “လူထုငြိုငြင်နိုင်ပြီး ရန်လိုတဲ့လေသံ ဖြစ်နေတယ်” ဆိုတဲ့ အားနည်းချက်ကို ထောက်ပြပေးမယ့်အပြင်၊ ဘတ်ဂျက်စုစုပေါင်း ၅ သိန်းခွဲ ဖြစ်နေတာကို ၅ သိန်းလို့ မှားယွင်းတွက်ချက်ထားမိတဲ့ ကိန်းဂဏန်းအမှားကိုပါ ရှာဖွေဖော်ထုတ်ပေးပြီး ပိုမိုကောင်းမွန်တဲ့ စာသားအမှန်နဲ့ တွက်ချက်မှုအမှန်ကို ကွက်တိ ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

၃.၁.၉။ Transformation Prompting

ပေးထားတဲ့ အကြောင်းအရာတစ်ခုရဲ့ ရေးသားပုံကို ပြင်ဆင်ရေးသားခိုင်းတာ  ဒါမှမဟုတ် ဘာသာပြန်ခိုင်းတာမျိုးဖြစ်ပါတယ်။ ဥပမာ- ရှည်လျားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းလဲရေးသားခိုင်းတာမျိုးဖြစ်ပါတယ်။ 

Prompt: 

“Here is an official government policy document about rural plastic waste regulations. Please transform and simplify it into a clear, friendly announcement suitable for local villagers and elderly residents. Keep the core rules the same, but use shorter sentences and everyday vocabulary.”

ဒီ prompt မှာဆိုရင် AI ဆီကို ခက်ခဲနက်နဲတဲ့ အစိုးရရဲ့ စာရွက်စာတမ်း (Official Policy) ကို ပေးပြီး ပုံစံပြောင်းလဲ (Transform) ခိုင်းတာ ဖြစ်ပါတယ်။

AI က စာသားကို ပြန်လည်ပြင်ဆင်ပေးတဲ့အခါ မူရင်းဥပဒေရဲ့ အနှစ်သာရတွေကို မပျောက်ပျက်စေဘဲ ရွာသူရွာသားတွေ နားလည်ရခက်တဲ့ ရုံးသုံးအသုံးအနှုန်းတွေကို ဖယ်ရှားပြီး၊ ဖတ်လိုက်တာနဲ့ ချက်ချင်းသဘောပေါက်လွယ်ကူမယ့် သတင်းစကားအဖြစ် အသွင်ပြောင်းလဲ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

၃.၁.၁၀ Prompt Templates (Reusable Frameworks)

ပုံမှန်အမြဲတမ်း လုပ်ဆောင်ရမယ့်အရာတွေ ဒါမှမဟုတ် ရုံးလုပ်ငန်းတွေအတွက် အခြေခံပုံစံ (Framework) တစ်ခုကို ကြိုတင်ရေးဆွဲထားခြင်းဖြင့် (ဥပမာ[COMMUNITY PROJECT] အတွက် [DATA/FEEDBACK] ကို အခြေခံပြီး [REPORT FORMAT] ထုတ်ပေးပါ)၊ လုပ်ငန်းခွင်အတွင်း အချိန်ကုန်သက်သာစေပြီး အစီရင်ခံစာပုံစံကို တသမတ်တည်း တပြေးညီ ဖြစ်နေစေပါတယ်။ ဒါဟာ ခေါင်းဆောင်တွေအတွက် အလွယ်တကူ ကူးယူ (Copy)၊ ကွက်လပ်ဖြည့်စွက်ပြီး အကြိမ်ကြိမ် ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ အလွန်အသုံးဝင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Prompt: 

“Give constructive feedback and an evaluation report for our recent community development activity. The activity and its details are: >Activity Name: [Insert Activity/Project Name Here]Data & Feedback Collected: [Paste Resident Feedback or Activity Data Here]Your feedback report must include:2 main strengths (what went well during the project)2 areas for improvement (what challenges we faced and need to fix next time)1 clear next step (the immediate action we should take forward)Make the tone highly encouraging, professional, and easy for the community committee to understand.”

ဒီ prompt မှာဆိုရင် လေးထောင့်ကွင်း […] ပြထားတဲ့ နေရာတွေဟာ စီမံချက်အသစ် လုပ်တိုင်း အလွယ်တကူ ပြောင်းလဲဖြည့်စွက်ရမယ့် ကွက်လပ် (Placeholders) တွေ ဖြစ်ပါတယ်။

ဥပမာ – ဒီအပတ်မှာ “သွေးလှူဒါန်းပွဲ” လုပ်ရင် အဆိုပါခေါင်းစဉ်နဲ့ ဒေတာကို ကူးထည့်ပြီး ဒီ template အတိုင်း ခိုင်းနိုင်သလို၊ နောက်အပတ်မှာ “စာကြည့်တိုက်ဖွင့်ပွဲ” လုပ်ရင်လည်း ဒီပုံသေကားချပ်အတိုင်း ကွက်လပ်လေးတွေပဲ ပြောင်းဖြည့်ပြီး ခိုင်းရုံနဲ့ စနစ်ကျပြီး တပြေးညီဖြစ်တဲ့ အစီရင်ခံစာကို အချိန်တို အတွင်း ရရှိစေမှာ ဖြစ်ပါတယ်။

၄။ Basic Prompting For Community Organizing

၄.၁ ကြေညာချက်များနှင့် ဖိတ်စာများ ဖန်တီးခြင်းအတွက် Prompt ပေးခြင်း

✅တရားဝင်လေသံ (Formal Tone): ရပ်ရွာလူကြီးတွေ၊ ဌာနဆိုင်ရာတွေကို ဖိတ်ကြားတဲ့အခါ သုံးနိုင်မယ့် အလွန်ယဉ်ကျေးပြီး စနစ်ကျတဲ့ ဖိတ်စာပုံစံဖြစ်ပါတယ်။

📝နမူနာ Prompt

သင်သည် သာရေးနာရေးနှင့် လူမှုရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နေသော ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်တို့၏ ရပ်ရွာအတွင်း [ကျေးရွာ သန့်ရှင်းရေးနှင့် ပတ်ပတ်လည် သာယာလှပရေး] အတွက် ရပ်ရွာလူကြီးများ၊ ဌာနဆိုင်ရာများနှင့် အိမ်ထောင်စုကိုယ်စားလှယ်များကို ဖိတ်ကြားရန် “တရားဝင် ဖိတ်စာမူကြမ်း” တစ်စောင် ရေးသားပေးပါ။ စာသားသည် အလွန်ယဉ်ကျေးရိုသေပြီး စနစ်ကျသော အသုံးအနှုန်းများ ဖြစ်ရပါမည်။ ဖိတ်စာတွင် ရက်စွဲ၊ အချိန်၊ နေရာ နှင့် ဆွေးနွေးမည့် အဓိက အကြောင်းအရာတို့ကို ကွက်လပ်ချန်၍ စာမျက်နှာအဆင်အပြင် လှပစွာ ဖွဲ့စည်းပေးပါ။

✅လှုံ့ဆော်တဲ့လေသံ (Inspiring Tone): လူငယ်တွေ စိတ်အားထက်သန်ပြီး ပါဝင်လာအောင် ဆွဲဆောင်တဲ့ စာသားမျိုး (ဥပမာ – “မိမိတို့ရွာ သာယာဖို့၊ မိမိတို့ကစလို့ ဆောင်ရွက်စို့” စတဲ့ ဆောင်ပုဒ်တွေအပါအဝင်) ဖြစ်ပါတယ်။

