Nyunt Hmuu Zaw

Gamma AI

Gamma AI ဖြင့် Presentation များကို လွယ်ကူလျင်မြန်စွာ ဖန်တီးနည်း PowerPoint (သို့) Google Slides တွင် အချိန်များစွာ ကုန်နေပါသလား? ⌛ ဒီဗီဒီယိုမှာ သင်ဟာ Gamma AI ကို အသုံးပြုပြီး ပရော်ဖက်ရှင်နယ်ကျပြီး ဆွဲဆောင်မှုရှိတဲ့ Presentation တွေ၊ Document တွေနဲ့ Webpage တွေကို မိနစ်ပိုင်းအတွင်း ဘယ်လိုဖန်တီးမလဲဆိုတာကို အစအဆုံး လေ့လာရမှာ ဖြစ်ပါတယ်။ Gamma AI ဟာ သင့်ရဲ့ လုပ်ငန်းတွေကို အကောင်းဆုံး ပံ့ပိုးပေးမယ့် လျှို့ဝှက်လက်နက်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ ဒီသင်ခန်းစာမှာ ဘာတွေ လေ့လာရမလဲ? Gamma AI အသုံးပြုနည်း Video ကိုအောက်မှာလေ့လာကြည့်ရအောင်။

Gamma AI Read More »

ဒီဇိုင်းတွေးခေါ်မှု အခြေခံများ (Basics of Design Thinking)

ယနေ့ခေတ်တွင် ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းရန်နှင့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရန်အတွက် ဒီဇိုင်းတွေးခေါ်မှု (Design Thinking) က မရှိမဖြစ်လိုအပ်တဲ့ ချဉ်းကပ်ပုံတစ်ခု ဖြစ်လာပါတယ်။ ဒီဇိုင်းတွေးခေါ်မှုဆိုတာကတော့ လူသားကို ဗဟိုပြုတဲ့၊ ပြဿနာဖြေရှင်းနည်းလမ်းတစ်ခုဖြစ်ပြီး  ဖန်တီးမှု နဲ့ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ဖို့အတွက် နည်းဗျူဟာတွေနဲ့ လုပ်ငန်းစဉ်တွေကို ပေါင်းစပ်ပေးထားပါ တယ်။ ၎င်းက လူတွေရဲ့လိုအပ်ချက်ကို နားလည်ခြင်း၊ စိန်ခေါ်မှုများကိုသတ်မှတ်ခြင်းနဲ့ သုံးစွဲသူတွေအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ဖန်တီးပေးပါတယ်။ Stanford d.school (Hasso Plattner Institute of Design at Stanford University) ကဲ့သို့သော အဖွဲ့အစည်းများမှ ဒီဇိုင်းတွေးခေါ်မှုကို ပုံဖော်ပေးခဲ့ပြီး၊ ယခုအခါ လုပ်ငန်းနယ်ပယ်များ၊ ပညာရေးနှင့် လူမှုရေးပြဿနာများကို ဖြေရှင်းရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာတွေ့ရပါတယ်။  ဒီဇိုင်းတွေးခေါ်မှုအတွက်

ဒီဇိုင်းတွေးခေါ်မှု အခြေခံများ (Basics of Design Thinking) Read More »

Decision Making Skills ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်

ဆုံးဖြတ်ချခြင်း ဆိုတာ ဘာလဲ။  ဆုံးဖြတ်ချက်တွေသည် ဖွဲ့စည်းခြင်း၊ ဦးဆောင်ခြင်းနှင့် ထိန်းချုပ်ခြင်း နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက် အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဆုံးဖြတ်ချက် ချက်ရတဲ့ အခါတွင် များသောအားဖြင့် အစီအစဉ်ဆွဲခြင်း ဆိုင်ရာ လုပ်ဆောင်ချက်များနှင် ဆက်စပ်နေသောကြောင့်  ၎င်းသည် အစီအစဉ်ဆွဲခြင်းဆိုင်ရာ လုပ်ငန်းများအတွက်  အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပဲဖြစ်ပါတယ်။  ဆုံးဖြတ်ချက်ချခြင်းကို တိကျခိုင်မာမှုရှိတဲ့ အရာများစွာမှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုကို ရွေးချယ်သည့် လုပ်ဆောင်ချက် တစ်ခုလို့ ခေါ်ဆိုပါသည်။ ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည်ဆိုတာ ဘာလဲ။  ဆုံးဖြတ်ချက် ချနိုင်ခြင်းစွမ်းရည်သည် အခြေခံကျတဲ့  လိုအပ်ချက်များကို နားလည်နိုင်ပြီး နှိုင်းယှဉ်နိုင်သော ရွေးချယ်မှုများကို အကဲဖြတ်ရန်နှင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုသို့ ကျဉ်းမြောင်းသည့်စွမ်းရည်ဖြစ်သည်။  ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်သည် သုတေသနပြုခြင်း၊

