MYEO-01

Definition of Facilitation & Qualities of A Facilitator

🧑‍💻ပံ့ပိုးကူညီခြင်း (Facilitation)ဆိုတာဘာလဲ။ ပံ့ပိုးကူညီခြင်း (Facilitation) ဆိုတာက ဆွေးနွေးပွဲ၊ သင်တန်းတွေနဲ့ လေ့လာသင်ယူခြင်းလုပ်ငန်းတွေမှာ ပါဝင်သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်ဖို့၊ လေ့လာသင်ယူမှုလွယ်ကူ အဆင်ပြေစေဖို့ထိရောက်သော နည်းလမ်းတွေသုံးပြီး ပံ့ပိုးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါ့ပြင် တစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းလုပ်ပိုင်ခွင့်တွေ ဖွံ့ဖြိုးလာစေဖို့အတွက်လည်း ကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင် တစ်ခု တည်ဆောက်ပြီး ပံ့ပိုးကူညီနိုင်ပါတယ်။ ပံ့ပိုးကူညီတဲ့အခါ ဆွေးနွေးသူအချင်းချင်းသော်လည်းကောင်း၊ ဆွေးနွေးသူတွေနဲ့ ပံ့ပိုးကူညီသူကြားမှာ သော်လည်းကောင်း မေးခွန်းတွေမေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ မိတ်ဆက်ခြင်းနှင့် ပါဝင်သူအားလုံး သင်ယူနိုင်ဖို့ ကူညီလမ်းညွှန်မှုတွေ ဆောင်ရွက်ကြပါတယ်။ ဒီလိုချောမွေ့တဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုဖြစ်ဖို့အတွက်ဆိုရင် ပံ့ပိုး ကူညီသူအခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ 👩‍🏫 How to be a good facilitator(ကောင်းမွန်သောကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ ဘာတွေလုပ်ဆောင် ရမလဲ) ကူညီပံ့ပိုးသူကောင်း […]

Definition of Facilitation & Qualities of A Facilitator Read More »

Types of Community Organizing

❓Community Organizing ပုံစံဘယ်နှစ်မျိုးရှိသလဲ။ Community organizing ကို ယေဘုယျအားဖြင့် – 🪙Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) ဆိုတာ အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်သူတွေအတွက် အခြေခံဝန်ဆောင်မှုတွေ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ဥပမာ (၁) လူငယ်အဖွဲ့အစည်းတစ်ခုက ဆယ်ကျော်သက်တွေအတွက် အပန်းဖြေလှုပ်ရှားမှုတွေကို ပံ့ပိုးပေးပြီး ကုန်ကျစရိတ်တွေ ကာမိစေဖို့ အသင်းဝင်ကြေးကောက်ခံတာမျိုးဖြစ်တယ်။ဥပမာ (၂) အရပ်ဘက်မှာ အတွေ့များတတ်တဲ့ ကလေးဂေဟာကို လှူဒါန်း‌တဲ့ အဖွဲ့အစည်းတွေလိုမျိုး၊ စစ်ဘေးရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ‌တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံမျိုးကို ခေါ်ပါတယ်။ 🗣️Education (ပညာပေးခြင်း) Education (ပညာပေးခြင်း) ဆိုတာ ထိခိုက်ခံစားရသူတွေက ပြဿနာကို ပိုမိုနားလည်စေနိုင်ဖို့ အဲဒီပြဿနာအကြောင်း သိအောင်လုပ်ပေးတာမျိုးဖြစ်တယ်။ ပြဿနာပြေလည်ဖို့လိုအပ်နေတဲ့ အကြောင်းအရာ

Types of Community Organizing Read More »

