MYEO-01

Empower Youth and Team

လူငယ်စွမ်းအားမြင့်တင်ရေး (Youth Empowerment) ဆိုတာဘာလဲ။ လူငယ်စွမ်းအားမြင့်တင်ရေးဆိုတာက လူငယ်တွေက သူတို့ရဲ့ ဘဝတာဝန်တွေကို ကိုယ်တိုင် တာဝန်ယူတတ်စေဖို့ တွန်းအားပေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့ ဘဝအခြေအနေကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး သူတို့မှာရှိတဲ့ အရည်အချင်း၊ အရင်းမြစ်တွေကို အသုံးပြုပြီး တစ်ခုခုလုပ်ဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့ ယုံကြည်ချက်၊ သဘောထား၊ တန်ဖိုးထားမှုတွေကို အခြေခံပြီး ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲဖို့ လူငယ်စွမ်းအားမြှင့်တင်ရေးကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။ လူငယ်စွမ်းအားမြင့်တင်ရေးက ဘာကြောင့်အရေးပါတာလဲ။  (Purpose of Youth Empowerment)  လူငယ်စွမ်းအားမြင့်တင်ရေးက ကောင်းမွန်တဲ့ လူနေမှုဘဝကို မြင့်တင်ဖို့အတွက် ရည်ရွယ်ပါတယ်။ လူငယ်စွမ်းရည် မြင့်တင်ရေးလုပ်ဆောင်တဲ့ ပရိုဂရမ်တွေမှာ တောက်လျှောက် ပါဝင်စေခြင်းက လူငယ်စွမ်းရည်မြင့်တင်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ လူငယ်စွမ်းရည်မြှင့်တင်ရေးလှုပ်ရှားမှု ( Youth Empowerment Movement) စွမ်းရည်မြင့်တင်မှုဆိုင်ရာ […]

Empower Youth and Team Read More »

Team Building

အဖွဲ့တည်ဆောက်ခြင်း(Team Building) ဆိုတာဘာလဲ။ Team Building သည် အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရသော ဖြစ်စဉ်ဖြစ်ပြီး အဖွဲ့(ဥပမာ သင်ရိုးရေးဆွဲရေးအဖွဲ့၊ အကဲဖြတ်အဖွဲ့) ၏ လုပ်ငန်းများ ထိရောက် အောင်မြင်စေရန် ကူညီပံ့ပေးဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အဖွဲ့၏ ဘုံရည်မှန်းချက်များ (common goals) အောင်မြင်ရန် အဖွဲ့ဝင်များ အားလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဖွဲ့တည်ဆောက်ခြင်းတွင် သက်ရှိသက်မဲ့ အရင်းမြစ်များနှင့် အချက်အလက်များ သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး ဒါ့အပြင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို အုပ်စုအတွင်း မျှဝေခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ပြီး ပံ့ပိုးကူညီမှုရှိခြင်း အပြင် တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုကိုလည်း လေးစားမှုရှိရပါမယ်။ Richard Hackmanရဲ့ အဆိုအရ စွမ်းဆောင်ရည်မြင့်မားတဲ့ အသင်းအဖွဲ့တစ်ခုက

Team Building Read More »

Youth Capacity Building

What is Capacity? (စွမ်းဆောင်နိုင်စွမ်း ဆိုတာဘာလဲ။)  Oxford dictionary၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ Capacity စွမ်းဆောင်နိုင်စွမ်းဆိုတာကတော့ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု၏ လုပ်ဆောင်နိုင်သော စွမ်းရည်ပမာဏကို ဆိုလိုတာ ဖြစ်ပါတယ်။ Capacity Building စွမ်းရည်တည်ဆောက်ခြင်းဟာ အလိုအလျောက်ဖြစ်တည်လာခြင်းမဟုတ်ပါ။ စိတ်ဆန္ဒထက်သန်မှု၊ အားစိုက်ထုတ်မှု၊ အစပျိုးမှု နှင့် ဦးဆောင်မှု တို့အပေါ် အခြေခံ၍ ပျိုးထောင်ရမှာမျိုး ဖြစ်ပါတယ်။ Capacity Building (လူငယ်စွမ်းရည်တည်ဆောက်ခြင်း) ဆိုတာ ဘာလဲ။  Capacity Building ဆိုတာကတော့ Capacity Development စွမ်းရည်မြှင့်တင်ခြင်းနှင့် သဘောတရားတူပါတယ်။ Capacity Building ရဲ့ အဓိကအနှစ်သာရမှာ လူသားတွေရဲ့စွမ်းဆောင်ရည်တိုးတက်ရေးကို နှောင့်နှေးစေတဲ့ အခက်အခဲ အတားအဆီးများကို သဘောပေါက်နားလည်လာစေရန်နှင့် ၎င်း အခက်အခဲများကို ကျော်လွန်ရန်