📝နမူနာ Prompt

ကျွန်ုပ်တို့ ရပ်ရွာထဲမှာ [ကျေးရွာ သန့်ရှင်းရေးနှင့် စည်းလုံးညီညွတ်ရေး လှုပ်ရှားမှု] တစ်ခု ပြုလုပ်ချင်ပါသည်။ ၎င်းလှုပ်ရှားမှုသို့ ဒေသတွင်းရှိ “လူငယ် မောင်မယ်များ” အားလုံး စိတ်အားထက်သန်စွာဖြင့် တက်ကြွစွာ ပါဝင်လာစေရန် ဆွဲဆောင်စည်းရုံးမည့် “လှုံ့ဆော်ရေး ဖိတ်ခေါ်စာ” တစ်စောင် ရေးပေးပါ။ စကားလုံးများသည် ရိုးအေးပြီး စာနာမှုရှိရမည်။ “မိမိတို့ရွာ သာယာဖို့၊ မိမိတို့ကစလို့ ဆောင်ရွက်စို့” ကဲ့သို့သော လူငယ်ထုကို အားကျတက်ကြွစေမည့် မြန်မာ့ပညာရေး/လူမှုရေးဆိုင်ရာ ဆောင်ပုဒ် (၃) ခုခန့်ကိုလည်း စာသားထဲတွင် ထည့်သွင်းပေးပါ။ [ရက်စွဲ၊ အချိန်၊ တည်နေရာ] တို့ကို ထည့်သွင်းရန် နေရာချန်ပေးပါ။

✅လူမှုကွန်ရက်ပုံစံ (Social Media Format): Facebook Group တွေ၊ Viber Content တွေမှာ တင်ဖို့ စာသားတိုတိုနဲ့ ထိထိမိမိရှိမယ့် ပုံစံမျိုးကို မိနစ်ပိုင်းအတွင်း ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

📝နမူနာ Prompt

ရပ်ကွက် Facebook Group နှင့် ရပ်ရွာ Viber သတင်းအဖွဲ့များတွင် တင်ရန်အတွက် [ရပ်ကွက် သန့်ရှင်းရေး လူထုအစည်းအဝေး] ဖိတ်ခေါ်စာတစ်စောင်ကို ဖန်တီးပေးပါ။ လူမှုကွန်ရက် သဘာဝအရ စာဖတ်သူ ပျင်းမသွားစေရန် စာသားကို တိုတိုတုတ်တုတ်နှင့် ထိထိမိမိ ရှိပါစေ။ ဖတ်ရသူ မျက်စိရှင်းစေရန် အရေးကြီးအချက်အလက်များဖြစ်သည့် [ရည်ရွယ်ချက်၊ ရက်စွဲ၊ အချိန်၊ နေရာ] တို့ကို Bullet points (အစက်ပြကွက်များ) ဖြင့် သေသပ်စွာ စာရင်းလုပ်ပေးပါ။ စာသားအစအဆုံးတွင် ဆွဲဆောင်မှုရှိသော ဖုန်း/အွန်လိုင်းသုံး အီမိုဂျီ (Emojis) များကိုလည်း သင့်တော်သလို ညှပ်သုံးပေးပါ။

၄.၂။ အသိပညာပေး လှုပ်ရှားမှု (Campaign) များ အတွက် Prompt ပေးခြင်း

✅ဆောင်ပုဒ် (Slogan) ထုတ်ခိုင်းခြင်း: ရပ်ရွာလူထု စိတ်ပါဝင်စားလာပြီး ပါးစပ်ဖျားမှာ အလွယ်တကူ စွဲကျန်ရစ်မယ့် ကာရန်ပါတဲ့ မြန်မာဆောင်ပုဒ်များကို ထုတ်ခိုင်းခြင်း ဖြစ်ပါတယ်။

📝 နမူနာ Prompt

“Act as a creative copywriter specializing in community campaigns. Please generate 5 catchy, rhythmic, and easy-to-remember Myanmar slogans (မြန်မာ ဆောင်ပုဒ်) for a community campaign focused on reducing plastic waste: ‘ပလတ်စတစ် အန္တရာယ် အသိပညာပေး ကမ်ပိန်း’.”

ရလာတဲ့ Output ကို Gemini image/ Canva AI အသုံးပြုပြီး အောက်ပါအတိုင်း ဖိတ်စာတစ်ခုဖန်တီးနိုင်ပါတယ်။ 

✅ပွဲအစီအစဉ် (Event Timeline) ဆွဲခိုင်းခြင်း: ပွဲတစ်ခုရဲ့ အစကနေ အဆုံးအထိ အချိန်ဇယား မူကြမ်းကို ဆွဲခိုင်းလို့ရပါတယ်။ (ဥပမာ – မနက် ၈ နာရီ လူစုမယ်၊ ၈ နာရီခွဲ ခေါင်းဆောင်က အဖွင့်အမှာစကားပြောမယ်၊ ၉ နာရီမှာ လက်တွေ့လုပ်ငန်း စမယ် စသဖြင့်ပေါ့။)

📝 နမူနာ Prompt

“Act as an experienced event coordinator. Develop a detailed half-day Event Timeline (ဇယားပုံစံ) for our community cleaning campaign: ‘ကျေးရွာ သန့်ရှင်းရေးနှင့် ပတ်ပတ်လည် သာယာလှပရေး လှုပ်ရှားမှု’. The event will start at 8:00 AM and end at 12:00 PM. Include time, specific activities, and who is responsible (e.g., volunteers, village leaders, department officials).”

✅ဘက်စုံတွေးတောပေးခြင်း: ကိုယ်တိုင် စဉ်းစားရင် ကျန်သွားနိုင်တဲ့ ကိစ္စတွေဖြစ်တဲ့ “မိုးရွာရင် ဘယ်လိုလုပ်မလဲ (Backup Plan)”“ကျန်းမာရေးမကောင်းရင် ရှေးဦးသူနာပြုစုဖို့ ဘာတွေပြင်ဆင်ရမလဲ” ဆိုတာမျိုးတွေကိုပါ AI ကို ကြိုတင်မေးမြန်းပြီး စီမံချက် ချမှတ်နိုင်ပါတယ်။

📝 နမူနာ Prompt

“Act as a risk management expert for community events. For our upcoming outdoor ‘Village Cleaning Campaign’, generate a checklist of potential risks we might forget and provide solution plans. Specifically address: 1) What to do if it rains heavily (Backup Plan), 2) First-Aid and health preparations for heatstrokes or minor injuries, and 3) Proper hydration management for volunteers.”

၄.၃။ စေတနာ့ဝန်ထမ်း ခေါ်ယူခြင်းနဲ့ လုပ်ငန်းညှိနှိုင်းခြင်းအတွက် Prompt ပေးခြင်း

✅စေတနာ့ဝန်ထမ်း ဖိတ်ခေါ်စာ ရေးခြင်း: လူတွေ လာရောက်ကူညီချင်စိတ် ပေါက်လာအောင် စေတနာ့ဝန်ထမ်း ခေါ်ယူတဲ့စာ (Volunteer Recruitment Message) ကို ဆွဲဆောင်မှုရှိရှိ ရေးပေးနိုင်ပါတယ်။

📝 နမူနာ Prompt

“Act as an expert in community organizing and copywriting. Write an inspiring and engaging Volunteer Recruitment Message (စေတနာ့ဝန်ထမ်း ဖိတ်ခေါ်စာ) in Myanmar language for our upcoming ‘Village Cleaning Campaign’. The tone should be warm, urgent, and empowering, highlighting that ‘small actions create big changes.’ Include placeholders for Date, Time, Meeting Point, and a Call-to-Action for registration.”