Gmail

Gmail Accတစ်ခုဘယ်လိုဖွင့်လို့ရသလဲဆိုတာကို infographicနဲ့ပြပေးချင်ပါတယ်။ Google Accountတစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်👇🏻Google Account(Gmail Account)တစ်ခုရှိတယ်ဆိုရင် ထပ်ဖွင့်စာမလိုဘဲ ရှိပြီးသားကို ဆက်သုံးလို့ရပါတယ် Gmail အသုံးပြုနည်းကို အောက်က ဗီဒီယိုတွေမှာလေ့လာနိုင်ပါတယ်👇🏻 Email တစ်စောင်ပို့တဲ့အခါ မဖြစ်မနေပါသင့်တဲ့ Email Signatureအကြောင်းကို အောက်က ဗီဒီယိုမှာလေ့လာကြည့်ရအောင် Gmail တစ်စောင်ကောင်းကောင်းရေးသားဖို့ လိုအပ်တဲ့နည်းလမ်းတွေကို အောက်က ဗီဒီယိုတွေမှာလေ့လာနိုင်ပါတယ်👇🏻 Google Account တစ်ခုကို ဖုန်းမှာ ဘယ်လို createလုပ်မလဲဆိုတာနဲ့ Gmail အသုံးပြုပုံ တွေကို အောက်က ဗီဒီယို နှစ်ခုနဲ့ လေ့လာကြည့်ကြရအောင်

Gmail Read More »

Facilitation Skill ဆိုတာ ဘာကိုပြောတာလဲ။

Facilitation ဆိုတာက လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေရဲ့ လေ့လာမှု နဲ့ သင်ယူမှုလုပ်ငန်းစဉ်တွေကို အလွယ်တကူ ပြီးမြောက်စေဖို့ ပံ့ပိုးကူညီပေးတာကို Facilitation Skill (ပံ့ပိုးကူညီပေးမှု စွမ်းရည်) လို့ ခေါ်ပါတယ်။ ဥပမာပေးရရင် Facilitation Skills က သင်္ဘောရဲ့ ရွက်လှေနဲ့ တူပါတယ်။ အဖွဲ့တစ်ခု ဆွေးနွေးတိုင်ပင်နေတဲ့ အချိန်ဖြစ်ဖြစ်၊ ကိစ္စတခုခုလုပ်နေတဲ့အချိန်ဖြစ်ဖြစ် ရည်မှန်းထားတဲ့ပန်းတိုင်ကို ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းအပေါ်ရောက်ရှိလာဖို့ တိကျမှန်ကန်မှုရှိစွာနဲ့ ထိန်းကျောင်းပေးတဲ့ အရာတစ်ခုပါပဲ။ ပံ့ပိုးကူညီမှု စွမ်းရည် ရှိလာအောင် ဘာတွေလုပ်ရမလဲ။ ၁။ ရည်မှန်းချက် ပန်းတိုင် ချမှတ်ပါ။၂။ တာဝန်များ ချမှတ်ပါ။၃။ အဖွဲ့ဝင် တစ်ယောက်ချင်းအပေါ် ပြောဆို ဆက်သွယ်ပါ။၄။ အပြုသဘောဆောင်တဲ့ အပြုအမူတွေကို အားပေးပါ။၅။ အကြံပြုချက်များကို မေးမြန်းပါ။ ၁။ ရည်မှန်းချက်

Facilitation Skill ဆိုတာ ဘာကိုပြောတာလဲ။ Read More »