Youth Capacity Building Read More »

Communication Skills

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က အခြားသူ နဲ့ မိမိကြား ဆက်သွယ်ပြောဆိုရာမှာ တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ချိတ်ဆက် ပြောဆိုမှုမှာ အဓိက ပါဝင်တဲ့ အရာတွေကတော့ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တို့ ပါဝင်ပါတယ်။ 💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ စာသင်ကျောင်းမှာဖြစ်စေ လူအများနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်မှာရှိတဲ့ လူသားတွေက မက်ဆေ့ချ်တွေကို ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ 💠Types of Communication

Communication Skills Read More »

Community Building (လူမှုအသိုင်းဝိုင်းတစ်ခု တည်ဆောက်ခြင်း)

လူမှုအသိုင်းဝိုင်းဆိုတာ ဘာလဲ။ ( What is community?) ✨လူမှုအသိုင်းဝိုင်းတစ်ခုဆိုတာဟာ ဘုံစိတ်ဝင်စားမှု၊ ဘုံပန်းတိုင် နဲ့ အတွေ့အကြုံတွေကို လူအများက မျှဝေကြတဲ့ အွန်လိုင်း (Virtual) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) သို့မဟုတ် နေရာနှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ အချင်းချင်း အပြန်အလှန် မျှဝေဖို့၊ ချိတ်ဆက်ဖို့၊ ဖလှယ်ဖို့နဲ့ တူညီတဲ့ပန်းတိုင်တွေဆီရောက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေ ကြောင့် လူမှုအသိုင်းဝိုင်းတွေက တည်ရှိနေကြတာဖြစ်ပါတယ်။ လူမှုအသိုင်းဝိုင်း တည်ဆောက်ခြင်းဆိုတာ ဘာလဲ ။ အမြစ်တွယ်နေတဲ့ မညီမျှမှုတွေနဲ့ အားနည်းချက်ပုံစံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေရတာကြောင့် လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းက အချိန်တိုအတွင်း ပြီးမြောက်နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခု တော့ မဟုတ်ခဲ့ပါဘူး။ ပါဝင် ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်းအပေါ် မူတည်ပြီး မြင်သာထင်သာရှိတဲ့ရလဒ်တွေ ရရှိစေဖို့

Community Building (လူမှုအသိုင်းဝိုင်းတစ်ခု တည်ဆောက်ခြင်း) Read More »

Social Cohesion

လူမှု ပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်ခြင်းဆိုတာ ဘာလဲ။ 📌စည်းလုံးညီညွတ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ လူမှု ပတ်ဝန်းကျင်ဆိုင်ရာသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်းကို သိရှိထားဖို့ မဖြစ်မနေ လိုပါတယ်​။ 📌Social ဆိုတာ လူမှုရေး၊ Cohesion ဆိုတာ သဟဇာတဖြစ်မှု၊ Social Cohesion ဆိုတာကတော့ လူမှုအစုအဖွဲ့၊ လူမှုအသိုင်းအဝိုင်းက လူတွေအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိအောင် သွေးစည်းအောင် ပြုလုပ်တာလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။ 📌လူမှုသဟဇာတ ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ်နေထိုင်ရာ အသိုက်အဝန်းမှာလည်း အရေးပါပါတယ်​။ မတူကွဲပြားမှုကို လေးစားလက်ခံပြီး Synergy လို့ ခေါ်တဲ့ ညီညွတ်ခြင်းရဲ့ ခွန်အားကို ရှာဖွေတတ်ဖို့၊

Social Cohesion Read More »