✅လုပ်ငန်းတာဝန်ခွဲဝေမှုစာရင်း (Task Checklist) ထုတ်ခြင်း: ပွဲတစ်ခုအတွက် လိုအပ်တဲ့ တာဝန်တွေကို AI က အလိုအလျောက် စာရင်းထုတ်ပေးနိုင်ပါတယ်။ ဥပမာ – အစားအသောက်အဖွဲ့၊ ဧည့်ခံရေးအဖွဲ့၊ သန့်ရှင်းရေးအဖွဲ့ စသဖြင့် အဖွဲ့အလိုက် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရား (Job Description) မူကြမ်းတွေကို ရှင်းရှင်းလင်းလင်း ခွဲပေးနိုင်လို့ စေတနာ့ဝန်ထမ်းတွေကို တာဝန်ပြန်ခွဲဝေပေးတဲ့အခါ အလွန်အဆင်ပြေပါတယ်။

📝 နမူနာ Prompt

“Act as an organized project manager. Create a detailed Task Checklist and job descriptions (လုပ်ငန်းတာဝန်ခွဲဝေမှုစာရင်း) in Myanmar language for volunteers in our ‘Village Cleaning Campaign’. Divide the tasks into 4 clear teams: 1) Media & Welcoming Team, 2) Cleaning & Logistics Team, 3) Waste Sorting Team, and 4) Catering & First-Aid Team. Format it beautifully with bullet points.”

၄.၄။ လူထုအတွင်းကွင်းဆင်းခြင်း နဲ့ ထိတွေ့ဆက်ဆံခြင်းအတွက်Prompt ပေးခြင်း 

✅အမေးအဖြေ လမ်းညွှန် (FAQ Guide) ပြင်ဆင်ခြင်း: လူထုထဲဆင်းတဲ့အခါ ဒေသခံတွေ မေးလာနိုင်တဲ့ ခက်ခဲတဲ့ မေးခွန်းတွေ (ဥပမာ – “ဒီပရောဂျက်လုပ်တော့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ”“ရန်ပုံငွေတွေကို ဘယ်လိုသုံးမှာလဲ”) စတာတွေကို AI နဲ့ ကြိုတင်ဆွေးနွေးပြီး၊ ဒေသခံတွေ စိတ်ကျေနပ်မယ့် တုံ့ပြန်စကား ပြောဆိုနည်းတွေကို ကြိုတင်လေ့ကျင့် ပြင်ဆင်ထားနိုင်ပါတယ်။

📝 နမူနာ Prompt

“Act as an empathetic community relations expert. Generate a 2-item FAQ Guide (အမေးအဖြေလမ်းညွှန်) in Myanmar language to prepare our team for tough questions from local residents during our ‘Village Cleaning & Plastic Reduction Campaign’. Provide the questions and a highly polite, convincing, and community-friendly response for each:Question 1: ‘What is the benefit of this project for us? Our village has always been like this.’ (ဒီပရောဂျက်လုပ်တော့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ။ ငါတို့ရွာက ဒီအတိုင်းပဲ နေလာတာ။)Question 2: ‘How are the project funds and budget being used? Is it transparent?’ (ရန်ပုံငွေတွေကို ဘယ်လိုသုံးမှာလဲ။ ပွင့်လင်းမြင်သာမှု ရှိရဲ့လား။)”

📝 နမူနာ Output

❓ မေးခွန်း (၁)။ ။ “ဒီပရောဂျက်လုပ်တော့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ။ ငါတို့ရွာက ဒီအတိုင်းပဲ အမြဲနေလာတာပဲဥစ္စာ။”🤝 ပြန်လည်ဖြေကြားရမည့် ပုံစံ (ယဉ်ကျေးပျော့ပြောင်းစွာ): > “ဟုတ်ကဲ့ပါခင်ဗျာ/ရှင်။ အန်ကယ်တို့ ပြောတာ တကယ်မှန်ပါတယ်။ မိဘဘိုးဘွားလက်ထက်ကတည်းက တို့ရွာလေးက အေးအေးချမ်းချမ်း နေလာခဲ့တာပါ။ ဒါပေမဲ့ အခုခေတ်မှာ ပလတ်စတစ်အမှိုက်တွေ များလာတော့ လမ်းဘေး မြောင်းတွေပိတ်၊ မိုးရွာရင် ရေလျှံပြီး ခြင်တွေပေါလာလို့ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ရတာတွေ ကြုံလာရပါတယ်၊၊ ဒီလှုပ်ရှားမှု လုပ်ရတာဟာ ရွာကို လှစေချင်ရုံတင်မကဘဲ အန်ကယ်တို့ရဲ့ သားသမီး၊ မြေးတွေ ရောဂါဘယကင်းပြီး ကျန်းမာဘေးကင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်ရအောင် တို့အားလုံး စုပေါင်းပြီး အုတ်တစ်ချပ် သဲတစ်ပွင့် ကူညီကြတာ ဖြစ်ပါတယ်ခင်ဗျာ/ရှင်။”
❓ မေးခွန်း (၂)။ ။ “ရန်ပုံငွေတွေကို ဘယ်လိုသုံးမှာလဲ။ ပွင့်လင်းမြင်သာမှု ရှိရဲ့လား။”🤝 ပြန်လည်ဖြေကြားရမည့် ပုံစံ (ပွင့်လင်းမြင်သာစွာ): > “အရမ်းကောင်းတဲ့ မေးခွန်းပါခင်ဗျာ/ရှင်။ ဒီအတွက်လည်း တို့အဖွဲ့က ရာနှုန်းပြည့် အာမခံပါတယ်။ အခုရရှိထားတဲ့ အလှူငွေနဲ့ ရန်ပုံငွေအားလုံးကို စေတနာ့ဝန်ထမ်းတွေအတွက် သောက်ရေသန့်ဝယ်တာ၊ တံမြက်စည်း၊ အမှိုက်အိတ်နဲ့ လက်အိတ် ဝယ်ယူတဲ့နေရာတွေမှာပဲ တပြားမကျန် သုံးစွဲမှာပါ။ ပွဲအပြီး (၃) ရက်အတွင်းမှာ ဘယ်ကရလို့ ဘယ်လောက်သုံးလိုက်တယ်ဆိုတဲ့ ရသုံးငွေစာရင်း (Financial Report) အသေးစိတ်ကို ဓမ္မာရုံ အများပြည်သူမြင်ကွင်းမှာ ကပ်ထားပေးမှာဖြစ်သလို၊ စာရင်းလာရောက်စစ်ဆေးဖို့လည်း မိဘပြည်သူအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ/ရှင်။”

✅ရိုးရှင်းသော ပညာပေးလက်ကမ်းစာစောင် (Flyer Content) များ ထုတ်ခြင်း: ရှုပ်ထွေးတဲ့ ဒေတာတွေ၊ ဥပဒေတွေကို အခြေခံလူထု နားလည်နိုင်မယ့် ရိုးရှင်းလွယ်ကူတဲ့ စကားလုံးတွေဖြစ်အောင် AI ကို အသုံးပြုပြီး ပြန်လည်ပြောင်းလဲ ရေးသားနိုင်ပါတယ်။

📝 နမူနာ Prompt

“Act as a professional educational content writer. Translate the complex science and data about plastic pollution into a simple, easy-to-read, 3-bullet-point Flyer Content (လက်ကမ်းစာစောင်စာသား) in Myanmar language. The target audience is rural community residents. Use clear, non-technical words and focus on immediate personal impact.”