Presentation Skills ကောင်းအောင် ဘာတွေလုပ်မလဲ။

Presentation ဆိုတာဘာလဲ။Presentation ဆိုတာ ကိုယ်မျှဝေချင်တဲ့အရာတွေကို တစ်ဖက်လူ နားလည် သဘောပေါက်အောင် ဆွေးနွေး တင်ပြခြင်းပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ Presentation Skills and Public Speaking ဟာ မရှိမဖြစ် လိုလာတာနဲ့ အတူ လူအများစုကလည်း Presentation လုပ်တယ်ဆိုတဲ့ စကာအသုံးအနှုန်းတွေက လူတိုင်းအတွက် ရင်းနှီးပြီးသားဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာဖြစ်စေ၊ ကျောင်းမှာ တင်ပြဆွေးနွေးမှုတွေ လုပ်ရတဲ့ အခါဖြစ်စေ presentation Skill က မရှိမဖြစ် လိုအပ်လာပါတယ်။ Presentation တင်ဆက်မှု ပုံစံအမျိုးမျိုးရှိပါတယ်။ အများကြီးရှိပေမယ့် အသုံးများတဲ့ (၄) မျိုးအကြောင်းကိုပြောပြချင်ပါတယ်။ 1. Informative Presentationsကိုယ်သိထားတာတင်မဟုတ်ဘဲ အချက်အလက်ပြည့်ပြည့်စုံစုံ၊ ခိုင်ခိုင်မာမာ နဲ့တင်ပြတာမျိုးဖြစ်ပါတယ်။ ဥပမာ. ကိုယ်က ဆေးပညာ၊

Presentation Skills ကောင်းအောင် ဘာတွေလုပ်မလဲ။ Read More »

Proposal Writingအကြောင်းလေ့လာရအောင်

Project Proposal ဆိုတာဘာလဲ။Project Proposal ဆိုတာကတော့ ကိုယ့်ရဲ့ projectကို တခြားသူတွေ သိရှိနားလည်လက်ခံလာအောင် လက်တွေ့ပြသနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Project proposalကို ကျွန်တော်တို့လုပ်မယ့် projectအတွက် လိုအပ်တဲ့ ငွေကြေးအကူအညီကို တောင်းဆိုတဲ့အနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။ အဲ့လိုတောင်းဆိုတဲ့အခါမှာ projectကို ဖြည့်စွက်စီမံဖို့ အချက်အလက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ Project proposalက မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Project Proposal တွေမှာ projectနဲ့ပတ်သက်တဲ့ အချက်အလက်မျိုးစုံ ပါဝင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ proposalကို နှစ်သက်လက်ခံသွားအောင် ဘာကြောင့် ရေးသင့်သလဲဆိုတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ အကယ်၍ grant supporter တွေက ကိုယ် တင်ပြလိုက်တဲ့ proposalအရ ကိုယ့်ရဲ့ projectကို ကြိုက်နှစ်သက်သွားပြီဆိုရင်တော့ ကိုယ့် Project

Proposal Writingအကြောင်းလေ့လာရအောင် Read More »

Content Writing အကြောင်းလေ့လာကြည့်ရအောင်

Content Writing ဆိုတာ ဘာလဲ။Content Writing ဆိုတာက ထင်သာမြင်သာရှိအောင် အကြောင်းအရာတစ်ခုကို ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ Content က ဘာကြောင့် ဖြစ်လာသလဲ။ကိုယ့်ရဲ့ စာဖတ်သူတွေဆီကို ကိုယ့်ရဲ့ ထင်မြင်ချက်နဲ့ ကိုယ့်ပြောပြချင်တဲ့ အကြောင်းအရာတွေကို ပေးပို့ချင်တဲ့အတွက် ဖြစ်ပါတယ်။ Content တစ်ခုစီရဲ့နောက်ကွယ်မှာ processဆိုတာရှိပါတယ်။ Content တစ်ခုရဲ့ နောက်ကွယ်က Process ဆိုတာ ဘာလဲ။ထင်သာမြင်သာရှိတဲ့ ဖြစ်စဉ်တစ်ခုကို‌ပြောတာဖြစ်ပါတယ်။ Processက ဘာလို့ဖြစ်လာတာလဲ။– ကိုယ်ရည်ရွယ်ထားတဲ့ အကြောင်းအရာတွေကို အောင်မြင်စွာ ပြီးမြောက်စေဖို့ လုပ်ငန်းတစ်ခုဖြစ်လို့ပါ။– ဖြစ်စဥ်တစ်ခု အောင်မြင်ထိရောက်ဖို့ Content တွေရဲ့ အကူညီများလဲ လိုအပ်ပါသေးတယ်။ Content တစ်ခုမှာ ဘာတွေ ပါရမလဲဆိုတာကို အောက်တွင် ဖော်ပြထားတဲ့ Infographic လေးနဲ့ ဗီဒီယိုလေးမှာ ကြည့်ပြီး လေ့လာလို့ရပါတယ်။