Decision Making Skills ဆုံးဖြတ်ချက် ချနိုင်ခြင်း စွမ်းရည် Read More »

ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှု (Self-discipline and Accountability)

ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှုက ဘဝအောင်မြင်မှုနဲ့လုပ်ငန်းခွင်အောင်မြင်မှုတွေရဖို့အ တွက်လိုအပ်တဲ့အခြေခံအချက်တွေပဲဖြစ်ပါတယ်။ လူအများကထင်သလို စည်းကမ်းဆိုတာ ကိုယ့်ကိုယ် ကိုတင်းကျပ်စွာထိန်းချုပ်ခြင်းမဟုတ်ပါဘူး။ တကယ်တော့စည်းကမ်းရှိတတ်မှုက ကိုယ့်ရဲ့အတွင်းစွမ်း အားကိုနားလည်ပြီး၊ စလုပ်ချင်စိတ်မရှိတဲ့အချိန်မှာတောင်မနားဘဲ အလေ့အထဖြစ်လာအောင်ဆောင် ရွက်တတ်မှုပါ။  တာဝန်ယူတတ်မှုကတော့ ကိုယ်လုပ်တဲ့အရာတွေကို ကိုယ့်ဘာသာတာဝန်ယူတတ်ပြီး အစဉ်မပြတ် ဆက်လက်လုပ်ဆောင်တတ်ဖို့ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်ရင် ကိုယ်တိုင်ရဲ့ရည်မှန်း ချက်ကိုဖြစ်စေ၊ အဖွဲ့ရဲ့ရည်ရွယ်ချက်ကိုဖြစ်စေ အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အင်အားကြီးစနစ် တစ်ခုဖြစ်လာပါလိမ့်မယ်။ 🟠 ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းရဲ့အဓိပ္ပါယ် ကိုယ်ပိုင်စည်းကမ်းနဲ့နေထိုင်ခြင်းဆိုတာက ကိုယ့်ကိုယ်ကို ရှေ့ဆက်ဖို့တွန်းအားပေးနိုင်တဲ့အပြင် တက် ကြွမှုရှိပြီး ကိုယ်ခံစားနေရတဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းအခြေအနေကိုထည့်မတွက်ဘဲ ကိုယ့်လုပ်ငန်းကို တာ ဝန်ယူလုပ်ဆောင်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ဒါက အရေးမကြီးတဲ့အရာတွေကိုလုပ်ဆောင်နေမိခြင်း မှကင်းဝေးစေပြီး အရေးကြီးတဲ့အရာတွေကို ဦးစားပေးအာရုံစိုက်နိုင်အောင် ကူညီပေးတတ်ပါတယ်။ တစ်ကမ္ဘာလုံးက ကိုယ်နဲ့ဆန့်ကျင်ဖက်ဖြစ်နေရင်တောင်မှပဲ ကိုယ်ပိုင်စည်းကမ်းနဲ့အညီ အမြင်ရှင်းရှင်းနဲ့ ရှေ့ဆက်ဖို့ ခွန်အားရှိနေနိုင်ပါတယ်။ မနက်စောစော ၅ နာရီမှာ အိပ်ရာထပြီး လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊

ကိုယ်တိုင်စည်းကမ်းရှိမှုနဲ့တာဝန်ယူတတ်မှု (Self-discipline and Accountability) Read More »