📝 နမူနာ Output

ခေါင်းစဉ်။ ။ “ပလတ်စတစ်ကို စနစ်တကျ စွန့်ပစ်ဖို့… တို့ ဘာကြောင့် သိထားရမလဲ?” 📄✨၁။ မီးရှို့ရင် အဆိပ်ငွေ့ရတယ် 💨ပလတ်စတစ်တွေကို အလွယ်တကူ မီးရှို့ဖျက်ဆီးလိုက်တဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ အဆိပ်ငွေ့တွေ ထွက်လာပြီး မိမိတို့ အိမ်က မိဘဘိုးဘွားတွေနဲ့ ကလေးငယ်တွေရဲ့ အဆုတ်ကို ထိခိုက်စေကာ ချောင်းဆိုးရင်ကျပ်နဲ့ ကင်ဆာရောဂါအထိ ဖြစ်ပွားစေနိုင်ပါတယ်။၂။ မြေကြီးကို ပျက်စီးစေတယ် 🌱ပလတ်စတစ်အိတ်တစ်လုံးဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၄၀၀ ကျော်အထိ မပုပ်သိုးဘဲ ရှိနေတတ်ပါတယ်။ လယ်ကွင်းတွေ၊ ခြံကွင်းတွေထဲမှာ ပလတ်စတစ်တွေ ပြည့်နေရင် သီးနှံပင်တွေ အမြစ်မဆင်းနိုင်ဘဲ ရေရှည်မှာ စိုက်ပျိုးရေးမြေ ဆုံးရှုံးရပါလိမ့်မယ်။၃။ နွားနဲ့ တိရစ္ဆာန်တွေ အသက်အန္တရာယ်ရှိတယ် 🐄လမ်းဘေးမှာ စည်းမဲ့ကမ်းမဲ့ ပစ်ထားတဲ့ အစားအသောက်ကျန် စွန်းပေနေတဲ့ ပလတ်စတစ်အိတ်တွေကို ရွာက နွားတွေ၊ ဝက်တွေက အစားအစာထင်ပြီး စားမိတဲ့အခါ အူပိတ်ပြီး သေဆုံးတတ်သဖြင့် မိမိတို့ရဲ့ အဖိုးတန် အိမ်မွေးတိရစ္ဆာန်များကို ထိခိုက်စေပါတယ်။“အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် မိသားစုကျန်းမာရေးနှင့် ရပ်ရွာကို ကာကွယ်ပါ”

အပေါ်ကရလာတဲ့ Output ကို Gemini/ Chat GPT/ Canva AI အသုံးပြုပြီး အောက်ပါအတိုင်း ပညာပေးလက်ကမ်းစာစောင်တစ်ခုဖန်တီးနိုင်ပါတယ်။

၅။ Basic Prompting For Training and Facilitation

၅.၁ သင်တန်းပို့ချချက်များ နဲ့ Lesson Plans ပြင်ဆင်ခြင်းအတွက် Prompt ပေးခြင်း 

📝 နမူနာ Prompt

*”Act as an expert curriculum designer and environmental educator. Please develop a detailed, structured 2-Hour Lesson Plan in Myanmar language for a community training session titled ‘ရပ်ရွာလူထုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျှော့ချရေး သင်တန်း’.The output must include three distinct sections:Learning Objectives (သင်ယူမှု ရည်မှန်းချက်များ): Define 3 actionable objectives based on Bloom’s Taxonomy.Time Breakdown (မိနစ်အလိုက် အစီအစဉ်ခွဲခြင်း): Break down the 120 minutes into clear sections (Introduction, Lecture, Activity, Q&A/Wrap-up) with precise minutes.Handout Content (လက်ကမ်းစာစောင် အနှစ်ချုပ်): Provide a brief, bullet-pointed guide that can be printed and distributed to the participants.”*

📝 နမူနာ Output

၁။ သင်ယူမှု ရည်မှန်းချက်များ (Learning Objectives)ဤသင်တန်း ပြီးဆုံးသွားသည့်အခါ သင်တန်းသားများသည် -ပလတ်စတစ်အမှိုက်များကြောင့် မိမိတို့ရပ်ရွာနှင့် ကျန်းမာရေးအပေါ် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ရှင်းလင်းစွာ သိရှိနားလည်သွားမည်။နေ့စဉ်လူနေမှုဘဝတွင် အမှိုက်ကို မီးမရှို့ဘဲ စနစ်တကျ ခွဲခြားစွန့်ပစ်သည့် နည်းလမ်းများကို လက်တွေ့အသုံးချနိုင်သွားမည်။မိမိတို့အိမ်ထောင်စုအတွင်း တစ်ခါသုံးပလတ်စတစ် လျှော့ချရေးလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်၍ ပါဝင်လုပ်ဆောင်လာနိုင်မည်။

၆။ Basic Prompting For Problem Solving

၆.၁။ ပြဿနာရပ်များကို ရှာဖွေဖော်ထုတ်ခြင်း အတွက် Prompt ပေးခြင်း

✅အကြံပြချက်များကို အနှစ်ချုပ်ခြင်း (Data Synthesis): ဒေသခံတွေ ပြောပြထားတဲ့ အခက်အခဲ စာသားတွေကို (လူပုဂ္ဂိုလ်အမည်တွေ ဖျက်ပြီး) AI ထဲ ကူးထည့်ပေးလိုက်ပါ။ ပြီးရင် “ဒီစာသားတွေထဲကနေ ရပ်ကွက်သားတွေ အဓိက ရင်ဆိုင်နေရတဲ့ ဘုံပြဿနာ (၃) ခုကို ဇယားနဲ့ ထုတ်ပေးပါ” လို့ ခိုင်းလိုက်ရုံပါပဲ။

✅အဓိကပြဿနာကို ပေါ်လွင်စေခြင်း: AI က ရာနဲ့ချီတဲ့ တုံ့ပြန်ချက်တွေကို စက္ကန့်ပိုင်းအတွင်း ဖတ်ရှုပြီး ရေပြတ်လပ်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဒါမှမဟုတ် လူငယ်တွေကြား မူးယစ်ဆေးဝါးပြဿနာ စသဖြင့် ဒေသခံတွေ အစိုးရိမ်ဆုံးဖြစ်နေတဲ့ အဓိက အချက်အချာ ပြဿနာရပ်တွေကို တိတိကျကျ ဖော်ထုတ်ပြသပေးမှာ ဖြစ်ပါတယ်။

📝 နမူနာ Prompt

Act as a professional data analyst specializing in community development. I am going to provide you with raw text feedback from various local residents regarding their neighborhood issues. 
Please analyze this text, synthesis the data, and generate a structured output in Myanmar language that includes:1. A clear table showing the Top 3 Core Problems (ဘုံပြဿနာ ၃ ခု), their frequency/impact level, and a brief description.2. A summary pinpointing the single most critical issue that the village leaders should prioritize immediately.Here is the raw feedback from residents (Anonymous):- “မိုးနည်းနည်းရွာတာနဲ့ ရွာလယ်လမ်းက ရွှံ့ဗွက်တွေဖြစ်ပြီး သွားလို့မရတော့ဘူး။ ကျောင်းသားတွေလည်း ကျောင်းသွားရတာ ဒုက္ခရောက်တယ်။”- “ညဘက်ဆို လမ်းမီးကမရှိတော့ ကောင်လေးတွေ လမ်းထိပ်မှာ စုပြီး ဆေးလိပ်သောက်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာတွေ တွေ့ရလို့ သမီးပျိုလေးတွေရှိတဲ့အိမ်တွေ ညဘက်အပြင်မထွက်ရဲကြဘူး။ စိုးရိမ်ရတယ်။”- “အမှိုက်ကားက တစ်ပတ်မှတစ်ခါပဲလာတော့ မြောင်းထဲပဲ အမှိုက်တွေပစ်ချနေကြတယ်။ မိုးရွာရင် ရေမြောင်းပိတ်ပြီး လမ်းပေါ် ရေလျှံတာ အဲဒါကြောင့်။”- “ရွာလယ်လမ်းမကြီးက ဗွက်ထနေတာ နှစ်ချီနေပြီ။ ဘယ်သူမှ လာမပြင်ပေးဘူး။ သက်ကြီးရွယ်အိုတွေ ချော်လဲမှာ ကြောက်ရတယ်။”- “လမ်းထိပ်မှာ မီးတိုင်တွေမရှိတော့ မှောင်ရိပ်ခိုပြီး မကောင်းတာလုပ်တဲ့သူတွေ များလာတယ်။ လူငယ်တွေ လမ်းမှားရောက်ကုန်မှာ စိုးရိမ်တယ်။”