Introduction to Project Management

Project (စီမံကိန်း) ဆိုတာက တိကျသေချာတဲ့ ရည်မှန်းချက်တစ်ခုကို ပြီးမြောက်အောင်မြင်ဖို့အတွက် လုပ်ဆောင်ရတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။ Management (စီမံခန့်ခွဲခြင်း)ဆိုတာက ပြဿနာနဲ့ လိုအပ်ချက်တွေကို နားလည်ပြီး လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ကုန်ကျစရိတ်၊ အချိန်၊ နယ်ပယ် စတာတွေကို ဆီလျော်ထိရောက်အောင် ထိန်းချုပ်နိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Project Management (ပရောဂျက် စီမံခန့်ခွဲမှု) ဆိုတာက ပရောဂျက်တစ်ခုရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ပြည့်မီစေဖို့အတွက် အသိပညာ၊ ကျွမ်းကျင်မှု၊ toolsတွေနဲ့ နည်းစနစ်တွေကို အဲဒီပရောဂျက်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အသုံးချခြင်း ဖြစ်ပါတယ်။ ပရောဂျက် စီမံခန့်ခွဲမှုက ဘာကြောင့်အရေးကြီးတာလဲ။ Project Management Plan တစ်ခု ဆိုတာဘာလဲ။ ပရောဂျက်အစီအစဥ် (project Plan) တစ်ခုဟာ လုပ်ငန်းတစ်ခု ဘယ်လို ပြီးမြောက်မယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

Introduction to Project Management Read More »

Public Speaking Skills

💠လူအများရှေ့ စကားပြောဆိုခြင်း(Public Speaking)ဆိုတာ ဘာလဲ။ လူအများရှေ့ စကားပြောဆိုခြင်း(Public Speaking)ဆိုတာက လူအများကြီးရှေ့ကို ထွက်ပြီး ဘာသာရပ်တစ်ခုအကြောင်း ဆွေးနွေးခြင်း သို့မဟုတ် မိန့်ခွန်းပြောဆိုရတဲ့ အပြုအမူ လုပ်ရပ်တစ်ခုဖြစ်ပါတယ်၊ အချက်အလက်တွေကို နည်းလမ်းမှန်မှန်နဲ့ ချက်ကျလက်ကျ ဆက်သွယ်ပြောဆိုမှုလို့လဲ ပြောလို့ရပါတယ်။ 💠ပရိသတ်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ပို့ချဟောပြောတဲ့သူတစ်ယောက်ဟာ ကြာ(ဂျား)နေပရိတ်သတ်၊ အတိုက်အခံလုပ်တဲ့ပရိတ်သတ်၊ ဘာမှမသိသေးတဲ့ပရိတ်သတ်၊ မိမိပြောဆိုသောအကြောင်းအရာအပေါ် ကျွမ်းကျင်ပြီးပရိတ်သတ်နဲ့ စီးပွားရေး လုပ်ငန်း လုပ်တဲ့ပရိသတ်၊ အချိန်အပေးးနိုင်တဲ့ ပရိတ်သတ် ဆိုပြီး မတူညီတဲ့ ပရိသတ် (၅) မျိုးကို ကြုံတွေ့ရလေ့ရှိပါတယ်။ မတူညီတဲ့ ပရိသတ်တွေအတွက် ရည်မှန်းချက်နဲ့ ထိတွေ့ဆက်ဆံမှုပုံစံတွေကို ချိန်ညှိဖို့ အရေးကြီးပါတယ်။ 🧑‍💼ကြားနေပရိသတ် (Neutral Audience) ဒီလူတွေက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ စိတ်ဝင်စားကြပြီး သူတို့ကို မစော်ကားမိစေဖို့အတွက် အင်မတန်

Public Speaking Skills Read More »

Google Slides

Google Slides အသုံးပြုနည်းကို အောက်က ဗီဒီယိုမှာလေ့လာလိုက်ပါနော် Google Slides ကို ဖုန်းမှာအသုံးပြုနည်းကို အောက်မှာ ကြည့်လိုက်ပါနော်

Google Slides Read More »

Google Forms

Google Forms အသုံးပြုနည်းကို အောက်က ဗီဒီယိုလေးမှာလေ့လာလိုက်ပါနော် Google Formsကို ဖုန်းမှာ အသုံးပြုနည်းကို ကြည့်လိုက်ရအောင်

Google Forms Read More »