Content Writing အကြောင်းလေ့လာကြည့်ရအောင် Read More »

Viber ရဲ့ Privacy အကြောင်း

Viber က Social Media platformထဲက Online Communication App တစ်ခုဖြစ်ပါတယ်။ Viber ကိုအသုံးပြုတဲ့အခါ တစ်ဦးချင်းစီပို့တဲ့ One-on-One Chats တွေဖြစ်ဖြစ်၊ အဖွဲ့လိုက်စာပို့စနစ်ဖြစ်တဲ့ Group Chats တွေဖြစ်ဖြစ် ပေးပို့လာတဲ့ အကြောင်းအရာတွေကို စာပို့သူနဲ့ စာလက်ခံရရှိသူကပဲဖတ်ရှုနိုင်တာက Viberမှာ End-to-End Encryption ပါလို့ပဲဖြစ်ပါတယ်။ Viber မှာရှိတဲ့ Privacy စနစ်တွေကို ဘယ်လို ထားမလဲ။ ❓ (၁) Chatting ကို လုံခြုံမှု ရှိမရှိ စစ်ဆေးပါ။✉စကားစပြောတဲ့အခါ Conversation က လုံခြုံမှုရှိမရှိ၊ Encrypted ဖြစ်မဖြစ်ကိုChat Info & Settings ကနေ စစ်လို့ရပါတယ်။ သော့ပုံလေးနဲ End-to-end encrypted လို့ပေါ်နေရင် စိတ်ချလက်ချ

Viber ရဲ့ Privacy အကြောင်း Read More »

Password Security အကြောင်း

ကိုယ့်ရဲ့ password ကို MgMg123 ဆိုပြီး အလွယ်ထားတုန်းပဲလား။ ကိုယ့်ဖုန်းနဲ့ ကိုယ်သုံးနေတဲ့ အွန်လိုင်း App တွေရဲ့ privacy settings တွေကို သတိထားပြီး ကြည့်ဖြစ်လား။ လျှို့ဝှက်ကုဒ်တွေက နေ့စဥ် လုပ်ငန်းဆောင်ရွက်မှု တွေအတွက် အရေးပါဆုံး ဖြစ်ပါတယ်။ ကွန်ပျူတာကို Login ဝင်ရောက်ရန်၊ Social Media တွေထဲ Login ဝင်ရောက်တာတွေ၊ Banking အကောင့်တွေထဲ ဝင်ရောက်ဖို့ အတွက်လျှို့ဝှက်ကုဒ်က မရှိမဖြစ် လိုအပ်ပါတယ်။ Password လုံခြုံရေးအတွက် ရှောင်ရန်အချက်များ လျှို့ဝှက် နံပါတ်တွေကို ဘယ်လို လုံခြုံအောင်ထားမလဲ။ ခိုင်မာတဲ့ လျှို့ဝှက်နံပါတ် တစ်ခု ဘယ်လို ဖန်တီးမလဲ။ Password Sample တစ်ခုကို ကြည့်ကြည့်လိုက်ပါ။ Password Security အကြောင်းကို

Password Security အကြောင်း Read More »

Online Meeting Security Tips

ကိုဗစ်ကပ်ရောဂါက အချိန်ကြာကြာဖြစ်လာတာနဲ့အမျှ remote working လို့ခေါ်တဲ့ အိမ်ကနေအလုပ်လုပ်ခြင်းကို ပိုပြီးလုပ်ဆောင်လာကြရပါတယ်။ Remote working ပိုပိုပြီးလုပ်လာတာနဲ့အမျှ အွန်လိုင်းမီတင်တွေကလဲ မလွဲ မသွေ ကြုံတွေ့ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းမီတင်များ ပြုလုပ်သောအခါ လိုက်နာသင့်သည့် အချက်များ

Online Meeting Security Tips Read More »