📝 နမူနာ Output

၁။ ဒေသခံများ ရင်ဆိုင်နေရသည့် ဘုံပြဿနာ (၃) ခု ဇယားဘုံပြဿနာ (Core Problem)ထိခိုက်မှုအဆင့် (Impact)ပြဿနာအကျဉ်းချုပ် (Description)၁။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ
(ရွာလယ်လမ်း ပျက်စီးခြင်း)အလွန်မြင့်မား (High)မိုးရွာသွန်းပါက ရွာလယ်လမ်းမကြီးတွင် ရွှံ့ဗွက်များဖြစ်ပေါ်ကာ ကျောင်းသားများနှင့် သက်ကြီးရွယ်အိုများ သွားလာရေး ပြင်းထန်စွာ ထိခိုက်နေခြင်း။၂။ ရပ်ရွာလုံခြုံရေးနှင့် လူငယ်ကဏ္ဍ
(လမ်းမီးမရှိခြင်းနှင့် မူးယစ်ဆေးဝါး)မြင့်မား (High)ညဘက်တွင် လမ်းမီးမရှိသဖြင့် မှောင်ရိပ်ခိုကာ လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်လာခြင်း၊ ရပ်ရွာအတွင်း ခိုးဆိုးလုနှိုက်နှင့် အမျိုးသမီးများအတွက် လုံခြုံမှုမရှိတော့ခြင်း။၃။ ပတ်ဝန်းကျင်သန့်ရှင်းရေး အားနည်းခြင်း
(အမှိုက်စနစ်နှင့် ရေမြောင်းပိတ်ခြင်း)အလယ်အလတ် (Medium)အမှိုက်သိမ်းစနစ် ပုံမှန်မရှိသဖြင့် ရေမြောင်းများအတွင်း အမှိုက်ပစ်ချကြရာမှ မိုးရာသီတွင် လမ်းပေါ်ရေလျှံမှု ပြဿနာကို ပိုမိုဆိုးရွားစေခြင်း။
၂။ အဓိကပြဿနာကို ပေါ်လွင်စေခြင်း (Priority for Leaders)ချက်ချင်းအကောင်အထည်ဖော်ရန် အကြံပြုချက် (Key Takeaway): ဒေတာအချက်အလက်များအရ “ရွာလယ်လမ်းမကြီး ပျက်စီးခြင်း” နှင့် “ညဘက် လမ်းမီးမရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေး/မူးယစ်ဆေးဝါးပြဿနာ” သည် ဒေသခံများ အစိုးရိမ်ဆုံးနှင့် ချက်ချင်းဖြေရှင်းပေးရန် အလိုလားဆုံး အချက်အချာပြဿနာရပ် ဖြစ်နေပါသည်။သို့ဖြစ်ပါ၍ ရပ်ရွာလူကြီးများနှင့် ဌာနဆိုင်ရာများ အနေဖြင့် ရန်ပုံငွေကို အခြားနေရာတွင် မသုံးစွဲသေးဘဲ လမ်းခင်းခြင်းနှင့် လမ်းမီးတိုင်များ အမြန်ဆုံးတပ်ဆင်ခြင်း လုပ်ငန်းစဉ် (၂) ခုကို အရေးကြီးဆုံး ဦးစားပေး (Top Priority) အဖြစ် သတ်မှတ်၍ စီမံချက်ချမှတ် ဆောင်ရွက်သင့်ပါသည်။
၂။ မိနစ်အလိုက် အစီအစဉ်ခွဲခြင်း (Time Breakdown)ကြာချိန် (Time)သင်ခန်းစာခေါင်းစဉ် (Topic)သင်ကြားနည်းစနစ် (Methodology)00:00 – 00:15
(၁၅ မိနစ်)မိတ်ဆက်နှင့် ရေခဲခွဲခြင်း (Ice Breaking)
– သင်တန်းရည်ရွယ်ချက် ရှင်းပြခြင်း။
– “တို့အိမ်မှာ တစ်နေ့ ပလတ်စတစ် ဘယ်နှအိတ်ထွက်လဲ” အပြန်အလှန်မေးမြန်းခြင်း။အပြန်အလှန် ဆွေးနွေးခြင်း
(Interactive Discussion)00:15 – 00:45
(မိနစ် ၃၀)သဘာဝပတ်ဝန်းကျင်နှင့် ပလတ်စတစ်အန္တရာယ်
– ပလတ်စတစ် မီးရှို့ခြင်း၏ အဆိပ်ငွေ့အန္တရာယ်။
– မြေဆီလွှာနှင့် ရေမြောင်းများ ပိတ်ဆို့မှု ဆိုးကျိုးများ။ပို့ချခြင်း (Lecture) နှင့်
ရုပ်ပုံများပြသခြင်း00:45 – 01:30
(၄၅ မိနစ်)လက်တွေ့လုပ်ငန်း – 3R စနစ်နှင့် အမှိုက်ခွဲခြားနည်း- Reduce (လျှော့သုံး)၊ Reuse (ပြန်သုံး)၊ Recycle (အသွင်ပြောင်း)။- အမှိုက်အတုများကို ပုံး ၃ ပုံးထဲသို့ စနစ်တကျ ခွဲပစ်ခြင်း လက်တွေ့လေ့ကျင့်ခန်း။အုပ်စုဖွဲ့ လက်တွေ့လုပ်ဆောင်ခြင်း
(Group Hands-on Activity)01:30 – 01:45
(၁၅ မိနစ်)ရပ်ရွာအဆင့် အကောင်အထည်ဖော်မည့် ကတိကဝတ်- အိမ်ထောင်စုအလိုက် အမှိုက်ပုံးသီးသန့်ထားရှိရန် တိုင်ပင်ခြင်း။ (Brainstorming)01:45 – 02:00
(၁၅ မိနစ်)အမေးအဖြေနှင့် သင်တန်းပိတ်ခြင်း (Wrap-up & Q&A)- သံသယများ ဖြေရှင်းပေးခြင်းနှင့် Handout ပေးဝေခြင်း။အမေးအဖြေ (Q&A Session)

၆.၂။ ပြဿနာကိုဆန်းစစ်ခြင်း အတွက် Prompt ပေးခြင်း

✅ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ ရှာဖွေခြင်း: AI ဆီမှာ ရပ်ရွာပြဿနာတစ်ခုကို ပြောပြပြီး ဘာကြောင့် ဖြစ်နိုင်လဲဆိုတဲ့ အချက်တွေကို မေးမြန်းနိုင်ပါတယ်။ ဥပမာ – “ကျေးရွာမှာ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တဲ့ ပြဿနာ ရှိနေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို လူမှုရေး၊ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ရှုထောင့်တွေကနေ ခွဲခြမ်းစိတ်ဖြာပြပါ” ဆိုတာမျိုးပေါ့။

✅ဘက်စုံတွေးတောပေးခြင်း: AI က ကျွန်တော်တို့ ကိုယ်တိုင်စဉ်းစားရင် သတိမထားမိနိုင်တဲ့ အချက်တွေဖြစ်တဲ့ (ဥပမာ – အမှိုက်ပုံး မလောက်ငတာကြောင့်လား၊ ပြည်သူတွေ အသိပညာနည်းလို့လား၊ ဒါမှမဟုတ် အမှိုက်သိမ်းစနစ် မမှန်လို့လား) စတဲ့ နောက်ကွယ်က ပတ်သက်ဆက်နွှယ်နေတဲ့ အချက်အလက် (Contributing factors) တွေကို ဘက်စုံ၊ ထောင့်စုံကနေ အမြင်ကျယ်ကျယ် ချပြပေးမှာ ဖြစ်ပါတယ်။

📝 နမူနာ Prompt

Act as a senior community development strategist and sociologist. Our village is facing a major issue: “Residents are not disposing of waste systematically and are littering everywhere.” Please analyze the potential root causes (ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ) and contributing factors behind this issue. Break down your analysis in Myanmar language into 3 specific perspectives:1. Social & Behavioral Perspective (လူမှုရေးနှင့် လူထုအလေ့အကျင့် ရှုထောင့်)2. Economic Perspective (စီးပွားရေးနှင့် ရန်ပုံငွေ ရှုထောင့်)3. Infrastructure Perspective (အခြေခံအဆောက်အအုံ ရှုထောင့်)Format the output clearly using bold keywords and concise bullet points.

📝 နမူနာ Output

🔍 ကျေးရွာအတွင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း ပြဿနာ၏ ဇစ်မြစ်ကို ခွဲခြမ်း စိတ်ဖြာခြင်းကျေးရွာအတွင်း အမှိုက်များကို စနစ်တကျ မစွန့်ပစ်သည့် ပြဿနာသည် ပြည်သူများ၏ ပေါ့ဆမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ နောက်ကွယ်တွင် ပတ်သက်ဆက်နွှယ်နေသည့် အကြောင်းအရင်းများစွာ ရှိနေပါသည်။ ယင်းကို ရှုထောင့် (၃) ခုမှနေ၍ အောက်ပါအတိုင်း ဘက်စုံခွဲခြမ်းစိတ်ဖြာ တင်ပြအပ်ပါသည် –၁။ လူမှုရေးနှင့် လူထုအလေ့အကျင့် ရှုထောင့် (Social & Behavioral Perspective)ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ (Awareness) အားနည်းခြင်း: ပလတ်စတစ်အမှိုက်များကြောင့် ရေရှည်တွင် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုးကျိုး (ဥပမာ – မီးရှို့ပါက ကင်ဆာဖြစ်စေနိုင်ခြင်း) ကို ဒေသခံများ အပြည့်အဝ သဘောမပေါက်ကြသေးခြင်း။စုပေါင်းတာဝန်ယူလိုစိတ် (Civic Duty) နည်းပါးခြင်း: “မိမိအိမ်သန့်ရှင်းလျှင် ပြီးရော” ဟူသော အတွေးအခေါ်ကြောင့် လမ်းဘေး သို့မဟုတ် အများပိုင်မြေနေရာများတွင် အမှိုက်ပစ်ရန် ဝန်မလေးကြခြင်း။အချင်းချင်း စောင့်ကြည့်ထိန်းသိမ်းမှု မရှိခြင်း: စည်းမဲ့ကမ်းမဲ့ ပစ်သူများကို တွေ့ရှိပါကလည်း အားနာမှုကြောင့် သော်လည်းကောင်း၊ ရပ်ရွာစည်းကမ်း တိတိကျကျ မရှိခြင်းကြောင့် သော်လည်းကောင်း ဝိုင်းဝန်းတားဆီးရန် တုံ့ဆိုင်းနေကြခြင်း။၂။ စီးပွားရေးနှင့် ရန်ပုံငွေ ရှုထောင့် (Economic Perspective)တစ်ကိုယ်ရေသုံး ပစ္စည်းများ ပြောင်းလဲလာခြင်း: ယခင်က သဘာဝပစ္စည်းများ (ဖက်စက္ကူ၊ အုန်းမှုတ်ခွက်) သုံးရာမှ ယခုအခါ ဈေးနှုန်းအလွန်ချိုသာသော “တစ်ခါသုံး ပလတ်စတစ်များ” ကို စီးပွားရေးအရ အလွယ်တကူ အစားထိုးသုံးစွဲလာကြခြင်း။အမှိုက်သိမ်းခပေးရန် ဝန်လေးခြင်း: အိမ်ထောင်စုအချို့တွင် အမှိုက်သိမ်းခ (လစဉ်ကြေး) ပေးဆောင်ရန် စီးပွားရေးအဆင်မပြေမှုကြောင့် အမှိုက်ကားတွင် မထည့်ဘဲ ချောင်းမြောင်းစွန့်ပစ်ခြင်း။ရပ်ရွာရန်ပုံငွေ ကန့်သတ်ချက်: ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင် အမှိုက်ပုံးအလုံးရေအလုံအလောက် ဝယ်ယူရန် သို့မဟုတ် အမှိုက်သိမ်းသမားများကို ပုံမှန်လစာပေးရန် သီးသန့်ဘတ်ဂျက် မရှိခြင်း။၃။ အခြေခံအဆောက်အအုံ ရှုထောင့် (Infrastructure Perspective)အမှိုက်ပုံး မလောက်ငခြင်းနှင့် တည်နေရာ အခက်အခဲ: အများပြည်သူ သွားလာရာ လမ်းမကြီးများ သို့မဟုတ် ဈေးအနီးတွင် စနစ်ကျသော အမှိုက်ပုံးကြီးများ လုံးဝမရှိခြင်း သို့မဟုတ် အလွန်ဝေးလံသော နေရာတွင် ရှိနေခြင်း။အမှိုက်သိမ်းစနစ် ပုံမှန်မရှိခြင်း (Inconsistency): အမှိုက်ကား သို့မဟုတ် အမှိုက်လှည်းသည် ရက်မှန်၊ အချိန်မှန် လာရောက်သိမ်းဆည်းခြင်း မရှိဘဲ ရက်သတ္တပတ် အကြာကြီး ပစ်ထားတတ်သဖြင့် အိမ်၌ အမှိုက်များ ပုပ်ပွလာကာ လမ်းပေါ်သို့ စွန့်ပစ်မိကြခြင်း။နောက်ဆုံးစွန့်ပစ်မည့် မြေနေရာ (Landfill) မရှိခြင်း: ရွာတွင် ခွဲခြားစွန့်ပစ်မည့် စနစ်တကျ အမှိုက်ကွင်း မရှိသဖြင့် ရေမြောင်းများ သို့မဟုတ် မြစ်ချောင်းများထဲသို့သာ စီးဆင်းသွားစေရန် လမ်းဖွင့်ပေးထားသလို ဖြစ်နေခြင်း။

၆.၃။ ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို ထုတ်ပေးခြင်းအတွက်  Prompt ပေးခြင်း

✅အရင်းအမြစ်အလိုက် နည်းလမ်းများ တောင်းခြင်း: ဥပမာ – “ရပ်ရွာမှာ ရေရှားပါးတဲ့ ပြဿနာအတွက် ရန်ပုံငွေ အနည်းဆုံးနဲ့ လက်တွေ့လုပ်လို့ရမယ့် နည်းလမ်း (၅) ခု အကြံပြုပါ။ အဲဒီထဲမှာ လူထုကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်တဲ့ စနစ်မျိုး ပါဝင်ပါစေ” လို့ AI ကို အတိအကျ ခိုင်းစေနိုင်ပါတယ်။

✅ကမ္ဘာ့အဆင့်မီ စံနမူနာကောင်းများ (Best Practices) ရယူခြင်း: အလားတူ ပြဿနာမျိုး ကြုံတွေ့ခဲ့ရတဲ့ တခြားနိုင်ငံတွေ၊ တခြားဒေသတွေက ရပ်ရွာတွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့ အောင်အောင်မြင်မြင် ဖြေရှင်းခဲ့ကြသလဲဆိုတဲ့ စံနမူနာကောင်းတွေကို AI ဆီကနေ အလွယ်တကူ သုတေသနပြု ရယူနိုင်ပြီး မိမိတို့ဒေသနဲ့ ကိုက်ညီအောင် ဆီလျော်အောင် ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

📝 နမူနာ Prompt

Act as an innovative community development specialist. Our village is facing a severe seasonal water scarcity issue (နွေရာသီ ရေရှားပါးသည့် ပြဿနာ). Please provide a strategic solution guide in Myanmar language that includes:1. Low-Budget, Practical Solutions (ရန်ပုံငွေ အနည်းဆုံးဖြင့် လက်တွေ့လုပ်နိုင်မည့် နည်းလမ်း ၄ ခု) that actively involve community participation.2. Global Best Practices (ကမ္ဘာ့အဆင့်မီ စံနမူနာကောင်းများ): Give 2 real-world examples of how other water-scarce communities or developing countries solved this effectively, and explain how our village can adapt it.Format it beautifully with clear headings, bullet points, and action steps.

📝 နမူနာ Output

💧ရပ်ရွာရေရှားပါးမှုပြဿနာအတွက် ရန်ပုံငွေအနည်းဆုံးနှင့် ဆန်းသစ်သော ဖြေရှင်းနည်းများနွေရာသီ ရေရှားပါးမှု ပြဿနာကို ဘတ်ဂျက်အမြောက်အမြား အကုန်အကျမခံဘဲ၊ လူထုခွန်အားကို အခြေခံ၍ ရေရှည်တည်တံ့အောင် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ကမ္ဘာ့စံနမူနာကောင်းများကို အောက်ပါအတိုင်း တင်ပြအပ်ပါသည် -၁။ ရန်ပုံငွေ အနည်းဆုံးဖြင့် လက်တွေ့လုပ်နိုင်မည့် နည်းလမ်း (၄) ခု(၁) အိမ်ထောင်စုအလိုက် မိုးရေစုဆောင်းခြင်း စနစ် (Household Rainwater Harvesting):လုပ်ဆောင်ပုံ: မိုးရာသီတွင် အိမ်ခမောက်၊ သွပ်မိုးများမှ ကျလာသော မိုးရေကို ရေတံလျှောက်များမှတဆင့် အိမ်သုံး ရေကန်၊ ရေစည်ကြီးများထဲသို့ စနစ်တကျ စုဆောင်းသိမ်းဆည်းသည့် စနစ်ဖြစ်သည်။လူထုပါဝင်မှု: ဒေသခံများက မိမိတို့အိမ်ရှိ အိုး၊ စည်၊ ကန်များကို သန့်ရှင်းစွာ ကြိုတင်ပြင်ဆင်ထားပြီး ရေတံလျှောက်တပ်ဆင်ခြင်းကို ကိုယ်တိုင်လုပ်ဆောင်ကြရမည်။(၂) ရေတွင်း/ရေကန်ဟောင်းများ ပြန်လည်ဆန်းသစ်ခြင်း (Community Well Revival):လုပ်ဆောင်ပုံ: ရွာရှိ သုံးမရတော့ဘဲ ပစ်ထားသော တွင်းဟောင်းများ၊ ရေကန်ဟောင်းများကို နုန်းမြေများ ဆယ်ယူခြင်း၊ ပိုးသတ်ခြင်းနှင့် ရေဝင်မြောင်းများကို ပြန်လည်ရှင်းလင်းခြင်း ဖြစ်သည်။လူထုပါဝင်မှု: ရပ်ရွာလူငယ်များနှင့် စေတနာ့ဝန်ထမ်းများ စုပေါင်းကာ စနေ၊ တနင်္ဂနွေရက်များတွင် စုပေါင်းလုပ်အားဒါန (Community Shramadana) ဖြင့် ဆောင်ရွက်နိုင်သည်။(၃) သုံးပြီးရေကို အဆင့်ဆင့် ပြန်လည်အသုံးပြုခြင်း (Greywater Recycling for Agriculture):လုပ်ဆောင်ပုံ: အိမ်တွင်း ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်းမှ ထွက်လာသော ရေများကို ဒီဇိုင်းရိုးရှင်းသည့် သဲ၊ ကျောက်စရစ် ဇကာတိုင်များဖြင့် ဖြတ်သန်းစစ်ထုတ်ပြီး အိမ်နောက်ဖေး စိုက်ပျိုးရေးနှင့် တိရစ္ဆာန်ကျွေးမွေးရေးတွင် ပြန်သုံးခြင်းဖြစ်သည်။လူထုပါဝင်မှု: အိမ်ရှင်မများကို စနစ်တကျ ရေပြန်သုံးနည်း တိုတိုတုတ်တုတ် သင်တန်းပေးကာ နေအိမ်များ၌ လက်တွေ့ကျင့်သုံးစေခြင်း။(၄) ရေဝေရေလဲစနစ်နှင့် သစ်ပင်စိုက်ပျိုးခြင်း (Water Bunds & Tree Planting):လုပ်ဆောင်ပုံ: ရွာအနီးရှိ ကုန်းမြင့်ပိုင်းများတွင် မိုးရေများ အလွယ်တကူ စီးဆင်းမသွားဘဲ မြေအောက်သို့ စိမ့်ဝင်နိုင်ရန် မြေသားတံတိုင်းငယ် (Bunds) များ ပြုလုပ်ခြင်းနှင့် မြေအောက်ရေ ထိန်းပေးမည့် သစ်ပင်များ စုပေါင်းစိုက်ခြင်း ဖြစ်သည်။လူထုပါဝင်မှု: ရွာသူရွာသားများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် မြေသားတံတိုင်းငယ်များ တူးဆွခြင်း။၂။ ကမ္ဘာ့အဆင့်မီ စံနမူနာကောင်းများ (Global Best Practices)နမူနာ (၁)။ ။ အိန္ဒိယနိုင်ငံ၏ “ရေရရှိရေး ဖောင်ဒေးရှင်း” (Paani Foundation) မော်ဒယ်ဖြစ်စဉ်: အိန္ဒိယနိုင်ငံရှိ မိုးခေါင်ရေရှားသော ကျေးရွာများတွင် ရွာသူရွာသားများကို မြေအောက်ရေ ထိန်းသိမ်းနည်း သိပ္ပံပညာရပ်များကို ရိုးရှင်းစွာ သင်ကြားပေးခဲ့သည်။ ထို့နောက် ကျေးရွာအချင်းချင်း ဘယ်ရွာက ရေအများဆုံး စုဆောင်းနိုင်မလဲဆိုသည့် “ရေဖလား ပြိုင်ပွဲ” (Water Cup Competition) ကို ကျင်းပပေးခဲ့သည်။ရွာတွင် ပြန်လည်အသုံးချနိုင်ပုံ: ရပ်ကွက် သို့မဟုတ် လမ်းအလိုက် “အိမ်ထောင်စုအလိုက် ရေချွေတာရေးနှင့် မိုးရေစုဆောင်းရေး ပြိုင်ပွဲ” လှုံ့ဆော်မှုများ ပြုလုပ်ပြီး ရလဒ်ကောင်းသည့် လမ်း/အိမ်ထောင်စုကို ရပ်ရွာမှ ဆုမြှင့်ခြင်းဖြင့် လူထုကို ပျော်ပျော်ရွှင်ရွှင် တက်ကြွစွာ ပါဝင်လာစေနိုင်သည်။နမူနာ (၂)။ ။ ဂျော်ဒန်နိုင်ငံ၏ “ဗလီများနှင့် ဘာသာရေးအဆောက်အအုံများမှ ရေစုဆောင်းခြင်း” စနစ်ဖြစ်စဉ်: ကမ္ဘာ့ရေအရှားပါးဆုံး ဂျော်ဒန်နိုင်ငံတွင် ဘာသာရေး အဆောက်အအုံကြီးများ၏ ကြီးမားသော အမိုးအကာများမှ မိုးရေများကို အောက်ခြေရှိ မြေအောက်ကန်ကြီးများထဲသို့ ပိုက်လိုင်းများဖြင့် စုဆောင်းကာ တစ်ရွာလုံး ခွဲဝေသုံးစွဲခဲ့ကြသည်။ရွာတွင် ပြန်လည်အသုံးချနိုင်ပုံ: ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ သို့မဟုတ် စာသင်ကျောင်းများ ကဲ့သို့သော အမိုးအကာ အလွန်ကျယ်ဝန်းသည့် အများပိုင် အဆောက်အအုံများတွင် ရပ်ရွာရန်ပုံငွေ အနည်းငယ် သုံးစွဲ၍ မိုးရေစုကန်ကြီးများ တည်ဆောက်ပြီး နွေရာသီတွင် တစ်ရွာလုံး မျှဝေသုံးစွဲနိုင်သည်။

၆.၄။ လုပ်ငန်းအစီအစဉ် (Action Plans) များ ရေးဆွဲခြင်းအတွက်  Prompt ပေးခြင်း

✅မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ ချမှတ်ခြင်း: ဥပမာ – “ကျေးရွာ အမှိုက်စီမံခန့်ခွဲမှု ပရောဂျက်အတွက် (၃) လစာ လုပ်ငန်းအစီအစဉ် (Action Plan) တစ်ခုကို မြန်မာလို ရေးဆွဲပေးပါ။ အဲဒီထဲမှာ သီတင်းပတ်အလိုက် ဘာတွေလုပ်ရမလဲ၊ ဘယ်သူတွေ တာဝန်ယူရမလဲ၊ လိုအပ်တဲ့ ပစ္စည်းတွေက ဘာလဲဆိုတာကို ရှင်းလင်းတဲ့ ဇယားပုံစံနဲ့ ထုတ်ပေးပါ” လို့ ခိုင်းလို့ရပါတယ်။

✅စောင့်ကြည့်စစ်ဆေးမည့် စနစ် (Monitoring Indicators): ပရောဂျက်က တကယ်ပဲ အောင်မြင်နေရဲ့လားဆိုတာကို ဘယ်လို တိုင်းတာမလဲ (ဥပမာ – ပထမလမှာ အိမ်ထောင်စု ၅၀% အမှိုက်စနစ်တကျ စွန့်ပစ်လာရမယ် စသဖြင့်) ဆိုတဲ့ ဆန်းစစ်ချက် ကိန်းဂဏန်းညွှန်းကိန်း (KPIs) မူကြမ်းတွေကိုပါ AI အကူအညီနဲ့ ထည့်သွင်း ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

📝 နမူနာ Prompt

Act as a senior project management consultant for community development. Our village is launching a “3-Month Village Waste Management Project” (၃ လစာ ကျေးရွာအမှိုက်စီမံခန့်ခွဲမှု ပရောဂျက်).Please develop a detailed strategic guide in Myanmar language that includes:1. A 3-Month Action Plan (ဇယားကွက်ပုံစံ) divided into months: Month 1 (Preparation & Awareness), Month 2 (Implementation & Infrastructure), and Month 3 (Evaluation & Sustainability). For each month, specify the main activities, who is responsible, and required materials.2. Monitoring & Evaluation Indicators (စောင့်ကြည့်စစ်ဆေးမည့် စနစ် / Key Performance Indicators – KPIs) for each month to measure the project’s success.Keep the text sharp, scannable, and highly professional.

📝 နမူနာ Output

📅 ၃ လစာ ကျေးရွာအမှိုက်စီမံခန့်ခွဲမှု ပရောဂျက် အကောင်အထည်ဖော်မှု စီမံချက်မိမိတို့ကျေးရွာတွင် အမှိုက်စနစ်တကျ စွန့်ပစ်သည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရန်အတွက် ရေးဆွဲထားသော မဟာဗျူဟာမြောက် လုပ်ငန်းစဉ်နှင့် စောင့်ကြည့်စစ်ဆေးရေးစနစ် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –၁။ (၃) လစာ လုပ်ငန်းအစီအစဉ်ဇယား (Action Plan)ကာလ (Timeline)အဓိကလုပ်ငန်း စဉ်များ (Main Activities)တာဝန်ရှိသူ  (Responsibility)လိုအပ်မည့် ပစ္စည်းများ (Materials)ပထမလ (Month 1)
ပြင်ဆင်ခြင်းနှင့်အသိ ပညာပေးကာလ- စေတနာ့ဝန်ထမ်း ကော်မတီဖွဲ့စည်း ခြင်း။ဒေသခံများအား အသိပညာပေး သင်တန်းပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေခြင်း။ရွာတွင်း အမှိုက်ပုံးထားမည့် နေရာများ မြေပုံဆွဲခြင်း။ရပ်ရွာလူကြီးများ နှင့်သင်တန်းဆရာ/မများ- ပညာပေးလက်ကမ်းစာစောင်များ။အစည်းအဝေးခန်းမနှင့်အသံချဲ့စက်။ဒုတိယလ (Month 2)
လက်တွေ့စတင် အကောင်အထည်ဖော် ခြင်းကာလသတ်မှတ်ထား သော လမ်းဆုံများတွင် အမှိုက်ပုံးကြီးများ စနစ်တကျ ချထားခြင်း။အမှိုက်ကား/အမှိုက်လှည်းဖြင့် အပတ်စဉ် စနစ်တကျ လိုက်လံသိမ်း ဆည်းခြင်း။စည်းမဲ့ကမ်းမဲ့ မပစ်ရန် စောင့်ကြည့်စစ်ဆေးခြင်း။ရပ်ရွာလူငယ်အဖွဲ့ နှင့်အမှိုက်သိမ်းအဖွဲ့အမှိုက်ပုံးကြီးများ (အစိမ်း/အဝါ)။
အမှိုက်သိမ်းလှည်း/ကား။
လက်အိတ်နှင့် နှာခေါင်းစည်း။တတိယလ (Month 3)
ဆန်းစစ်ခြင်းနှင့်ရေရှည်တည်တံ့ရေး ကာလစည်းကမ်းလိုက်နာမှု အားနည်းသည့် အိမ်ထောင်စုများကို လိုက်လံ ကူညီ ခြင်း။အမှိုက်ခွဲခြား ရောင်းချရငွေဖြင့် ရပ်ရွာရန်ပုံငွေ ထူထောင်ခြင်း။ အကောင်းဆုံး လမ်း/အိမ်ထောင်စုကို ဆုချီးမြှင့်ခြင်း။ပရောဂျက်ကော် မတီ နှင့် ရပ်ရွာ အုပ်ချုပ်ရေးမှူးစာရင်းဇယားမှတ် တမ်းစာအုပ်။ဂုဏ်ပြုဆုတံဆိပ် များနှင့်ဆုပစ္စည်း များ။